Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဆမီး စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် ယာယီီဝါးအိမ် ၁၆၀ ခန့် ပြိုကျပျက်စီးမှုကြောင့် နေထိုင်ရေးအခက်အခဲဖြစ်နေကြ

ဆမီး စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် ယာယီီဝါးအိမ် ၁၆၀ ခန့် ပြိုကျပျက်စီးမှုကြောင့် နေထိုင်ရေးအခက်အခဲဖြစ်နေကြ

0
By Editor on February 22, 2021 Headline

#Unicode

နှင်းနှင်း – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်ကြသည့် ယာယီဝါးအိမ် ၁၆၀ ခန့်သည် ပိုး ထိုးကာ ပြိုကျပျက်စီးမှုများရှိနေသည့်အတွက် နေထိုင်ရန်အခက်အခဲကြုံတွေ့နေရသည် ဟု ဆမီီးမြို့ စစ်ဘေးရှောင်အေ ရး ကူညီဆောင်ရွက််ပေးနေသူ ဦးပြည်ဆုကပြောသည်။
အခုလောလောဆယ်ကဘာမှ လုပ်လို့ရတဲ့အခြေအနေမရှိဘူး၊ ပြည်တွင်းပြည်ပ ကအလှူရှင်တွေနဲ့ လည်းအဆက်အသွ ယ္မရဘူး။ အရမ်းခက်ခဲနေပါတယ်၊ ရန်ပုံငွေလည်း ကုန်နေပါပြီ၊ အခုတန်းလျာ အရှည်ကြီး ဆောက်ထားတဲ့ဟာက အကုန်လုံးပျက်တော့ ကြမ်းပြင်နဲ့မြေက တညီတည်းဖြစ်သွားလို့ ပြုပြင်စရာတွေအများကြီးရှိတယ်၊ အိမ်ခြေ ၁၆၀ လောက်ရှိတယ်၊ သူတို့ကနေလု့ိကို အဆင်မပြေတော့တဲ့ အနေအခြေဆိုးနေတယ်၊ မိုးရာသီမဟုတ်လို့ တော်သေးတယ်၊ တကယ့်ကိုမှ ခက်ခက်ခဲခဲနေကြရတယ်၊ ဟု ဦးပြည်စုက ပြောသည်။
ဆမီးမြို့စစ်ဘေးရှောင်ပြည်သူများနေထိုင်သည့် ယာယီဝါးအိမ်များသည် ချင်းပြည်နယ်အစိုးရ နှင့် စေတနာရှင် ပြည်သူများ၏ လှူဒါန်းမှုဖြင့်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအချိန််တွင် အဆိုပါဝါးအိမ်းများသည် ပိုးထိုး၍ ပျက်စီးနေပြီး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန် အလှူရှင်များ မရှိသောကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်း ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူတစ်ဦးကလည်းပြောသည်။
”ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းမှာ အဆောင်အပျက်အစီးရှိတော့ ပြန်လည်ပြီးတော့ အသစ်ဆော က်ချင်တာတွေရှိ တယ်၊ ကျွန်တော်တို့က ကိုယ့်ရွာတွေကို ပြန်လို့ရ မရဆိုတာလည်းရှိတော့ ဒီမှာဆက် နေရမယ်ဆိုရင် အဆောင်၊ တနိးလျား တွေလည်း နေလို့မရဘူး။ အကုန်လုံး ကြမ်းတွေပြို၊ ခေါင်မိုးတွေ လည်းပြိုပြီးတော့ မိုးရွာမယ်ဆိုရင် နေစရာလည်း မရှိတော့ ဘူး။ အကုန်လုံး ဒုက္ခရောက်ကုန်တယ်။ အခုဒီတလောမှာကူညီထောက်ပံ့ဆိုတာလည်းမရှိဘူး၊ ဘာအဖွဲ့အစည်းမှမရှိဘူး၊ စစ်ဘေးရှောင်စခန်းမှာ ဆိုတော့ အလုပ်လက်မဲ့ဖြစ်တော့ ဝင်ငွေဆိုတာလည်းမရှိဘူး အခက်အခဲတွေ အများကြီးကြုံရ တယ်။”ဟု ဆမီးမြို့ရှိစစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။
ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီဝါးအိမ်များ ပြည်လည်တည်ဆောက်ရေးလုပ်ငန်းကို မိုးတွင်း ကာလမတိုင်ခင် အကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးရေးအသင်း (People Hope) မှလက်ရှိတာဝန်ခံ မကျင်ရှန်းဟွေ ကပြောသည်။
သူတို့မှာ တချို့တန်းလျားတွေဆိုရင် ဟောင်းနေတဲ့အခြေအနေရှိတယ်၊ တချို့ Camp တွေဆိုလို့ရင် ပိုဆိုးနေတယ်၊ လောလောဆယ်မှာတော့ ပြန်လည်လုပ်ဖို့ အစီအစဉ်တော့ရှိတယ်၊ မိုးတွင်းမရောက်ခင် ကောင်အထည်တော့ ဖော်ဖြစ်မယ်လို့တော့ထင်တယ်။ ဒါပေမယ့် ညီမတို့ အနေနဲ့တော့ လောလောဆယ်ဒီဟာကို မလုပ်နိုင်သေးဘူပေါ့၊ ဘာလို့လဲဆိုရင် ကျွန်မတို့က အစားအသောက်ပိုင်းပဲ ကိုင်နေေ တာ့လေ၊ လုပ်ငန်းလည်ပတ်ဖို့လည်း နည်းနည်းအခက်အ ခဲရှိနေတယ်။ အခုကြားတာတော့ တျခား အဖွဲ့အစည်းတခုက အိမ်လေးတွေပြန်ဆောက်ပေးမယ်လို့ကြားထားတယ်။ ဟု မကျင်ရှန်းဟွေ ကပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အရပ်သားအစိုးရထံ အာဏာသိမ်းယူလိုက်ပြီးနောက် ပလက်၀မြို့ နှင့် ဆမီးမြို့အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ ကူညီထောက်ပံံ့မှုမရရှိတော့သည့်အတွက် အခက်အခဲရင်ဆိုင်နေကြရခြင်းဖြစ်သည်။
ယခုလက်ရှိတွင် ကမ်ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP) က ယခုလအတွင်း ဆန်၊ဆီ၊ဆား စသည့်အထောက်ပ့ံများကို ကူညီပံ့ပိုးပေးခဲ့သည်ဟုသိရသည်။
ဆမီးမြို့တွင် (IDP Camp) စစ်ဘေးရှောင်စခန်း (၅) ခုရှိပြီး အိမ်ထောင်စုပေါင်း (၈၁၈) စုနှင့် လူဦးရေ (၃၃၈၈) ဦးရှိသည်ဟု သိရသည်။
#Zawgyi
ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္ ျပည္သူမ်ားေနထိုင္ၾကသည့္ ယာယီဝါးအိမ္ ၁၆၀ ခန႔္သည္ ပိုး ထိုးကာ ၿပိဳက်ပ်က္စီးမႈမ်ားရွိေနသည့္အတြက္ ေနထိုင္ရန္အခက္အခဲၾကဳံေတြ႕ေနရသည္ ဟု ဆမီီးၿမိဳ႕ စစ္ေဘးေရွာင္ေအ ရး ကူညီေဆာင္ရြက္္ေပးေနသူ ဦးျပည္ဆုကေျပာသည္။
အခုေလာေလာဆယ္ကဘာမွ လုပ္လို႔ရတဲ့အေျခအေနမရွိဘူး၊ ျပည္တြင္းျပည္ပ ကအလႉရွင္ေတြနဲ႔ လည္းအဆက္အသြ ယၼရဘူး။ အရမ္းခက္ခဲေနပါတယ္၊ ရန္ပုံေငြလည္း ကုန္ေနပါၿပီ၊ အခုတန္းလ်ာ အရွည္ႀကီး ေဆာက္ထားတဲ့ဟာက အကုန္လုံးပ်က္ေတာ့ ၾကမ္းျပင္နဲ႔ေျမက တညီတည္းျဖစ္သြားလို႔ ျပဳျပင္စရာေတြအမ်ားႀကီးရွိတယ္၊ အိမ္ေၿခ ၁၆၀ ေလာက္ရွိတယ္၊ သူတို႔ကေနလု႔ိကို အဆင္မေျပေတာ့တဲ့ အေနအေျခဆိုးေနတယ္၊ မိုးရာသီမဟုတ္လို႔ ေတာ္ေသးတယ္၊ တကယ့္ကိုမွ ခက္ခက္ခဲခဲေနၾကရတယ္၊ ဟု ဦးျပည္စုက ေျပာသည္။
ဆမီးၿမိဳ႕စစ္ေဘးေရွာင္ျပည္သူမ်ားေနထိုင္သည့္ ယာယီဝါးအိမ္မ်ားသည္ ခ်င္းျပည္နယ္အစိုးရ ႏွင့္ ေစတနာရွင္ ျပည္သူမ်ား၏ လႉဒါန္းမႈျဖင့္ေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္လည္း ယခုအခ်ိန္္တြင္ အဆိုပါဝါးအိမ္းမ်ားသည္ ပိုးထိုး၍ ပ်က္စီးေနၿပီး ျပန္လည္ျပဳျပင္တည္ေဆာက္နိုင္ရန္ အလႉရွင္မ်ား မရွိေသာေၾကာင့္ အခက္ခဲရင္ဆိုင္ေနရေၾကာင္း ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္ျပည္သူတစ္ဦးကလည္းေျပာသည္။
