(002MG)
ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့ နှင့် ကျောက်ထုမြို့ဘက်ကို စစ်တပ်က ရက် ၁၀၀ စီမံချက်ဖြင့် စစ်ကြောင်းထိုး လာသောကြောင့် လောင်းရှည်-ဆော-ကျောက်ထုလမ်းပိုင်းများအသုံးမပြုကြရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ယနေ့မေလ ၁၃ ရက်နေ့မှာ အရေးပေါ်သတိပေးချက်ထုတ်ပြန်သည်။
မင်းအောင်လှိုင်ဦးဆောင်သော အသွင်းပြောင်စစ်အစိုးရသည် ၎င်းတို့၏ ရက် ၁၀၀ စီမံကိန်းကိုအကောင်အထည်ဖော် ဆောင်ရန် ယောဒေသဘက်ကို စစ်အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာပြီး ယနေ့မေလ ၁၃ ရက်နေ့တွင် လောင်းရှည်မြို့မှ ဆော-ကျောက်ထုမြို့ဘက်ကို ဦးတည်လာသည်ဟု သိရသည်။
ထို့ကြောင့် လောင်းရှည်မှ ဆောလမ်းပိုင်းတစ်လျှောက်နှင့် တပြင်းနှင့်ကျောက်ထုလမ်းပိုင်းတစ် လျှောက်တွင် နေထိုင်ကြ သော မိဘပြည်သူများ အားလုံးဘေးလွတ်ရာ၊ လုံခြုံရာနေရာများတွင်သတိရှိရှိနေထိုင်ကြရန်၊ အရေးပေါ် လိုအပ်ခြင်း မရှိဘဲ၊ လမ်းကြောင်းအသုံးပြု ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်သည်။
ထို့အပြင် လေကြောင်းရန်မှကာကွယ်ရန် လေယဉ်သံကြားလျှင် ပုံးခိုကျင်းများတွင် နေထိုင်ကြရန် နှင့် စစ်ရေးအခြေ အနေများကို နားစွင့်စောင့်ကြည့်ကြရန်လည်း သတိပေးထားသည်။
ယနေ့မနက်ပိုင်းကလည်း ကျောက်ထုမြို့နယ်တွင် Jet Fighter နှင့် Y-12 လေယာဉ်များ အသုံးပြုကာ အပြင်းအထန် ဗုံးကြဲတိုက် ခိုက်ခဲ့သည့်အပြင် ကျောက်ထုအခြေစိုက် အမြောက်တပ် (အမတ -၃၆၈) အတွင်းသို့ Y-12 လေယာဉ်ပေါ်မှ တစ်ဆင့် paramotor ခေါ် အင်ဂျင်ပါဝင်သည့် လေထီး (၃) စီးထက်မနည်းအား ချပေးခဲ့သည်ဟု သိရသည်။

