Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ဆန်က ဖြတ် (၄) ဖြတ်မှာပါတဲ့ပုံစံဖြစ်တဲ့အခါမှာ ရောင်းလို့မရဘူး၊ မြို့မိ/မြို့ဖတွေက Volunteer သဘောနဲ့ အကျိုးဆောင်ပြီးလုပ်ပေးနေရတယ်”

“ဆန်က ဖြတ် (၄) ဖြတ်မှာပါတဲ့ပုံစံဖြစ်တဲ့အခါမှာ ရောင်းလို့မရဘူး၊ မြို့မိ/မြို့ဖတွေက Volunteer သဘောနဲ့ အကျိုးဆောင်ပြီးလုပ်ပေးနေရတယ်”

0
By Editor on September 20, 2022 Featured

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ နယ်မြေခံတပ်ရင်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်း ကနေ ဆန်တွေကို ထိန်းချုပ်ကန့်သတ်ထားပြီး မြို့ပေါ်မှာလွတ်လပ်စွာဆန်သယ်ယူရောင်းချခွင့်မပြုတာ ခုဆိုရင် တစ်နှစ် ကျော်ရှိလာပြီဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မင်းတပ်မြို့ပေါ်က ဘာသာရေးအသင်းအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေက ဒေသခံပြည်သူတွေ စားသုံးဖို့အတွက် စစ်နယ်မြေမှူးရဲ့ ခွင့်ပြုချက်နဲ့ မကွေးတိုင်းဘက်ကို ဆန်တွေ သွားရောက်ဝယ်ယူကြပြီး စစ်နယ်မြေမှူးရဲ့ သတ်မှတ်ချက်အတိုင်းပြန်လည်ရောင်းချပေးနေရတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတပ်မြို့က မြို့မိမြို့ဖ အဖွဲ့ဝင်တစ်ဦးကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- အခု မင်းတပ်မြို့ပေါ်မှာ ဆန်တွေရောင်းဝယ်ခွင့်မရှိဘူး၊ စစ်နယ်မြေမှူးရဲ့ခွင့်ပြုချက်နဲ့သာ မြို့မိမြို့ဖတွေက ရောင်းချပေးနေရတယ်လို့သိရပါတယ်။ အဲဒီအခြေအနေလေးရှင်းပြလို့ရမလား။

ဖြေ – ဆန်ကိစ္စကတော့ မြို့မိမြို့ဖတွေအနေနဲ့ စစ်နယ်မြေမှူးဆီမှာစာတင်ထားတော့ စစ်နယ်မြေမှူးရဲ့ခွင့်ပြုချက်နဲ့ ကူညီမှုအားဖြင့် ပခုက္ကူ ဆန်ပွဲရုံမှာ ဆန်မှာပြီးမှ မြို့ပေါ်မှာ တစ်မိသားစုကို ၅ ပြည်နှုန်းနဲ့ရောင်းချပေးနေပါတယ်။

မေး- ဆန်တပြည်ကို ဘယ်လောက်နဲ့ရောင်းချပေးနေတာလဲ။ ပြည်သူအားလုံးက ဝယ်လို့ရပြီလား။

ဖြေ- အခုက ဆန်တပြည် (၂၂၀၀ ကျပ်) နဲ့ ရောင်းချပေးနေပါတယ်။ ဝယ်လို့ရတယ် ဒါပေမယ့် (၅) ပြည်ပဲ များများတော့ မဝယ်ခိုင်ဘူး။ ၅ ပြည်ဝယ်မယ် ကုန်သွားရင်နောက်ထပ်ပြန်ဝယ် အဲ့တော့ အိမ်မှာ ဆန်အများကြီးစုထားတာတွေက အခက်အခဲတွေရှိဆိုပြီးမှ သူတို့က ဟိုဖက်အဖွဲ့၊ ဒီဖက်အဖွဲ့ရဲ့အမြင်ပေါ့။ အဲဒါကြောင့် စားလို့ရလောက်တဲ့ တပတ်စာ၊ အဲ့လိုပြည်လိုက်ပြည်လိုက် ဝယ်ဖို့ဆိုပြီးမှ ဆောင်ရွက်ထားပါတယ်။

မေး-ဘာကြောင့် ဆန်က တစ်အိမ်ထောင်စုကို ၅ ပြည်နှုန်းနဲ့ပဲရောင်းရတာလဲ။ စစ်နယ်မြေမှူးကခွင့်မပြုလို့လား။ ဘာကြောင့်ခွင့်မပြုတာလဲ။

