#Unicode
နှင်းနှင်း – ချင်းပြည်နယ်၊ဖလမ်းမြို့အနီးတွင်တည်ဆောက်ထားသည့် ဆူရ်ဘုန်လေဆိပ်၌ ယနေ့မနက် (၁ဝး၃၀)အချိန်တွင် ပထမဆုံးအကြိမ်အဖြစ် ခရီးသည်တင်လေယာဉ် အောင်မြင်စွာဆင်းသက်နိုင်ခဲ့ကြောင်း ချင်းပြည်နယ်အစိုးရပြောရေး ဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။
“ခုကမြေပြင်မှာလက်တွေ့ကွင်းဆင်းတဲ့ဟာလုပ်တဲ့အတွက် အောင်မြင်တယ် ခုအချိန်ရာသီဥတု သာယာတယ် ၊မြူတွေတိမ်တွေရှိပေမယ့်ကွင်းမှာတော့ သာသာယာယာရှိပါတယ် ။ ၁၀ နာရီခွဲ ဆင်းတယ် လေယာဉ်မောင်တွေ၊ မယ်တွေလဲပါတယ် ။ အကူ (၉) ဦး ပါလာတယ်။ လေယာဉ်ပေါ်မှာ ရန်ကုန်နဲ့မန္တလေးက အားလုံး ၂၅ ယောက်လိုက်လာတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကေပြာသည်။
ဆူရ်ဘုန်လေယာဉ်လေဆိပ်၌ လေယာဉ်ဆင်းသက်စမ်းသပ်မှုတွင် မြန်မာ့လေကြောင်းလိုင်းမှ ATR-72 လေယာဉ်အမျိုးအစားဖြင့်ပထမဆုံးဆင်းသက်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ဆင်းသက်နိုင်ရန်အတွက်အဆင့်မှီ သည့် လေယာဉ်ကွင်းဖြစ်ကြောင်း လေယာဉ်မှူးများမှ မှတ်ချက်ပြုထားကြောင်း ဦးစိုးထက်မှပြောသည်။
ဆူရ်ဘုန်လေယာဉ်ကွင်းမှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီး ပြေးဆွဲနိုင်ပြီးဖြစ်သော်လည်း ရေရှည်အတွက် မျှော်မှန်းကာ လေယာဉ်ပြေးလမ်း၏အဝင်ဖက်ခြမ်းတွင်တောင်ဖြိုရန်အနည်းငယ်လိုအပ်နေသေးကြောင်း သိရသည်။
“၁၀၀ ရာခိုင်နှုန်းပြီးသွားပြီ ၊ဒါပေမယ့်ကျွန်တော်တို့က ဘတ်ဂျက်ရတဲ့အပေါ်မှာမှုတည်ပြီးတော့ လေယာဉ်ပြေးလမ်းမှာ အဝင်ဖက်ခြမ်းမှာတောင်တွေတချို့နည်းနည်းလေးရှိတာကို နည်းနည်းလေး ထပ်ဖြိုဖို့ရှိပါတယ်။ရေရှည်အတွက်ဆိုတော့ နည်းနည်း မြေပြင်ဖို့တော့ရှိပါသေးတယ်။ ဒါပေမယ့်ခုလည်း ဆင်းလို့ရတဲ့အနေအထားပါ။” ဟုဝန်ကြီးကပြောသည်။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ(၆၀၀၀) တွင်တည်ရှိသော ဆူရ်ဘုန်လေယာဉ်ကွင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်စတင်ဆောင်ရွက်ခဲ့ပြီး လေဆိပ်တည်ဆောက်မှုကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ (၃၇) ဘီလီယံရှိသည်ဟု သိရသည်။
