Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဆမီးမြို့ပေါ် စစ်ဆင်ရေးတိုက်ပွဲများကို CDF – ပလက်ဝ စတင်ဖော်ဆောင်

ဆမီးမြို့ပေါ် စစ်ဆင်ရေးတိုက်ပွဲများကို CDF – ပလက်ဝ စတင်ဖော်ဆောင်

0
By Editor on December 28, 2023 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် စစ်ဆင်ရေးတိုက်ပွဲများကို စတင်ဖော်ဆောင်ပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝမှ တာဝန်ရှိသူက ပြောသည်။

“ဒီလင်းယုန်တပ်ဖွဲ့နဲ့ပေါ့နော် စစ်ဆင်ရေးလုပ်တာဖြစ်တယ်၊၊ ပြည်သူတွေကို အသိပေးတာပေါ့နော်။ ဆမီးမြို့ တွင်းစစ်ဆင်ရေးကို ဘယ်လိုကြောင့် လုပ်လဲဆိုတာတော့ အဲဒါကြတော့ ကျနော်တို့က ကြိုတင် ပြောလို့မရဘူး။ လောလောဆယ်က အစပဲရှိသေးတော့လေနော်” ဟု CDF ပလက်၀မှ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာလ ၂၇ ရက် ဆမီးမြို့တွင်းက ဆေးရုံသစ်အနီးရှိ စစ်ကောင်စီစခန်းတစ်ခုကို CDF- ပလက်ဝ တပ်ရင်း ၁ နှင့် CDF- ပလက်ဝ၏ လက်အောက်ခံ လင်းယုန်တပ်ဖွဲ့တို့က စတင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဆေးရုံးသစ်အနီးက စစ်ကောင်စီတပ်သည် ဆမီးဗျူဟာကုန်းဘက်သို့ တပ်ဆုတ်ခွာသွားပြီး ၎င်းတို့ ထိခိုက်သေဆုံးမှုကို အတည် မပြုနိုင်သေးကြောင်း၊ CDF – ပလက်ဝဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်ထဲတွင် စခန်းသိမ်း စစ်ဆင်ရေးများ ဖော်ဆောင်နေသည့် ရက္ခိုင်တပ်တော် (AA) ကလည်း စစ်ကောင်စီ၏ အခိုင်အမာ စစ်စခန်းဖြစ်သည့် ဆမီးဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၄ ရက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ဒီဇင်ဘာလ ၁၆ ရက်က သတင်းထုတ်ပြန်ထားသည်။

ရက္ခိုင်တပ်တော် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ကူ အများအပြားဖြင့် အပြင်း အထန်ခုခံခဲ့ခြင်းကြောင့် ဆမီး ဒေသခံများအားလုံးနီးပါးသည် အိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ကြရဆဲဖြစ်သည်။

ဆမီးမြို့ စစ်ကောင်စီဗျူဟာကုန်းကို ရက္ခိုင်တပ်တော် AA က တိုက်ခိုက်ပြီး နှစ်ပတ်ခန့်အကြာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့က ဆမီးမြို့ပေါ်တိုက်ပွဲများကို စတင်ဖော်ဆောင်လာခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ် အခိုင်အမာစခန်းချထားသည့် “တရွန်အိုင်”၊ နှုံးဘူး” ဗျူဟာကုန်းကြီးများအပါအဝင် စခန်းပေါင်း ၁၇ ခုထက်မနည်းကို ၄၅ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ဒီဇင်ဘာလ ၁၄ ရက်က သတင်းထုတ်ပြန်ထားသည်။

ဆမီးဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၄ ရက်က စတင်တိုက်ခိုက်မှုကြောင့် ဆမီးမြို့ပေါ်တွင် စစ်ရှောင်နေသူများနှင့် မြို့ခံများ အားလုံးသည် လက်ရှိတွင် နီးစပ်ရာ ကျေးရွာများတွင် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

လက်ရှိ ဆမီးဒေသတွင် စစ်ဘေးရှောင်အသစ်နှင့် စစ်ဘေးရှောင်အဟောင်း စုစုပေါင်း စစ်ရှောင် တစ်သောင်းကျော်ရှိနေပြီး ၎င်းတို့မှာ မည်သည့်ပစ္စည်းမှ ယူချိန်မရဘဲ စစ်ဘေးရှောင်ပြေးရသောကြောင့် အခြေခံစားဝတ်နေရေးမှာ တစ်ရက်ထက်တစ်ရက် ပိုမိုခက်ခဲလာနေကြောင်း သိရသည်။

ဆမီးမြို့နှင့် နီးစပ်ရာကျေးရွာများက ပြည်သူများ သတိဝိရိယဖြင့် သွားလာကြရန်နှင့် တောတောင်ထဲ အမဲလိုက်ခြင်းများ မပြုလုပ်ကြရန် CDF – ပလက်ဝ၊ သတင်းနှင့်ပြန်ကြားရေးဌာန သတိပေးထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.