ဖြေ- ဆန်က တစ်မိသားစုကို ၅ ပြည်နှုန်းနဲ့ရောင်းပေးတာ ကုန်လို့ရှိရင် နောက်ထပ်ပြန်ဝယ်၊ စစ်နယ်မြေမှုးရဲ့ အဓိက ခွင့်ပြုချက်နဲ့ သူတို့လမ်းညွန်ချက်ဖြစ်တယ်။ သူတို့က အိတ်လိုက်ခွင့်မပြုတာက ကျွန်တော်ထင်တာက သူတို့အမြင်ပေါ့ သူတို့က အိတ်ကများများဆံ့ပြီး များတဲ့အခါမှာ ဟိုဖက် တောထဲရောက်မှာကို စိုးရိမ်လို့ ဖြစ်ကောင်းဖြစ်မယ်လို့ယူဆတယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ် ဘာတွေနဲ့ ကန့်သတ်ထားသလဲဆိုတာတော့ မသိဘူး။

မေး- တစ်အိမ်ထောင်စုကို ၅ ပြည်နှုန်းနဲ့ဝယ်ခိုင်းတော့ စားဖို့သောက်ဖို့မှာ လုံလောက်ကြရဲ့လား။

ဖြေ – လုံလောက်ဖို့ကတော့ နည်းနည်းတော့ခက်ခဲ၊ တချို့ကတော့ အိတ်လိုက်ဝယ်မှ မိသားစုက များတော့၊ တချို့ဆို ရင်တော့ လူဦးရေများရင်တော့ တနပ်နဲ့ သုံးလေးပြည်ချက်တဲ့ဟာတွေရှိတော့ နေ့တိုင်းဝယ်ရတာတွေကြောင့် ခက်ခဲတော့ အိတ်လိုက်ဝယ်ချင်တယ်ဆိုပြီးတင်ပြတာတွေရှိတယ်။ အဲ့တာတွေကိုတော့ မြို့မိမြို့ဖများအနေနဲ့ ဘယ်လို ဆက်လုပ်ရ မလဲဆိုတာ တင်ပြဖို့အစီအစဉ်ရှိတယ်။

မေး – မင်းတပ်မြို့ပေါ်မှာ ဆန်က တခြားနေရာမှာ ဝယ်လို့ကိုမရတာလား။ စစ်နယ်မြေမှုးရဲ့ ခွင့်ပြုချက်နဲ့ မြို့မိမြို့ဖတွေက ရောင်းချပေးတဲ့ဟာပဲဝယ်ယူနေရတဲ့သဘောလား။

ဖြေ – ဟုတ်ပါတယ် ဆန်က ဖြတ်(၄) ဖြတ်မှာပါတဲ့ပုံစံဖြစ်တဲ့အခါမှာ ဆန်ကရောင်းလို့မရဘူးပေါ့။ မြို့မိမြို့ဖတွေက Volunteer သဘောနဲ့ အကျိုးဆောင်ပြီးမှ အဲ့လိုပဲ ကြားခံပြီးမှ လုပ်ပေးရတဲ့သဘောဖြစ်တယ်။

မေး-ခုလို အခြေခံစားသောက်ကုန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဆန်တွေကို ကန့်သတ်ထိန်းချုပ်ခံရတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ- တချို့ မိသားစုများတဲ့သူတွေအတွက်ကတော့ လုံလောက်မှုကတော့ နည်းပါးတယ်။ အဲ့အတွက်ကြောင့် ခါတိုင်း၊ နေ့တိုင်းနေ့တိုင်း ဝယ်ရမယ့်သဘောဖြစ်နေတယ်။ ဖြစ်နိုင်လို့ရှိရင် မိသားစု နည်းရင်းနည်းသလို၊ များရင်များသလို အဲ့လို လမ်းညွန်ချက်ရရင်တော့ ကောင်းမယ်လို့ယူဆတယ်။ အဲ့တာလည်းရနိုင်ဖို့နဲ့ ညှိနှိုင်းဖို့လည်းကျွန်တော်တု့ိ ကြိုးစားနေတယ်။

မေး- ယခုလက်ရှိမှာ ဆန်တွေကလည်း ကန့်သတ်ထားတော့ မင်းတပ်မြို့ကဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး အခြေအနေကကော် ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ- လောလောဆယ်တော့ ပိုပိုလျှံလျှံတော့ မဖြစ်ပေမယ့် ဒီအခြေအနေကတော့ ဒီနေ့အထိတော့ခက်ခဲမှုတွေကတော့ အားလုံးကိုယ်စီကိုယ်စီရုန်းကန်ကြတယ်။ ချွေတာပြီးမှ ခြိုးခြံပြီးမှ အတတ်နိုင်ဆုံးလုပ်ကြပေမယ့် အခက်အခဲကတော့ အများကြီးကြုံတွေ့ရတယ်။ ရှေ့ခရီးဆက်ဖို့ကတော့ ပိုပြီးမှ ခက်ခဲလာမယ်လို့တော့ မြင်မိတယ်၊ တွေးမိတယ်။

