Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တကၠသိုလ္ေက်ာင္းသားေသဆံုးမႈႏွင့္ပတ္သက္ၿပီး ကေလးၿမိဳ႕ေဆးရံုတာ၀န္ရွိသူမ်ားကို အေရးယူရန္ ေက်ာင္းသားမ်ား ဆႏၵျပေတာင္းဆို

တကၠသိုလ္ေက်ာင္းသားေသဆံုးမႈႏွင့္ပတ္သက္ၿပီး ကေလးၿမိဳ႕ေဆးရံုတာ၀န္ရွိသူမ်ားကို အေရးယူရန္ ေက်ာင္းသားမ်ား ဆႏၵျပေတာင္းဆို

0
By Editor on February 11, 2020 Khonumthung

Zawgyi

By လားႏြန္ – ကေလးျမိဳ႕နည္းပညာတကၠသိုလ္ စက္မႈစြမ္းအင္ဌာန (Mechanical Power) ပဥၥမႏွစ္ေက်ာင္းသား တာန္ဒါလ္းမြန္းမာန္ (Tg Dal Mun Mang) ေသဆံုးသည့္ကိစၥႏွင့္ပတ္သက္၍ ကေလးၿမိဳ႕ျပည္သူ႔ေဆးရံုမွ တာ၀န္ရွိသူမ်ားကို အေရးယူရန္ ကေလးၿမိဳ႕တကၠသိုလ္ေပါင္းစံုမွ ေက်ာင္းသား၊ ေက်ာင္းသူ (၃၀၀၀) ေက်ာ္က ယေန႔ဆႏၵျပေတာင္းဆိုခဲ့ၾကသည္။

တာန္ဒါလ္းမြန္းမာန္သည္ ၿပီးခဲ့သည့္ ဇန္န၀ါရီလ ၂၆ ရက္ေန႔ညက ဆိုင္ကယ္မေတာ္တဆျဖစ္ပြားကာ ကေလးၿမိဳ႕ျပည္သူ႔ေဆးရံုသို႔ အေရးေပၚလူနာအျဖစ္ ေရာက္ရွိခဲ့ေသာ္လည္း တာ၀န္ခံမည့္ လူနာရွင္မရွိသည့္အတြက္ေၾကာင့္ဟုဆိုကာ ေဆးရံုတာ၀န္ရွိသူမ်ားက ခ်က္ျခင္းေဆးကုသမႈမလုပ္ဘဲ (၉)နာရီေက်ာ္ၾကာ ပစ္ထားသည့္အတြက္ေၾကာင့္ေသဆံုးခဲ့ရသည္ဟု ေက်ာင္းသားမ်ားကေျပာသည္။

ယင္းကိစၥအေပၚ ႏုိင္ငံေတာ္အစိုးရအေနျဖင့္ ေဆးရံုတာ၀န္ရွိသူမ်ားကို ပြင့္လင္းျမင္သာစြာေရးယူေပးရန္ တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူမ်ားက ဆႏၵျပေတာင္းဆိုၾကျခင္းျဖစ္သည္။

ယေန႔ဆႏၵေဖာ္ထုတ္မႈကို ဦးေဆာင္သူတစ္ဦးျဖစ္သည့္ Mara Student Association ေခါင္းေဆာင္ ၀ါဘိတ္လိႈင္မိႈ (ခ) ေ၀ႏိုင္ဦးမွ “ အေရးေပၚလူနာကို အခ်ိန္ ၉ နာရီေက်ာ္ၾကာ လ်စ္လ်ဴရႈထားတဲ့ ကေလးျမိဳ႕ အေထြအေထြေဆးရံုၾကီး တာ၀န္ရိွေဆးရံုအုပ္ၾကီး ခြဲစိတ္အထူးကု ဆရာ၀န္ၾကီး ဆရာမမ်ားနဲ႔ သူနာျပဳဆရာမ်ားကို ေဆးဘက္ဆိုင္ရာဥပေဒပုဒ္မ ရာဇသတ္ၾကီး ဥပေဒပုဒ္မ ၃၀၄ တို႔အရ ပြင့္လင္းျမင္သာစြာ အေရးယူေဆာင္ရြက္ေပးဖို႔ ေတာင္းဆိုပါတယ္၊ ၅ ရက္အတြင္း ေတာင္းဆိုခ်က္အတိုင္း ႏိုင္ငံေတာ္အစိုးရနဲ႔ သက္ဆိုင္၀န္ၾကီးဌာနမွ အေရးယူေပးျခင္းမရိွပါက မိမိတို႔အေနနဲ႔ လိုအပ္သလို ျပတ္သားစြာတံု႔ျပန္မည္ျဖစ္တယ္” ဟုေျပာသည္။