#Zawgyi
ခ်င္းျပည္နယ္၊ဖလမ္းျမဳိ႕အနီးတြင္တည္ေဆာက္ထားသည့္ ဆူရ္ဘုန္ေလဆိပ္၌ ယေန႔မနက္ (၁၀း၃၀)အခ်ိန္တြင္ ပထမဆုံးအႀကိမ္အျဖစ္ ခရီးသည္တင္ေလယာဥ္ ေအာင္ျမင္စြာဆင္းသက္ႏုိင္ခဲ့ေၾကာင္း ခ်င္းျပည္နယ္အစုိးရေျပာေရး ဆုိခြင့္ရွိသူ စည္ပင္ဝန္ၾကီးဦးစုိးထက္ကေျပာသည္။
“ခုကေျမျပင္မွာလက္ေတြ႔ကြင္းဆင္းတဲ့ဟာလုပ္တဲ့အတြက္ ေအာင္ျမင္တယ္ ခုအခ်ိန္ရာသီဥတု သာယာတယ္ ၊ျမဴေတြတိမ္ေတြရွိေပမယ့္ကြင္းမွာေတာ့ သာသာယာယာရွိပါတယ္ ။ ၁၀ နာရီခြဲ ဆင္းတယ္ ေလယာဥ္ေမာင္ေတြ၊ မယ္ေတြလဲပါတယ္ ။ အကူ(၉)ဦးပါ လာတယ္ ။ေလယာဥ္ေပၚမွာ ရန္ကုန္နဲ႔မႏၱေလးက အားလုံး၂၅ေယာက္လုိက္လာ တယ္။” ဟု စည္ပင္ဝန္ႀကီး ဦးစုိးထက္ကေ ျပာသည္။
ဆူရ္ဘုန္ေလယာဥ္ေလဆိပ္၌ ေလယာဥ္ဆင္းသက္စမ္းသပ္မႈတြင္ ျမန္မာ့ေလေၾကာင္းလုိင္းမွ ATR-72 ေလယာဥ္အမ်ဳိးအစားျဖင့္ပထမဆုံးဆင္းသက္ခဲ့ျခင္းျဖစ္ၿပီး ေလယာဥ္ဆင္းသက္ႏုိင္ရန္အတြက္အဆင့္မွီ သည့္ ေလယာဥ္ကြင္းျဖစ္ေၾကာင္း ေလယာဥ္မႉးမ်ားမွ မွတ္ခ်က္ျပဳထားေၾကာင္း ဦးစိုးထက္မွေျပာသည္။
ဆူရ္ဘုန္ေလယာဥ္ကြင္းမွာ ၁၀၀ ရာခုိင္ႏႈန္းျပီးစီးၿပီး ေျပးဆြဲႏုိင္ျပီးျဖစ္ေသာ္လည္း ေရရွည္အတြက္ ေမွ်ာ္မွန္းကာ ေလယာဥ္ေျပးလမ္း၏အဝင္ဖက္ျခမ္းတြင္ေတာင္ျဖဳိရန္အနည္းငယ္လုိအပ္ေနေသးေၾကာင္း သိရသည္။
“၁၀၀ ရာခုိင္ႏႈန္းျပီးသြားျပီ ၊ဒါေပမယ့္ကြ်န္ေတာ္တုိ႔က ဘတ္ဂ်က္ရတဲ့အေပၚမွာမႈတည္ျပီးေတာ့ ေလယာဥ္ေျပးလမ္းမွာ အဝင္ဖက္ျခမ္းမွာေတာင္ေတြတခ်ဳိ႕နည္းနည္းေလးရွိတာကုိ နည္းနည္းေလး ထပ္ျဖဳိဖုိ႔ရွိပါတယ္။ေရရွည္အတြက္ဆိုေတာ့ နည္းနည္း ေျမျပင္ဖုိ႔ေတာ့ရွိပါေသးတယ္။ ဒါေပမယ့္ခုလည္း ဆင္းလုိ႔ရတဲ့အေနအထားပါ။” ဟု၀န္ႀကီးကေျပာသည္။
ပင္လယ္ေရမ်က္ႏွာျပင္အထက္အျမင့္ေပ(၆၀၀၀) တြင္တည္ရွိေသာ ဆူရ္ဘုန္ေလယာဥ္ကြင္းကုိ ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္စတင္ေဆာင္ရြက္ခဲ့ျပီး ေလဆိပ္တည္ေဆာက္မႈကုန္က်စရိတ္မွာ ျမန္မာက်ပ္ေငြ (၃၇)ဘီလီယံရွိသည္ဟု သိရသည္။