မေး – တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။

ဖြေ – ကျွန်တော်တို့ ဘာသာရေးရှုထောင့်ကတော့ ဒီနှစ်ဖက်လက်နက်ကိုင်တင်းမာနေတဲ့ အချိန်ကာလကို လျော့နည်း လာပြီးမှ ဖြေလျော့ပြီးမှ နိုင်ငံတော်ကိုအမြန်ဆုံးတည်ငြိမ်အေးချမ်းမှ ဒီခက်ခဲမှုတွေကို ကျော်ဖြတ်နိုင်မယ်ဆိုတာတော့ ကျွန်တော်တို့ ဆုတောင်းခြင်းပေါ့နော်။ အဲ့တာတော့ ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းပါ။

Zawgyi

“ဆန္က ျဖတ္(၄) ျဖတ္မွာပါတဲ့ပုံစံျဖစ္တဲ့အခါမွာ ဆန္ကေရာင္းလုိ႔မရဘူး၊ ျမိဳ႕မိျမိဳ႕ဖေတြက Volunteer သေဘာနဲ႔ အက်ဳိးေဆာင္ျပီးလုပ္ေပးေနရတယ္”

စစ္အုပ္ခ်ဳပ္ေရးေၾကညာခံထားရတဲ့ ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ၿမိဳ႕မွာ နယ္ေျမခံတပ္ရင္းျဖစ္တဲ့ ခလရ ၂၇၄ တပ္ရင္း ကေန ဆန္ေတြကို ထိန္းခ်ဳပ္ကန႔္သတ္ထားၿပီး ၿမိဳ႕ေပၚမွာလြတ္လပ္စြာဆန္သယ္ယူေရာင္းခ်ခြင့္မျပဳတာ ခုဆိုရင္ တစ္ႏွစ္ ေက်ာ္ရွိလာၿပီျဖစ္ပါတယ္။

ဒီလိုအေျခအေနမ်ဳိးမွာ မင္းတပ္ၿမိဳ႕ေပၚက ဘာသာေရးအသင္းအဖြဲ႔ေတြ၊ ရပ္မိရပ္ဖေတြက ေဒသခံျပည္သူေတြ စားသုံးဖို႔ အတြက္ စစ္နယ္ေျမမႉးရဲ႕ ခြင့္ျပဳခ်က္နဲ႔ မေကြးတိုင္းဘက္ကို ဆန္ေတြ သြားေရာက္ဝယ္ယူၾကၿပီး စစ္နယ္ေျမမွဴးရဲ႕ သတ္မွတ္ခ်က္အတိုင္းျပန္လည္ေရာင္းခ်ေပးေနရတယ္လို႔သိရပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး မင္းတပ္ၿမိဳ႕က ၿမိဳ႕မိၿမိဳ႕ဖ အဖြဲ႔၀င္တစ္ဦးကို ခိုႏူမ္းသုန္သတင္းဌာနက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး- အခု မင္းတပ္ၿမိဳ႕ေပၚမွာ ဆန္ေတြေရာင္း၀ယ္ခြင့္မရွိဘူး၊ စစ္နယ္ေျမမွဴးရဲ႕ခြင့္ျပဳခ်က္နဲ႔သာ ၿမိဳ႕မိၿမိဳ႕ဖေတြက ေရာင္းခ်ေပးေနရတယ္လို႔သိရပါတယ္။ အဲဒီအေျခအေနေလးရွင္းျပလို႔ရမလား။

ေျဖ – ဆန္ကိစၥကေတာ့ ၿမိဳ႕မိၿမိဳ႕ဖေတြအေနနဲ႔ စစ္နယ္ေျမမွဴးဆီမွာစာတင္ထားေတာ့ စစ္နယ္ေျမမွဴးရဲ႕ခြင့္ျပဳခ်က္နဲ႔ ကူညီမႈအားျဖင့္ ပခုကၠဴ ဆန္ပြဲရံုမွာ ဆန္မွာၿပီးမွ ၿမိဳ႕ေပၚမွာ တစ္မိသားစုကို ၅ ျပည္ႏႈန္းနဲ႔ေရာင္းခ်ေပးေနပါတယ္။