ဆႏၵေဖာ္ထုတ္သည့္ ေက်ာင္းသားမ်ားသည္ ကေလးၿမိဳ႕ ဆိပ္ကမ္းသားလမ္းမွ ပင္လံုလမ္းႏွင့္ ဗိုလ္ခ်ဴပ္လမ္းအတိုင္း ခ်ီတက္ကာ ကေလးၿမိဳ႕ျပည္သူ႔ေဆးရံုေရွ႕တြင္ ေက်ာင္းသားေခါင္းေဆာင္မ်ားကေဟာေျပာခဲ့ၾကၿပီး ျပည္သူ႕ေဆးရံုတိုင္းတြင္ လူနာမ်ား၏ က်န္းမာေရးကိုေမတၱာေရွ႕ထားေစာင့္ေရွာက္ကုသမႈ အျပည့္အ၀ရရိွေရး၊ အက်င့္ပ်က္က်န္းမာေရး၀န္ထမ္းမ်ားအား ထိထိေရာက္ေရာက္အေရးယူေပး၊ ျပည္သ႔ူေဆးရံုမ်ားတြင္ အေရးေပၚအသက္ကယ္ဘတ္ဂ်က္ လံုေလာက္စြာထားရိွေရးႏွင့္ က်န္းမာေရးဘတ္ဂ်က္ကို ႏိုင္ငံေတာ္အစိုးရ အေထြေထြအသံုးစရိတ္၏အနည္းဆံုး (၁၀%)ရာခိုင္ႏႈန္း အထိတိုးျမွင့္ေရး စသည့္အခ်က္မ်ားကိုလည္း ေတာင္းဆိ္ုခဲ့ၾကသည္။

အဆိုပါ ဆႏၵေဖာ္ထုတ္ပြဲတြင္ပါ၀င္လာသည့္ ကေလးျမိဳ႕ျငိမ္းခ်မ္းေရးကြန္ရက္ (Kalay Peace Network) မွ ဦးမ်ိဳးေဇာ္က “က်ေနာ္တို႔ ဒီေဆးရံုက ဒီလိုလစ္လ်ဴရႈခံထားတယ္ဆိုတာ ဒီေက်ာင္းသားေလးတစ္ေယာက္ထဲလည္းမဟုတ္ဘူး က်ေနာ္တို႔ အရင္တုန္းကတည္းက နာေရးကူညီမႈအသင္းလုပ္ခဲ့တယ္ ရိွခဲ့တယ္ဆိုေတာ့ ေဆးရံုရဲ႕အားနည္းခ်က္ေတြကို က်ေနာ္တို႔ေျပာေျပာေနရတာၾကာျပီ” ဟုေျပာသည္။

ေသဆံုးသူ တာန္ဒါလ္းမြန္းမာန္ (Tg Dal Mun Mang) သည္ တီးတိန္ျမိဳ႕ေနထိုင္သူျဖစ္ျပီး ကေလးျမိဳ႕နယ္ စက္မႈစြမ္းအင္ဌာန (Mechanical Power) ေက်ာင္းတက္ေရာက္ကာ ပဥၥမႏွစ္ေက်ာင္းသားျဖစ္ျပီး ဇိုမီးေက်ာင္းသားမ်ားအသင္း ဥကၠဌတာ၀န္ကိုလည္း ၂၀၁၈ – ၂၀၁၉ ခုႏွစ္ထိ ထမ္းေဆာင္ခဲ့သူျဖစ္သည္။

Unicode

By လားနွန် – ကလေးမြို့နည်းပညာတက္ကသိုလ် စက်မှုစွမ်းအင်ဌာန (Mechanical Power) ပဉ္စမနှစ်ကျောင်းသား တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သေဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ ကလေးမြို့ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများကို အရေးယူရန် ကလေးမြို့တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ (၃၀ဝ၀) ကျော်က ယနေ့ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

တာန်ဒါလ်းမွန်းမာန်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့ညက ဆိုင်ကယ်မတော်တဆဖြစ်ပွားကာ ကလေးမြို့ပြည်သူ့ဆေးရုံသို့ အရေးပေါ်လူနာအဖြစ် ရောက်ရှိခဲ့သော်လည်း တာဝန်ခံမည့် လူနာရှင်မရှိသည့်အတွက်ကြောင့်ဟုဆိုကာ ဆေးရုံတာဝန်ရှိသူများက ချက်ခြင်းဆေးကုသမှုမလုပ်ဘဲ (၉)နာရီကျော်ကြာ ပစ်ထားသည့်အတွက်ကြောင့်သေဆုံးခဲ့ရသည်ဟု ကျောင်းသားများကပြောသည်။

