Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ညီအကိုအချင်းချင်းကြားပြန်လည်သင့်မြတ်ရေးအတွက် ဖမ်းဆီးထားသော CNO/CNDF-UCR အတွင်းရေးမှူးကို CDF-Hualngoram က ပြန်လွှတ်ပေး

ညီအကိုအချင်းချင်းကြားပြန်လည်သင့်မြတ်ရေးအတွက် ဖမ်းဆီးထားသော CNO/CNDF-UCR အတွင်းရေးမှူးကို CDF-Hualngoram က ပြန်လွှတ်ပေး

0
By Editor on August 25, 2025 Headline

(004SS)

ညီအကိုအချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးအတွက် CDF-Hualngoram တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF- UCR ၏ အတွင်းရေးမှူး (၁) ကို ဩဂုတ်လ ၂၄ ရက် နေ့လည် ၂ နာရီခန့်တွင် ပြန် လည်လွှတ်ပေးလိုက်သည်ဟု သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်းငိုးရမ်ဒေသ ရိခေါဒါရ်မြို့တွင် ဇူလိုင်လဆန်းပိုင်းက CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားကာ CNDF တပ်ဖွဲ့များ တပ်ပြန်ဆုတ်သွားပြီးနောက် ၃ ပတ်ခန့်အကြာ ဩဂုတ်လဆန်ပိုင်း ၅ ရက်‌နေ့မှာ CNO/CNDF- UCR ၏ အတွင်းရေးမှူး(၁) Lal Rohlu သည် ဟွာလ်းငိုးရမ်ဒေသို့ အရပ်ဝတ်ဖြင့် ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

“CNDF က Hualngoram ကို ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာ သူက Khuathlir ကနေ စစ်ကြောင်း ဦးဆောင်တဲ့ လူပေါ့ နော်။ သူ့ကိုကျတော့ ဩဂုတ်လ ၅ ရက်နေ့မှာ အရပ်ဝတ်နဲ့ ကျွန်တော်တို့ ဒေသကို ဝင်ရောက်လာတဲ့အခါမှာ ဖမ်းမိတာဖြစ် တယ်။ သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်တယ်။ သူတို့ရဲ့ပူးပေါင်းစစ်ဆင်ရေး၊ ကျူးကျော်တဲ့အပိုင်းကအစ အကုန်ဝန်ခံ သွားတယ်။ ဆိုတော့ ကျွန်တော်တို့ ညီအကိုခြင်း သင့်သင့်မြတ်မြတ်နဲ့ ပြန်ပြီး နေထိုင်ချင်လို့ သူ့ကို ချွင်းချက်မရှိ သူ့ရဲ့မိဘ တွေရှေ့မှာ လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးတယ်။” ဟု CDF- Hualngoram ကာကွယ်ရေးဌာန အတွင်းရေးမှူးက ပြောသည်။

သူနှင့်အတူ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းအမျိုးသားမှာ ဆိုင်ကယ်ကယ်ရီသမားဖြစ်ကာ အပြစ်မရှိ ကြောင်း ထင်ရှားသည့်အတွက် ရက်ပိုင်းအတွင်းမှာပင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့တွင် CDF-Hualngoram တပ်ဖွဲ့နှင့် CNO/CNDF တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း CDF-Hualngoram တပ်ဖွဲ့က CNO/CNDF ရဲဘော် ၅ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသလို CNO/CNDF ဘက်ကလည်း CDF- Hualngoram ရဲဘော် ၄ ဦးနှင့် အရပ်သား ၁ ဦး၊ စုစုပေါင်း ၅ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

လက်ရှိတွင် နှစ်ဘက်တပ်ဖွဲ့အကြား စစ်သုံ့ပန်းများ ပြန်လွှတ်ပေးရန်ပါအဝင် အပစ်ခတ်ရပ်ဆဲရေး ဆွေးနွေးညှိနှိုင်နေဆဲဟုလည်း သိရသည်။

CDF- Hualngoram ၏ ကာကွယ်ရေးဌာန၊ အတွင်းရေးမှူးက “ ကျွန်တော်တို့ စစ်ဆင်ရေးအတွင်း ဖမ်းမိတာ ၅ ယောက်ရှိတယ်။ အဲဒါက ကျွန်တော်တို့ တစ်ဖွဲ့ထဲက ဖမ်းတဲ့ဟာမဟုတ်တော့ သူတို့ကိုတော့ CNA ဌာနချုပ်မှာ အကုန်စုပြီးထားတယ်။ ကျွန်တော်တို့ သီးသန့်ဖမ်းတဲ့ဟာကျတော့ သူတို့ရဲ့ reserve Forces ၂ ယောက်‌ပေါ့၊ လွန်ခဲ့တဲ့ ၂ ပါတ်လောက်တုန်းက လွှတ်ပေးပြီးပြီ။ အခုလက်ရှိမှာ ကျွန်တော်တို့အနေနဲ့ CNDF တပ်ဖွဲ့ဖြစ်ဖြစ် သူတို့နဲ့ပါတ်သက်တဲ့သူ‌ ထိန်း သိမ်းထားတာ မရှိတော့ဘူး။ ဒါပေမဲ့ CNO/CNDF ဖမ်းတဲ့ ကျွန်တော်တို့ ရဲဘော် ၄ ဦးနဲ့ အရပ်သား ပါစတာတစ်ဦးကတော့ ကျွန်တော်တို့ဆီ ပြန်မရောက်သေးဘူး။ ဆိုတော့ စစ်သုံ့ပန်းလွှတ်ပေးဖို့ကိစ္စနဲ့ပါတ်သက်ပြီး ကျွန်တော်တို့ နှစ်ဖွဲ့ကြား ညှိနှိုင်းနေဆဲအနေအထားပဲ ရှိသေးတယ်။ ဘယ်ချိန်အထမြောက်မလဲဆို‌တာတော့ မသိရသေးဘူးပေါ့နော်။ ကျွန်တော်တို့အဖွဲ့ကြား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီး သဘောတူညီချက်ရရှိပြီးနောက်ပိုင်းမှာတော့ ဖမ်းဆီးထားတဲ့ နှစ်ဘက်တပ်သားတွေ အမြန်ဆုံး လွှတ်ဖို့တော့ မျှော်လင့်ပါတယ်။”ဟု ပြောသည်။

CDF-Hualngoram နှင့် CNO/CNDF တို့တပ်ဖွဲ့အကြား အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု များရှိနေသော်လည်း လက်ရှိတွင် သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.