Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တပ်မတော်က အကန့်အသတ်ဖြင့်သာ ဆန်သယ်ယူခွင့်ပြုသည့်အတွက် ပလက်ဝမြို့နယ်တွင် ဆန်အခက်အခဲ ဆက်လက်ကြုံနေရ

တပ်မတော်က အကန့်အသတ်ဖြင့်သာ ဆန်သယ်ယူခွင့်ပြုသည့်အတွက် ပလက်ဝမြို့နယ်တွင် ဆန်အခက်အခဲ ဆက်လက်ကြုံနေရ

0
By Editor on May 27, 2019 Headline

By လားနွန် – မြန်မာ့တပ်မတော်မှ စစ်ရေးလုံခြုံရေးအရဟုဆိုကာ ပလက်ဝမြို့နယ်တွင် အကန့်အသတ်ဖြင့်သာ ဆန်သယ်ယူခွင့်ပြုသည့်အတွက် ဒေသခံပြည်သူများ ဆန်အခက်အခဲများကြုံနေကြရပြီး အထူးသဖြင့် ကျေးရွာအုပ်စုများတွင် ပိုမိုခက်ခဲနေကြသည်ဟုသိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတစ်စုအတွက် ဆန်အိတ် (၅၀) နှုန်းဖြင့်သာ တပ်မတော်က သယ်ယူခွင့်ပြုသည့်အတွက် ပြန်လည်ခွဲဝေရာတွင် မည်သို့မျှ လောက်ငှမှုမရှိဘဲ ဆန်ပြတ်လတ်သည့်အခြေအနေဖြစ်နေသည်ဟု ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာအုပ်ချူပ်ရေးမှူး ဦးဟွေ့လော့ကပြောသည်။

“ဒီတပ်မကခွင့်ပြုချက်နဲ့ ကျွန်တော်တို့သွားတယ် ပြီးတော့ ထွေအုပ်ရုံးဖြတ်တယ် ထွေအုပ်ရုံးက ခွင့်ပြုထားတဲ့အတိုင်း ကျွန်တော်တို့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကနေ၀ယ်လာတယ် ကျွန်တော်တို့ ထွေအုပ်ရုံးက ခွင့်ပြုထားတဲ့အတိုင်း ဝေခွဲပေးတယ် ကျွန်တော်တို့မှာ အုပ်စုတစ်စုအတွက် ကျေးရွာ ငါးရွာဆိုရင် အဲဒီ အုပ်စုတစ်စုအတွက် ဆန်က အိတ် ၅၀ ပဲခွင့်ပြုထားတယ် ဆိုတော့ ကျွန်တော်တို့ ဘယ်လိုမှ စားလို့မလောက်ဘူး လူဦးရေနဲ့မမျှဘူး၊ ဒီဆန်အိတ် ၅၀ လောက်နဲ့ကတော့ လုံးဝမလောက်ဘူးလေ အဲလိုဖြစ်နေတာ ဆန်ကပြတ်တာ” ဟု ဦးဟွေ့လော့ကပြောသည်။

ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာအုပ်စုသည် ကျေးရွာ ငါးရွာရှိပြီး အိမ်ခြေ ခြောက်ရာကျော်နှင့် လူဦးရေ နှစ်ထောင် ကျော်ရှိသည်။

မီးဇာကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူများရှိသည့်အတွက်ဟုဆိုကာ ၎င်းတို့အုပ်စုအတွက်တော့ ဆန်အိတ် (၇၀) သယ်ယူခွင့်ပြုသည်ဟု အုပ်ချူပ်ရေးမှူးကပြောသည်။

“တစ်ခါတင်ရင် အိတ် (၅၀) ပဲတင်ခွင့်ပြုတယ် ကျွန်တော်တို့မီးဇာကျတော့ စစ်ဘေးရှောင်ပြည်သူတွေရှိလို့ အိတ် (၇၀) ခွင့်ပြုထားတယ် ဒါပေမဲ့ ဆန်သယ်ဖို့သွားရင် ခွင့်ပြုချက်တောင်းတာနဲ့၊ ဘာတို့နဲ့ဆိုရင် ပလက်ဝမြို့မှာ တစ်ညအိပ်ရတယ် နောက်နေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်ရောက်ရင်လည်း ကျောက်တော်က အုပ်ချုပ်ရေးမှူးဆီ ထောက်ခံစာယူရတယ် အဲဒီလိုဆိုတော့ ခရီးက စက်လှေနဲ့သွားရင် တစ်ရက်နဲ့ရောက်နိုင်ပေမဲ့ ခွင့်ပြုချက်တောင်းတာတို့ရှိတော့ နှစ်ရက်ခရီးလိုဖြစ်နေတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးဟွေ့လောကပြောသည်။

ဆန်သယ်ယူခွင့်မကန့်သတ်ခင်က မီးဇာကျေးရွာအုပ်စုအတွက် ဆန်အိတ် (၄၀၀) ခန့် သယ်ယူလေ့ရှိသော်လည်း ယခုကဲ့သို့ ကန့်သတ်လိုက်သည့်အတွက် ဒေသခံပြည်သူများအတွက် မည်သို့မျှ လောက်ငှမှုမရှိဟု သိရသည်။

မီးဇာကျေးရွာသားတစ်ဦးက “အရင်တုန်းကတော့ အုပ်စုဆန်ခွဲတန်းက မီးဇာအုပ်စုဆိုရင် တစ်လစာအတွက် အိတ် (၄၀၀) လောက်ရတယ်လေ အခု အိတ် (၇၀) လောက်ပဲရတယ်ဆိုတော့ ဘယ်လိုမှမလောက်နိုင်ဘူး” ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်မှ ဆန်များကို အဓိကအားထားနေရပြီး ကျောက်တော်မှတဆင့် စက်လှေဖြင့် ပလက်ဝမြို့သို့ သယ်ဆောင်လေ့ရှိကြသည်။

သို့သော်လည်း ပလက်ဝမြို့နယ်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) လှုပ်ရှားမှုများရှိနေသည့်အတွက် ရိက္ခာဖြတ်တောက်သည့်အနေဖြင့် မြန်မာ့တပ်မတော်က မေလဆန်းပိုင်းမှစ၍ ပလက်ဝသို့ ဆန်သယ်ယူခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

မကြာသေးခင်ရက်ပိုင်းမှစ၍ မြို့နယ်အုပ်ချူပ်ရေးမှူး၏ ထောက်ခံချက်နှင့် အကန့်အသတ်ဖြင့် ပြန်လည် သယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။

(Photo- Kyaw Aung)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုကို ချင်းတပ်ဖွဲ့များအပါအဝင် ၁၉ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းကြောင်း ကြေညာ

ပလက်ဝမြို့နယ်က ဒေသခံခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ULA/AA က ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာဟု GKO ပြော

ဖလမ်းမြို့အနီး တိုက်ပွဲပြင်းထန်နေရာ စစ်ကော်မရှင်တပ် ထိခိုက်ကျဆုံးမှု များပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.