”ကၽြန္ေတာ္တို႔ စစ္ေဘးေရွာင္စခန္းမွာ အေဆာင္အပ်က္အစီးရွိေတာ့ ျပန္လည္ၿပီးေတာ့ အသစ္ေဆာ က္ခ်င္တာေတြရွိ တယ္၊ ကၽြန္ေတာ္တို႔က ကိုယ့္ရြာေတြကို ျပန္လို႔ရ မရဆိုတာလည္းရွိေတာ့ ဒီမွာဆက္ ေနရမယ္ဆိုရင္ အေဆာင္၊ တနိးလ်ား ေတြလည္း ေနလို႔မရဘူး။ အကုန္လုံး ၾကမ္းေတြၿပိဳ၊ ေခါင္မိုးေတြ လည္းၿပိဳၿပီးေတာ့ မိုးရြာမယ္ဆိုရင္ ေနစရာလည္း မရွိေတာ့ ဘူး။ အကုန္လုံး ဒုကၡေရာက္ကုန္တယ္။ အခုဒီတေလာမွာကူညီေထာက္ပံ့ဆိုတာလည္းမရွိဘူး၊ ဘာအဖြဲ႕အစည္းမွမရွိဘူး၊ စစ္ေဘးေရွာင္စခန္းမွာ ဆိုေတာ့ အလုပ္လက္မဲ့ျဖစ္ေတာ့ ဝင္ေငြဆိုတာလည္းမရွိဘူး အခက္အခဲေတြ အမ်ားႀကီးၾကဳံရ တယ္။”ဟု ဆမီးၿမိဳ႕ရွိစစ္ေဘးေရွာင္ျပည္သူတစ္ဦးက ေျပာသည္။
ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ယာယီဝါးအိမ္မ်ား ျပည္လည္တည္ေဆာက္ေရးလုပ္ငန္းကို မိုးတြင္း ကာလမတိုင္ခင္ အေကာင္အထည္ေဖာ္ေဆာင္နိုင္ရန္ ႀကိဳးစားလ်က္ရွိေၾကာင္း စစ္ေဘးေရွာင္ျပည္သူမ်ားကို ကူညီေဆာင္ရြက္ေပးေနသည့္ ျပည္သူ႔ေမၽွာ္လင့္ခ်က္ လူမႈဖြံ့ၿဖိဳးေရးအသင္း (People Hope) မွလက္ရွိတာဝန္ခံ မက်င္ရွန္းေဟြ ကေျပာသည္။
သူတို႔မွာ တခ်ိဳ႕တန္းလ်ားေတြဆိုရင္ ေဟာင္းေနတဲ့အေျခအေနရွိတယ္၊ တခ်ိဳ႕ Camp ေတြဆိုလို႔ရင္ ပိုဆိုးေနတယ္၊ ေလာေလာဆယ္မွာေတာ့ ျပန္လည္လုပ္ဖို႔ အစီအစဥ္ေတာ့ရွိတယ္၊ မိုးတြင္းမေရာက္ခင္ ေကာင္အထည္ေတာ့ ေဖာ္ျဖစ္မယ္လို႔ေတာ့ထင္တယ္။ ဒါေပမယ့္ ညီမတို႔ အေနနဲ႔ေတာ့ ေလာေလာဆယ္ဒီဟာကို မလုပ္နိုင္ေသးဘူေပါ့၊ ဘာလို႔လဲဆိုရင္ ကၽြန္မတို႔က အစားအေသာက္ပိုင္းပဲ ကိုင္ေနေ တာ့ေလ၊ လုပ္ငန္းလည္ပတ္ဖို႔လည္း နည္းနည္းအခက္အ ခဲရွိေနတယ္။ အခုၾကားတာေတာ့ တ်ခား အဖြဲ႕အစည္းတခုက အိမ္ေလးေတြျပန္ေဆာက္ေပးမယ္လို႔ၾကားထားတယ္။ ဟု မက်င္ရွန္းေဟြ ကေျပာသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က တပ္မေတာ္က အရပ္သားအစိုးရထံ အာဏာသိမ္းယူလိုက္ၿပီးေနာက္ ပလက္၀ၿမိဳ႕ ႏွင့္ ဆမီးၿမိဳ႕အတြင္းရွိ စစ္ေဘးေရွာင္ျပည္သူမ်ားသည္ သက္ဆိုင္ရာအစိုးရအဖြဲ႕ႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ားထံမွ ကူညီေထာက္ပံံ့မႈမရရွိေတာ့သည့္အတြက္ အခက္အခဲရင္ဆိုင္ေနၾကရျခင္းျဖစ္သည္။
ယခုလက္ရွိတြင္ ကမ္ဘာ့စားနပ္ရိကၡာအစီစဥ္(WFP) က ယခုလအတြင္း ဆန္၊ဆီ၊ဆား စသည့္အေထာက္ပ့ံမ်ားကို ကူညီပံ့ပိုးေပးခဲ့သည္ဟုသိရသည္။
ဆမီးၿမိဳ႕တြင္ (IDP Camp) စစ္ေဘးေရွာင္စခန္း (၅) ခုရွိၿပီး အိမ္ေထာင္စုေပါင္း (၈၁၈) စုႏွင့္ လူဦးေရ (၃၃၈၈) ဦးရွိသည္ဟု သိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.