(002MG)
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်၏ ဒရုန်းဖြင့်ရမ်းသမ်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သီးကုန်းကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ (၃) ဦးသေဆုံးခဲ့ကာ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်လက်အောက်ခံ တပ်မ ၉၉ သည် လက်နက်ကြီးရမ်းသမ်းပစ်ခြင်း၊ ဒရုန်းဗုံးသီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ နေ့စဉ်လုပ်ဆောင်နေပြီး ဩဂုတ်လ ၁၅ ရက်နေ့က စစ်ဘေးရှောင် ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၆ နှစ်အရွယ် ဒေါ်မြဝင်း၊ အသက် ၅၀ အရွယ် ဦး နန်းမြိုင်နှင့် အသက် ၄၆ နှစ်အရွယ် ဒေါ်ဌေးဌေးတို့သည် ပွဲချင်း သေဆုံးခဲ့ရပြီး ပြည်သူ တစ်ဦးမှာ မစိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟု သိရ သည်။
စစ်တပ်သည် ဆောမြို့နယ် အပါအဝင် လောင်းရှည်တိုက်နယ်ကြား ၊ ကျောက်ထုတိုက် နယ်နှင့် ရွှေအောင်သာကျေးရွာ ကြား ဒေသများတွင်လည်း ဂျက်ဖိုက်တာ၊ Y-12 ၊ လက်နက်ကြီးများနှင့် ဒရုန်း များကို အသုံးပြုကာ စစ် ဆင်ရေး တိုက်ခိုက်မှုများ နေ့စဉ် ဆက်တိုက် ပြုလုပ်လျက်ရှိသည်ဟု သိရ သည်။
ချင်း-မကွေးအစပ် ဆောမြို့နယ်ထဲတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲများဆက်ရှိနေပြီး ဇူလိုင်လ (၂၉) ရက်နေ့တွင် ဆောမြို့အတွင်းမှ လောင်းရှည်ဘက်သို့ စစ်ကူထွက်လာသည့် စစ်ကြောင်းအား ပြည်သူ့ကာကွယ် ရေးတပ် မတော် PDF တပ်များက ဆော-လောင်းရှည်လမ်းပိုင်း တစ်နေရာတွင် ဟန့်တားတိုက်ခိုက်မှုပြုလုပ်ခဲ့ သော ကြောင့် စစ်တပ်ဘက်က အထိနာကာ ရှေ့ ဆက်မတိုး နိုင်ဘဲ တပ်လန်ကျသွားသည်ဟု မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော် -PDF ဂန့်ဂေါခရိုင်စစ်ဌာနက ဩဂုတ်လ (၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲအတွင်း ခမရ (၅၇၃) မှ ကိုယ်ပိုင်အမှတ် ပစ- ၂၀၁၆၈၀ နေမင်းထွန်းအား အရှင်ဖမ်းဆီးရမိကာ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ နင်းမိုင်း ၄ လုံး၊ RPG 7 အဖူး ၁ဖူး၊ ၄၀ မမ အသီး ၁၅ ခုနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိသည်ဟုဖော်ပြထားသည်။
၎င်းအပြင် ဇူလိုင်လ (၃၁) ရက်နေ့တွင်လည်း MA1 သေနတ် ၁ လက်နှင့် ဖုန်း ၁ လုံးသိမ်းဆည်းရမိ သည့်အပြင် ဩဂုတ်လ (၁) နေ့တွင်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များမှ နယ်မြေရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် RPG7 အဖူး ၁၄ ခုနှင့် ဆက်စပ်ပစ္စည်းများများ ထပ်မံသိမ်းဆည်းရမိကြောင်း ဂန့်ဂေါခရိုင်စစ်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

