Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»တစ်ကြော့ပြန် အိမ်စောင့်အစိုးရကို ယုံကြည်သင့်ပါသလား

တစ်ကြော့ပြန် အိမ်စောင့်အစိုးရကို ယုံကြည်သင့်ပါသလား

0
By Editor on August 2, 2021 Featured
စစ်အာဏာသိမ်းမှု ခြောက်လပြည့်တွင် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို ယာယီ ခေတ္တသာ ထိန်းသိမ်းခြင်းဖြစ်သည်ဟု ပြည်သူကို မျက်လှည့်ပြလိုသဖြင့် အိမ်စောင့်အစိုးရကို ဖွဲ့စည်းလိုက်ပါသည်။ ထို့ပြင် အာဏာကို ၂၀၂၃ ခုနှစ် အထိသာ ကိုင်ထားမည်ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ နှစ်ဝတ်တွင် ရွေးကောက်ပွဲကျင်းပကာ အာဏာလွှဲပေးမည်ဖြစ်ကြောင်း ပြောကြားလာပါသည်။
စစ်ခေါင်းဆောင်အနေဖြင့် မည်သည့် ရည်ရွယ်ချက်ကြောင့် ထိုကဲ့သို့ လုပ်ဆောင်လာသနည်း။
– အိမ်စောင့်အစိုးရသမိုင်း
၁၉၅၈ ခုနှစ်မှာ ဒီမိုကရေစီအစိုးရက မြန်မာ့တပ်မတော်ထံ နိုင်ငံအာဏာကို လွှဲအပ်ခဲ့သည့် အတွက် ဗိုလ်ချုပ်ကြီး နေဝင်း က “အိမ်စောင့်အစိုးရ” ကို ဖွဲ့စည်းခဲ့ပါသည်။ ယင်းကဲ့သို့ အာဏာလွှဲ အပ်ခြင်းသည် ဖဆပလ နှစ်ခြမ်းကွဲမှု၏နောက်ဆက်တွဲပြဿနာဟု သာမာန်အားဖြင့် သိရှိခဲ့ကြသော် လည်း အာဏာလွှဲအပ်ခဲ့သူ ဝန်ကြီးချုပ် ဉီးနု ကိုယ်တိုင်က နောက်ပိုင်းမှာ ရေးသားသည့်စာအရ စစ်တပ်မှ “အာဏာသိမ်းမှာ မလိုလားသည့်အတွက် ဖြစ်ကြောင်း” ထုတ်ဖော်ခဲ့သည်။ ထိုစဉ်က စစ်ခေါင်းဆောင် တစ်ချို့၏ ‘အာဏာသိမ်းမည်’ဆိုသည့် ချိန်းခြောက်မှု လေသံများ ပြန့်ခဲ့ပါသည်။ သေချာသည်မှာ ၁၉၅၈-အိမ်စောင့်အစိုးရသည် နေဝင်း၏ အာဏာသိမ်း အစီအမံထဲက ကနေဉီးခြေလှမ်းဖြစ်ပါသည်။
– လက်ရှိအိမ်စောင့်အစိုးရ
မင်းအောင်လှိုင် ဝန်ကြီးချုပ်တာဝန်ယူမည့် လက်ရှိအိမ်စောင့်အစိုးရသည်လည်း ၁၉၅၈ခုနှစ် သမိုင်းဆိုးကြီးကို တစ်ကျော့ပြန်လည်စေသည့် အပေါစား မျက်လှည့်သာဖြစ်ပါမည်။ အိမ်စောင့်အစိုးရ (Caretaker Government)ကို Cambridge Dictionary က အဓိပ္ပယ်ဖွင့်ဆိုရာတွင် a government that has power for a short period of time until a new one is chosen (အစိုးရသစ်မရွေးချယ်ခင် ယာယီအာဏာကိုင်ထားသာ အစိုးရ)ဟု ဆိုသည်။ မင်းအောင်လှိုင်က အာဏာ သိမ်းခဲ့ရာမှာ သူမမျှောင်လင့်ခဲ့သည်အထိ လူထုတုန့်ပြန်မှုကပြင်းထန်ခဲ့ပြီး လက်ရှိတွင်လည်း မျောက် အုန်းသီးရကဲ့သို့ ဖြစ်နေသည့်အတွက် အိမ်စောင့်အစိုးရဟု သုံးနှုန်းခြင်းဖြင့် အာဏာကို ယာယီသာ ထိမ်းသိမ်းလိုကြောင်း လူထုက ယုံကြည်စေရန် လှည့်စားခြင်း သို့မဟုတ် ရေအေးတစ်ခွက် လောင်းလိုက် ခြင်း သက်သက်သာ ဖြစ်ပါသည်။
သို့သော် မည်သူကမျှ လက်ခံယုံကြည်လိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ အာဏာကို ၂နှစ်ခွဲသာ ထိမ်းသိမ်းရန် ဤကဲ့သို့ ကြီးလေးသော ရက်စက်မှုကို အဘယ်ကြောင့် သူလုပ်ချင်ပါမည်နည်း။ အာဏာကို ရာသက်ပန် ဆုတ်ကိုင်လိုသောကြောင့်သာလျှင်ဖြစ်ကြောင်း ထင်ရှားပါသည်။