ေမး- ဆန္တျပည္ကုိ ဘယ္ေလာက္နဲ႔ေရာင္းခ်ေပးေနတာလဲ။ ျပည္သူအားလုံးက ဝယ္လုိ႔ရျပီလား။

ေျဖ- အခုက ဆန္တျပည္ (၂၂၀၀ က်ပ္) န႔ဲ ေရာင္းခ်ေပးေနပါတယ္။ ဝယ္လုိ႔ရတယ္ ဒါေပမယ့္ (၅) ျပည္ပဲ မ်ားမ်ားေတာ့ မဝယ္ခုိင္ဘူး။ ၅ ျပည္ဝယ္မယ္ ကုန္သြားရင္ေနာက္ထပ္ျပန္ဝယ္ အဲ့ေတာ့ အိမ္မွာ ဆန္အမ်ားၾကီးစုထားတာေတြက အခက္အခဲေတြရွိဆိုျပီးမွ သူတုိ႔က ဟုိဖက္အဖြဲ႔၊ ဒီဖက္အဖြဲ႔ရဲ႕အျမင္ေပါ့။ အဲဒါေၾကာင့္ စားလုိ႔ရေလာက္တဲ့ တပတ္စာ၊ အဲ့လုိျပည္လုိက္ျပည္လုိက္ ဝယ္ဖုိ႔ဆုိျပီးမွ ေဆာင္ရြက္ထားပါတယ္။

ေမး-ဘာေၾကာင့္ ဆန္က တစ္အိမ္ေထာင္စုကို ၅ ျပည္ႏႈန္းနဲ႔ပဲေရာင္းရတာလဲ။ စစ္နယ္ေျမမႉးကခြင့္မျပဳလို႔လား။ ဘာေၾကာင့္ခြင့္မျပဳတာလဲ။

ေျဖ- ဆန္က တစ္မိသားစုကို ၅ ျပည္ႏွဳန္းနဲ႔ေရာင္းေပးတာ ကုန္လုိ႔ရွိရင္ ေနာက္ထပ္ျပန္ဝယ္၊ စစ္နယ္ေျမမႈးရဲ႕ အဓိက ခြင့္ျပဳခ်က္နဲ႔ သူတုိ႔လမ္းညြန္ခ်က္ျဖစ္တယ္။ သူတုိ႔က အိတ္လုိက္ခြင့္မျပဳတာက ကြ်န္ေတာ္ထင္တာက သူတုိ႔အျမင္ေပါ့ သူတုိ႔က အိတ္ကမ်ားမ်ားဆံ့ၿပီး မ်ားတဲ့အခါမွာ ဟုိဖက္ ေတာထဲေရာက္မွာကုိ စုိးရိမ္လုိ႔ ျဖစ္ေကာင္းျဖစ္မယ္လုိ႔ယူဆတယ္။ ဟုတ္ခ်င္မွလည္း ဟုတ္မယ္ ဘာေတြနဲ႔ ကန္႔သတ္ထားသလဲဆုိတာေတာ့ မသိဘူး။

ေမး- တစ္အိမ္ေထာင္စုကို ၅ ျပည္ႏႈန္းနဲ႔၀ယ္ခိုင္းေတာ့ စားဖို႔ေသာက္ဖို႔မွာ လံုေလာက္ၾကရဲ႕လား။

ေျဖ – လုံေလာက္ဖုိ႔ကေတာ့ နည္းနည္းေတာ့ခက္ခဲ၊ တခ်ဳိ႕ကေတာ့ အိတ္လုိက္ဝယ္မွ မိသားစုက မ်ားေတာ့၊ တခ်ဳိ႕ဆို ရင္ေတာ့ လူဦးေရမ်ားရင္ေတာ့ တနပ္နဲ႔ သုံးေလးျပည္ခ်က္တဲ့ဟာေတြရွိေတာ့ ေန႔တုိင္းဝယ္ရတာေတြေၾကာင့္ ခက္ခဲေတာ့ အိ္ိတ္လုိက္ဝယ္ခ်င္တယ္ဆိုၿပီးတင္ျပတာေတြရွိတယ္။ အဲ့တာေတြကိုေတာ့ ျမိဳ႕မိျမိဳ႕ဖမ်ားအေနနဲ႔ ဘယ္လုိ ဆက္လုပ္ရ မလဲဆုိတာ တင္ျပဖုိ႔အစီအစဥ္ရွိတယ္။
ေမး – မင္းတပ္ၿမိဳ႕ေပၚမွာ ဆန္က တျခားေနရာမွာ ၀ယ္လို႔ကိုမရတာလား။ စစ္နယ္ေျမမႈးရဲ႕ ခြင့္ျပဳခ်က္နဲ႔ ၿမိဳ႕မိၿမိဳ႕ဖေတြက ေရာင္းခ်ေပးတဲ့ဟာပဲ၀ယ္ယူေနရတဲ့သေဘာလား။

