Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဆလိုင္းေအာင္စိုးအား အျမန္ဆံုးျပန္လႊတ္ေပးရန္ ဗဟိုခ်င္းလူငယ္အဖြဲ႔ေတာင္းဆို

ဆလိုင္းေအာင္စိုးအား အျမန္ဆံုးျပန္လႊတ္ေပးရန္ ဗဟိုခ်င္းလူငယ္အဖြဲ႔ေတာင္းဆို

0
By Editor on October 5, 2020 Headline

#Unicode

By နှင်းနှင်း – ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ဖမ်းဆီးထားသည့် ချင်းလူငယ်တစ်ဦး ဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့အစည်း (Central Chin Youth Organization) က အောက်တိုဘာလ (၃) ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။

ချင်းလူမျိုးများနှင့် ချင်းလူငယ်များအား မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ကျုးလွန်သည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လုပ်ရပ်ဟူသမျှ ဗဟိုချင်းလူငယ်အဖွဲ့အစည်းမှ အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး AA တပ်ဖွဲ့အနေဖြင့်လည်း ဆလိုင်းအောင်စိုးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည်ဟု ဗဟိုချင်းလူငယ်အဖွဲ့အစည်း ဥက္ကဌ ဆလိုင်းနိုဘိခ်ထန်ကပြောသည်။

“ကျနော်တို့ ချင်းလူငယ်တစ်ဦးဖြစ်တဲ့ ဆလိုင်းအောင်စိုးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေကမှ ချင်းလူမျိူး၊ ချင်းလူငယ်တွေကို နောက်ထပ်ဖမ်းဆီးတာမျိူး မလုပ်ဖို့ ဒီကနေ လေးလေးနက်နက်တောင်းဆိုပါတယ်’’ ဟု ဆလိုင်းနိုဘိခ်ထန်ကပြောသည်။

ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သည့်ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ (၄) ဦးအနက် (၃) ဦးကို သြဂုတ်လ (၂၅) ရက်နေ့က ပြန်လွှတ်တော်ပေးခဲ့သော်လည်း ဆလိုင်းအောင်စိုးသည် ယနေ့ချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးပေ။

#Zawgyi

By ႏွင္းႏွင္း – ရကိၡဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔က ဖမ္းဆီးထားသည့္ ခ်င္းလူငယ္တစ္ဦးဆလုိင္းေအာင္စိုးအား အျမန္ဆံုးျပန္လႊတ္ေပးရန္ ဗဟိုခ်င္းလူငယ္အဖြဲ႔အစည္း (Central Chin Youth Organization) က ေအာက္တိုဘာလ (၃) ရက္ေန႔စြဲျဖင့္ ေၾကညာ ခ်က္တစ္ေစာင္ထုတ္ျပန္ၿပီး ေတာင္းဆိုလုိက္သည္။ 

ခ်င္းလူမ်ဳိးမ်ားႏွင့္ ခ်င္းလူငယ္မ်ားအား မတရားဖမ္းဆီးျခင္း၊ ညွင္းပန္းႏွိပ္စက္ ျခင္း၊ သတ္ျဖတ္ျခင္းမ်ားကုိ က်ဳးလြန္သည့္ မည္သည့္လက္နက္ကိုင္အဖြဲ႔အစည္း၏ လုပ္ရပ္ဟူသမွ် ဗဟိုခ်င္းလူငယ္အဖြဲ႔အစည္းမွ အျပင္းအထန္ကန္႔ကြက္ရႈတ္ခ်ၿပီး AA တပ္ဖြဲ႔အေနျဖင့္လည္း ဆလိုင္းေအာင္စိုးကို အျမန္ဆံုးျပန္လႊတ္ေပးရန္ ေတာင္းဆိုသည္ဟု ဗဟိုခ်င္းလူငယ္အဖြဲ႔အစည္း ဥကၠဌ ဆလိုင္းႏိုဘိခ္ထန္ကေျပာသည္။ 

“က်ေနာ္တို႔ ခ်င္းလူငယ္တစ္ဦးျဖစ္တဲ့ ဆလိုင္းေအာင္စိုးကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔နဲ႔  ဘယ္လက္နက္ကိုင္အဖြဲ႔အစည္း ေတြကမွ ခ်င္းလူမ်ဴိး၊ ခ်င္းလူငယ္ေတြကို ေနာက္ထပ္ဖမ္းဆီးတာမ်ဴိးမလုပ္ဖို႔ ဒီကေန ေလးေလးနက္နက္ေတာင္းဆို ပါတယ္’’ ဟု ဆလိုင္းႏိုဘိခ္ထန္ကေျပာသည္။ 

ဆလိုင္းေအာင္စိုးအပါအ၀င္ ခ်င္းလူငယ္ (၄) ဦးတို႔သည္ ၿပီးခဲ့သည့္ဇူလုိင္လ (၂၉) ရက္ေန႔က ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕မွ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္သို႔အျပန္ ငသရိုင္းေက်းရြာအနီးတြင္ AA တပ္ဖြဲ႔ကဖမ္းဆီးခဲ့ျခင္းျဖစ္သ ည္။

၎တို႔ (၄) ဦးအနက္ (၃) ဦးကို ၾသဂုတ္လ (၂၅) ရက္ေန႔က ျပန္လႊတ္ေတာ္ေပးခဲ့ေသာ္လည္း ဆလိုင္းေအာင္စိုးသည္ ယေန႔ခ်ိန္ထိျပန္လည္လႊတ္ေျမာက္လာျခင္းမရွိေသးေပ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.