ယင်းကိစ္စအပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ဆေးရုံတာဝန်ရှိသူများကို ပွင့်လင်းမြင်သာစွာရေးယူပေးရန် တက္ကသိုလ်ကျောင်းသား ကျောင်းသူများက ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။

ယနေ့ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် Mara Student Association ခေါင်းဆောင် ဝါဘိတ်လှိုင်မှို (ခ) ဝေနိုင်ဦးမှ “ အရေးပေါ်လူနာကို အချိန် ၉ နာရီကျော်ကြာ လျစ်လျူရှုထားတဲ့ ကလေးမြို့ အထွေအထွေဆေးရုံကြီး တာဝန်ရှိဆေးရုံအုပ်ကြီး ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဆရာမများနဲ့ သူနာပြုဆရာများကို ဆေးဘက်ဆိုင်ရာဥပဒေပုဒ်မ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ တို့အရ ပွင့်လင်းမြင်သာစွာ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်၊ ၅ ရက်အတွင်း တောင်းဆိုချက်အတိုင်း နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ဝန်ကြီးဌာနမှ အရေးယူပေးခြင်းမရှိပါက မိမိတို့အနေနဲ့ လိုအပ်သလို ပြတ်သားစွာတုံ့ပြန်မည်ဖြစ်တယ်” ဟုပြောသည်။

ဆန္ဒဖော်ထုတ်သည့် ကျောင်းသားများသည် ကလေးမြို့ ဆိပ်ကမ်းသားလမ်းမှ ပင်လုံလမ်းနှင့် ဗိုလ်ချူပ်လမ်းအတိုင်း ချီတက်ကာ ကလေးမြို့ပြည်သူ့ဆေးရုံရှေ့တွင် ကျောင်းသားခေါင်းဆောင်များကဟောပြောခဲ့ကြပြီး ပြည်သူ့ဆေးရုံတိုင်းတွင် လူနာများ၏ ကျန်းမာရေးကိုမေတ္တာရှေ့ထားစောင့်ရှောက်ကုသမှု အပြည့်အဝရရှိရေး၊ အကျင့်ပျက်ကျန်းမာရေးဝန်ထမ်းများအား ထိထိရောက်ရောက်အရေးယူပေး၊ ပြည်သူ့ဆေးရုံများတွင် အရေးပေါ်အသက်ကယ်ဘတ်ဂျက် လုံလောက်စွာထားရှိရေးနှင့် ကျန်းမာရေးဘတ်ဂျက်ကို နိုင်ငံတော်အစိုးရ အထွေထွေအသုံးစရိတ်၏အနည်းဆုံး (၁၀%)ရာခိုင်နှုန်း အထိတိုးမြှင့်ရေး စသည့်အချက်များကိုလည်း တောင်းဆိ်ုခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင်ပါဝင်လာသည့် ကလေးမြို့ငြိမ်းချမ်းရေးကွန်ရက် (Kalay Peace Network) မှ ဦးမျိုးဇော်က “ကျနော်တို့ ဒီဆေးရုံက ဒီလိုလစ်လျူရှုခံထားတယ်ဆိုတာ ဒီကျောင်းသားလေးတစ်ယောက်ထဲလည်းမဟုတ်ဘူး ကျနော်တို့ အရင်တုန်းကတည်းက နာရေးကူညီမှုအသင်းလုပ်ခဲ့တယ် ရှိခဲ့တယ်ဆိုတော့ ဆေးရုံရဲ့အားနည်းချက်တွေကို ကျနော်တို့ပြောပြောနေရတာကြာပြီ” ဟုပြောသည်။

သေဆုံးသူ တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သည် တီးတိန်မြို့နေထိုင်သူဖြစ်ပြီး ကလေးမြို့နယ် စက်မှုစွမ်းအင်ဌာန (Mechanical Power) ကျောင်းတက်ရောက်ကာ ပဉ္စမနှစ်ကျောင်းသားဖြစ်ပြီး ဇိုမီးကျောင်းသားများအသင်း ဥက္ကဌတာဝန်ကိုလည်း ၂၀၁၈ – ၂၀၁၉ ခုနှစ်ထိ ထမ်းဆောင်ခဲ့သူဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်ကို ဖြတ်ကျော်နေပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးမည်

ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်း ပိတ်ပင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.