ေျဖ – ဟုတ္ပါတယ္ ဆန္က ျဖတ္(၄) ျဖတ္မွာပါတဲ့ပုံစံျဖစ္တဲ့အခါမွာ ဆန္ကေရာင္းလုိ႔မရဘူးေပါ့။ ျမိဳ႕မိျမိဳ႕ဖေတြက Volunteer သေဘာနဲ႔ အက်ဳိးေဆာင္ျပီးမွ အဲ့လုိပဲ ၾကားခံျပီးမွ လုပ္ေပးရတဲ့သေဘာျဖစ္တယ္။

ေမး-ခုလို အေျခခံစားေသာက္ကုန္အတြက္ မရွိမျဖစ္လိုအပ္တဲ့ ဆန္ေတြကို ကန္႔သတ္ထိန္းခ်ဳပ္ခံရတဲ့အေပၚမွာ ဘယ္လိုျမင္ပါသလဲ။

ေျဖ- တခ်ိဳ႕ မိသားစုမ်ားတဲ့သူေတြအတြက္ကေတာ့ လုံေလာက္မႈကေတာ့ နည္းပါးတယ္။ အဲ့အတြက္ေၾကာင့္ ခါတုိင္း၊ ေန႔တုိုင္းေန႔တုိင္း ဝယ္ရမယ့္သေဘာျဖစ္ေနတယ္။ ျဖစ္ႏုိင္လုိ႔ရွိရင္ မိသားစု နည္းရင္းနည္းသလုိ၊ မ်ားရင္မ်ားသလုိ အဲ့လုိ လမ္းညြန္ခ်က္ရရင္ေတာ့ ေကာင္းမယ္လုိ႔ယူဆတယ္။ အဲ့တာလည္းရႏုိင္ဖို႔နဲ႔ ညွိႏွဳိင္းဖုိ႔လည္းကြ်န္ေတာ္တု႔ိ ၾကိဳးစားေနတယ္။
ေမး- ယခုလက္ရွိမွာ ဆန္ေတြကလည္း ကန္႔သတ္ထားေတာ့ မင္းတပ္ၿမိဳ႕ကေဒသခံျပည္သူေတြရဲ႕ စား၀တ္ေနေရး အေျခအေနကေကာ္ ဘယ္လိုအေျခအေနရွိပါလဲ။

ေျဖ- ေလာေလာဆယ္ေတာ့ ပုိပုိလ်ွံလ်ွံေတာ့ မျဖစ္ေပမယ့္ ဒီအေျခအေနကေတာ့ ဒီေန႔အထိေတာ့ခက္ခဲမႈေတြကေတာ့ အားလုံးကုိယ္စီကုိယ္စီရုန္းကန္ၾကတယ္။ ေခၽြတာျပီးမွ ၿခိဳးျခံၿပီးမွ အတတ္ႏုိင္ဆုံးလုပ္ၾကေပမယ့္ အခက္အခဲကေတာ့ အမ်ားၾကီးၾကဳံေတြ႔ရတယ္။ ေရွ႕ခရီးဆက္ဖုိ႔ကေတာ့ ပိုျပီးမွ ခက္ခဲလာမယ္လုိ႔ေတာ့ ျမင္မိတယ္၊ ေတြးမိတယ္။

ေမး – တျခားဘာမ်ားျဖည့္စြပ္ေျပာခ်င္တာရွိပါလဲ။

ေျဖ – ကြ်န္ေတာ္တုိ႔ ဘာသာေရးရႈေထာင့္ကေတာ့ ဒီႏွစ္ဖက္လက္နက္ကုိင္တင္းမာေနတဲ့ အခ်ိန္ကာလကုိ ေလ်ာ့နည္း လာျပီးမွ ေျဖေလ်ာ့ျပီးမွ ႏုိင္ငံေတာ္ကုိအျမန္ဆုံးတည္ျငိမ္ေအးခ်မ္းမွ ဒီခက္ခဲမႈေတြကုိ ေက်ာ္ျဖတ္ႏုိင္မယ္ဆုိတာေတာ့ ကြ်န္ေတာ္တုိ႔ ဆုေတာင္းျခင္းေပါ့ေနာ္။ အဲ့တာေတာ့ ကြ်န္ေတာ္တုိ႔ရဲ႕ ဆုေတာင္းျခင္းပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.