Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဆမီးမြို့ပေါ်က ပြည်သူများ ဆေးကုသမှုပိုင်းတွင် အခက်အခဲကြုံတွေ့နေကြရ

ဆမီးမြို့ပေါ်က ပြည်သူများ ဆေးကုသမှုပိုင်းတွင် အခက်အခဲကြုံတွေ့နေကြရ

0
By Editor on January 20, 2025 Khonumthung

(002MG)

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် နေထိုင်ကြသည့် ပြည်သူများသည် ဆရာဝန်နှင့် ဆေးဝါးမလုံလောက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် အခက်အခဲ ကြုံတွေ့နေကြရသည်ဟု ဆမီးမြို့ခံများထံမှ သိရသည်။

ဆမီးမြို့ဒေသခံတဦးက “မြို့ပေါ်မှာက အေအေ ရခိုင်ဖက်က ဆရာဝန်တော့ရှိတယ်။ ဆေးခန်းမှာတော့ ရောဂါနဲ့ တိုက်ဆိုင်တဲ့ဟာရှိရင် ကုပေးတာပေါ့။ ဒါပေမယ့် ခွဲစိတ်မှုလုပ်ဖို့ကလည်း ဓာတ်မှန်လည်းမရှိ၊ Ultrasound လည်းမရှိဆိုတော့ ခက်ခဲတာပေါ့။ ရမ်းကုလိုကုနေတာပေါ့ ပြောရမယ်ဆိုရင်။ မီးကလည်းမရ၊ ဘာမှမရှိတော့ သူ့ရဲ့ နားကြပ်တခုနဲ့ ပဲကုနေရတယ်၊ ဆေးကလည်း အဆင်မပြေ အဲ့လိုမျိုးဖြစ်နေတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် (AA) သည် ပလက်ဝမြို့နယ်တခုလုံးကို ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ပလက်ဝ နှင့် ဆမီးမြို့ပေါ်တွင် အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်လျှက်ရှိသည်။

ဆမီးမြို့ပေါ်တွင် တိုက်နယ်ဆေးရုံတစ်ခုသာ ကျန်းမာရေးအတွက် အဓိကထား အားကိုးနေရပြီး လက်ရှိတွင် အာရက္ခတပ်တော် (AA) ၏ ဆရာဝန် (၂) ဦးနှင့် ဆရာမ (၄) ဦးက ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါ ဆမီးမြို့ တိုက်နယ်ဆေးရုံတွင် ဆရာဝန်နှင့် ဆေးဝါးမလုံလောက်မှုကြောင့် အချိန်မှီ ဆေးကုသနိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ရသည့် လူနာများလည်း ရှိနေကြောင်း ဆမီးမြို့ခံက ဆက်ပြောသည်။

“ပုံမှန်ဆေးကုသလို့မရဘူး ရတဲ့အခါရတယ်။ မရတဲ့အခါမရဘူး၊ အရေးပေါ်ဖြစ်ပြီး သေတာက တနှစ်ပတ်လုံးမှာ (၈) ယောက်လောက်ရှိတယ်။ လူနာက အရမ်းဖြစ်တဲ့အချိန်ကျမှ ရောက်လာတော့ ကျောက်တော်ဖက်မှာလွတ်ပေမယ့် လမ်းတဝက်မှာ သေတာတို့ရှိတယ်။ ပြီးတော့ ငှက်ဖျားကအချိန်လွန်သွားတော့ သွေးကလည်း မရနိုင်တော့ အချိန်လွန်ပြီး ဆုံးသွားကြတယ်။ ဆမီးမှာက လူလည်းမရှိဘူး၊ ဆေးရုံ လည်ပတ်မှုကတော့ အဆောက်အအုံ၊ သန့်ရှင်းရေးတို့ကတော့ အဆင်ပြေတယ်” ဟု ပြောသည်။

ဆမီးမြို့ပေါ်က ပြည်သူများသည် ရခိုင်ပြည်နယ် ကျောက်တော်နှင့် အိန္ဒိယဖက်မှ ဝင်ရောက်လာသည့် ဆေးဝါးများကို ဝယ်ယူသုံးစွဲနေရသော်လည်း ဈေးနှုန်းမြင့်မားမှုကြောင့် လူတိုင်းဝယ်ယူနိုင်ရန် ခက်ခဲမှုများလည်း ကြုံတွေ့နေရသည်ဟု သိရသည်။

လက်ရှိ ဆမီးမြို့ပေါ်တွင် လူဦးရေ တစ်ထောင်နီးပါးသာ နေထိုင်ကြပြီး အများစုမှာ ရခိုင်လူများဖြစ်သည်ဟုသိရကာ မြို့ခံပြည်သူအများစုမှာ စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်သည်ဟု သိရသည်။

ဆမီးမြို့ကို ဇန်နဝါရီလ (၁၄) ရက်နေ့က စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမှတ် (၂) ရပ်ကွက်ရှိ ထွေအုပ်ရုံး မီးလောင်ပျက်စီးခဲ့သည့်အပြင် MPT ဆက်သွယ်ဖုန်းလိုင်းလည်း ပြတ်တောက်နေဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.