Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တစ်လကျော်ကြာ Tilim Operation 02 စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ချင်း ပူးပေါင်းတပ်ဖွဲ့မှ ၄ ဦး ကျဆုံး

တစ်လကျော်ကြာ Tilim Operation 02 စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ချင်း ပူးပေါင်းတပ်ဖွဲ့မှ ၄ ဦး ကျဆုံး

0
By Editor on August 17, 2023 Headline

(03PT)

ချင်းပြည်နယ် ထန်တလန်မြို့တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက Tilim Operation 02 စစ်ဆင်ရေး ရက်ပေါင်း ၃၇ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ အများပြားဒဏ်ရာရှိခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်မှ ၄ ဦး ကျဆုံးခဲ့သည်ဟု CDF-Thangtlang က ထုန်ပြန်သည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်နေရာယူ စခန်းချထားသည့် နေရာများကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Chin National Army၊ Chinland Defense Force-Thantlang၊ နှင့် Chinland Defense Force-Zophei တို့က လွန်ခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကစ၍ Tilim Operation 02 အမည်ပေး စစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ 

ယင်း Tilim Operation 02 စစ်ဆင်ရေးဖော်‌ဆောင်နေချိန် ဇူလိုင်လ ၁၂ ရက်နေ့တွင် ထန်တလန်မြို့ ခလရ-၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦးမှာ လက်နက်အပြည်အစုံဖြင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံ ပူးပေါင်းအလင်းဝင်ခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က Tilim Operation 02 စစ်ဆင်ရေးအနေဖြင့် သြဂုတ်လ ၁၄ ရက်နေ့ မနက် ၅ နာရီအချိန်ကစတင်ကာ ထန်တလန်မြို့ပေါ်အခြေစိုက် အင်အား ၁၆၀ ခန့်ရှိ စစ်ကောင်စီတပ်ရင်း ခလရ-၂၆၉ အပါဝင်၊ ထန်တလန်မြို့နှင့် ဟားခါးမြို့ကြားရှိ Auto တောင်ကြော၊ TBC, TABC စသည့်နေရာများတွင် တိုက်ပွဲများဖော်ဆောင်ခဲ့ကြသည်။ 

၃၇ ရက်ကြာ ယင်း Tilim Operation 02 စစ်ဆင်ရေးတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး စစ်ကောင်စီတပ်သား ၂ ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း CDF-Thantlang က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်စခန်းခွဲ Haukabung စခန်းကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင်၊ သေနတ် ၃ လက်၊ RPG ၂ ခု၊ ကျက်ဆံ နှင့် ဗုံးများကိုလည်း သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း ဆိုသည်။

ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ CDF-Thangtlang တပ်သား ၁ ဦး နှင့် CDF-Zophei တပ်သား ၃ ဦး တို့မှာ တိုင်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်း Tilim Operation 02 စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့နယ် ခွါဖိုကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း အဆောက်အဦးအပါဝင် လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်နေသည့်အပြင် စစ်ကောင်စီတပ်သား အင်အားထပ်မံတိုးမြင့်ကာ စစ်ဆင်ရေးဖော်ဆောင်လာနိုင်သည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင့် ပြည်သူများအနေဖြင့် အသွားလာနေထိုင် ဆင်ခြင်သတိပြုကြရန် CDF-Thantlang က အသိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.