– မင်းအောင်လှိုင်၏ လမ်းပြမြေပုံ
မင်းအောင်လှိုင်အနေဖြင့် သူ့လမ်းစဉ်အတိုင်း ဆောင်ရွက်ပါက တကယ်လည်း ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်အတွင်းမှာ ကျင်းပလိုပါလိမ့်မည်။ အနိုင်ရပါတီကို အာဏာလွှဲအပ်ပါလိမ့်မည်။ ထို့ကြောင့် ကြံ့ခိုင်ရေးပါတီနှင့် တစ်ချို့ တိုင်းရင်းသားပါတီများသည် ထိုအစီအစဉ်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။
သို့သော် ပြသနာသည် ရွေးကောက်ပွဲရလဒ်နှင့် အစိုးရလုပ်မည့်သူကို မင်းအောင်လှိုင်က ကြိုတင် အကွက်ဆင်ပြီးသား သို့မဟုတ် ဘိသိက်ခံ(anointed)ပြီးသား ဖြစ်မည့်အချက်ဖြစ်ပါသည်။ ဖြစ်နိုင်ခြေ အရှိဆုံး နည်းလမ်းသည် မင်းအောင်လှိုင်က သူကိုယ်တိုင် သမ္မတ ရာထူးတာဝန်ယူသည့် အခင်းအကျင်း ဖြစ်ပြီး၊ ဒုတိယ ဖြစ်နိုင်ခြေသည် ကြံ့ခိုင်ရေးပါတီထဲက သို့မဟုတ် တိုင်းရင်းသားထဲက တစ်ဉီးဉီးကို သမ္မတ လုပ်ခိုင်းသည့် နည်းလမ်းဖြစ်ပါသည်။ မည်သည့်နည်းလမ်းပဲဖြစ်ဖြစ် သူ့အနေဖြင့် အဆိုပါ လမ်းပြမြေပုံ အတိုင်း အနည်းဆုံး သက်တမ်း နှစ်ကြိမ်အထိ၊ တစ်နည်းအားဖြင့် ၂၀၂၈ခုနှစ် ရွေးကောက်ပွဲ၊ မင်းအောင်လှိုင် အသက် ၇၈ ပြည့်သည်အထိ၊ နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားလိုပါသည်။
– အဆုံးတိုင် တိုက်အရမည့် နောက်ဆုံးစစ်ပွဲ
အထက်ဖော်ပြသည့်အချက်များကို ခြုံငုံသုံးသပ်လျှင် မင်းအောင်လှိုင်၏ အိမ်စောင့်အစိုးရနှင့် ရွေးကောက်ပွဲကတိသည် စစ်အာဏာရှင် သက်ဆိုးရှည်စေရေး လမ်းပြမြေပုံ အဆင့်ဆင့်ကို သိုးရေခြုံ ထားခြင်း သက်သက်သာဖြစ်ပါသည်။ သူသည် ၁၉၅၈နှင့် ၁၉၆၂ကြား နိုင်ငံရေးကစားကွက်များဖြစ်သော နေဝင်း၏ ‘အိမ်စောင့်အစိုးရ’နှင့် ဉီးနု၏ ‘ဘာသာရေး အသုံးချသည့် နိုင်ငံရေး’ အမွေများကို ဆက်ခံ ထားပါသည်။ တစ်ကျော့ပြန် အသက်သွင်းထားပါသည်။
ထို့ကြောင့် မင်းအောင်လှိုင်သည် သူ့လမ်းပြမြေပုံ အကောင်ထည်ဖော်မှု အောင်မြင်သွားပါက ၂၀၂၃ခုနှစ် အထိသာ အာဏာထိန်းရန် မဟုတ်ဘဲ နောက်ထပ် ဆယ်စုနှစ် ပေါင်းများစွာ စစ်ဖိနပ်အောက် မှာ ပြည်သူများ ခံရဉီးမှာဖြစ်ပါသည်။ တစ်နည်းအားဖြင့် မင်းအောင်လှိုင်၏ လမ်းပြမည်ပုံသည် ပြည်သူ များအတွက် မျှော်လင့်စရာ လုံးဝ မရှိပေ။
ထို့ကြောင့် ပြည်သူများအနေဖြင့် နောက်ဆုံး ကျည်ဆံကို ထုတ်သုံးရတော့မည်။ ဤတစ်ကြိမ်ကို နောက်ဆုံး စစ်ပွဲအဖြစ် စိတ်ပိုင်းဖြတ်ရမည်။ ကိုဗစ်အပါအဝင် ကြားမှာ မည်သည့် အခက်အခဲ ကြုံတွေ့စေကာမူ တော်လှန်ရေးအရှိန် ရပ်တန့်ခြင်း မရှိသင့်ပေ။
ဤနှစ်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တာရား လုံးဝ ရပ်တန့်အောင် မလုပ်ဆောင်နိုင်ပါ က လူငယ်များ သွေးအေးသွားပြီး မင်းအောင်လှိုင်၏ လမ်းပြမြေပုံ အကောင်အထည်ဖော်ဆာင်မှု အောင်မြင်သွားနိုင်သည်ကို သတိချက်ရပါလိမ့်မည်။
ဆလိုင်းထောင်း
(၁- သြဂုတ် – ၂၀၂၁ ခုနှစ်)
Federal Journal
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.