Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တပ်မတော်ပါတီဟု ပြိုင်ဖက်ပါတီများက မဲဆွယ်ဟောပြောမှုကြောင့် ရှုံးနိမ့်ရခြင်းဖြစ်ဟု ချင်း-USDP ပါတီဥက္ကဌပြော

တပ်မတော်ပါတီဟု ပြိုင်ဖက်ပါတီများက မဲဆွယ်ဟောပြောမှုကြောင့် ရှုံးနိမ့်ရခြင်းဖြစ်ဟု ချင်း-USDP ပါတီဥက္ကဌပြော

0
By Editor on November 9, 2020 Khonumthung

#Unicode

By လားနွန် – ပါတီမဲဆွယ်စည်းရုံးရေးကာလတွင် ပြိုင်ဖက်ပါတီများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် တပ်မတော်ပိုင်သည့်ပါတီဟု မဲဆွယ်ဟောပြောမှုများကြောင့် ရွေးကောက်ပွဲတွင် ရုံးနိမ့်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ် (USDP) ပါတီဥက္ကဌ ဒေါက်တာမှုထန်ကပြောသည်။

“အမှန်က တစ်ဖက်ပါတီက စည်းရုံးရေးစကားပြောရင် ကြံ့ခိုင်ရေးပါတီက တပ်မတော်ပါတီပဲ ခင်ဗျားတို့ မဲပေးတယ်ဆိုရင်လည်း ပေါ်တာပြန်ထမ်းရမယ် စစ်အုပ်ချုပ်ရေးပုံစံဖြင့်အုပ်ချူပ်မယ်ဆိုတဲ့ပုံစံမျိူး သူတို့ပြောတဲ့အခါကျတော့ လူတွေက အဲလိုထင်တာပေါ့နော် အရင်တုန်းက တပ်မတော် အစိုးရခေတ်တုန်းက သူတို့ပေါ်တာထမ်းခဲ့တာတွေဘာတွေ အနှိပ်စက်ခံတာတွေကို ကျနော်တို့ပါတီအပေါ် ပုံချတယ်လေ ပုံချတယ်ဆိုတာလည်းပဲ သူတို့မဲရဖို့အတွက် ကြံဖန်တာပဲ ကျနော်တို့ပါတီတက်တဲ့အခါမှာပဲ ပေါ်တာဆိုတာမရှိတော့ဘူးလေဆိုတော့ ဒါကြီးကိုအခု သူတို့မဲဆွယ်ဖို့သုံးတယ်ဒါပါပဲ အမှန်ကတော့ တပ်မတော်ကို မုန်းလို့ ကျနော်တို့ကိုမုန်းတာပါပဲ” ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာမှုထန်ကပြောသည်။

ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေစုုစုပေါင်း (၃၉) နေရာရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ မတူပီပြည်နယ်လွှတ်တော်၊ ဖလမ်းမြို့နယ်မှ ပြည်နယ်လွှတ်တော်နှင့် ဟားခါးမြို့နယ်ရှိ အမျိုးသားလွှတ်တော်စသည့် (၃) နေရာကျန်ထားပြီး (၃၆) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်မြေ တစ်နေရာမှအနိုင်ရရှိခြင်းမရှိခဲ့ပေ။

နိုဝင်ဘာ (၈) ရက်နေ့ ကျင်းပပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲမဲစာရင်းရလဒ်အရ ချင်းပြည်နယ်တွင် NLD ပါတီက၊ (၃၆) နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD က (၂) နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) က (၁) နေရာ ရရှိခဲ့ သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) သည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ချင်းပြည်နယ်တွင်အစိုးရဖွဲ့နိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ (၅) နေရာတွင်အနိုင်ရရှိခဲ့ပြီးသော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်မရရှိတော့ခြင်းဖြစ်သည်။

#Zawgyi


 “အမှန်က တစ်ဖက်ပါတီက စည်းရုံးရေးစကားပြောရင် ကြံ့ခိုင်ရေးပါတီက တပ်မတော်ပါတီပဲ ခင်ဗျားတို့ မဲပေးတယ်ဆိုရင်လည်း ပေါ်တာပြန်ထမ်းရမယ် စစ်အုပ်ချုပ်ရေးပုံစံဖြင့်အုပ်ချူပ်မယ်ဆိုတဲ့ပုံစံမျိုး သူတို့ပြောတဲ့အခါကျတော့ လူတွေက အဲလိုထင်တာပေါ့နော် အရင်တုန်းက တပ်မတော် အစိုးရခေတ်တုန်းက သူတို့ပေါ်တာထမ်းခဲ့တာတွေဘာတွေ အနှိပ်စက်ခံတာတွေကို ကျနော်တို့ပါတီအပေါ် ပုံချတယ်လေ ပုံချတယ်ဆိုတာလည်းပဲ သူတို့မဲရဖို့အတွက် ကြံဖန်တာပဲ ကျနော်တို့ပါတီတက်တဲ့အခါမှာပဲ ပေါ်တာဆိုတာမရှိတော့ဘူးလေဆိုတော့ ဒါကြီးကိုအခု သူတို့မဲဆွယ်ဖို့သုံးတယ်ဒါပါပဲ အမှန်ကတော့ တပ်မတော်ကို မုန်းလို့ ကျနော်တို့ကိုမုန်းတာပါပဲ” ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာမှုထန်ကပြောသည်။ 

ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေစုစုပေါင်း (၃၉) နေရာရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ မတူပီပြည်နယ်လွှတ်တော်၊ ဖလမ်းမြို့နယ်မှ ပြည်နယ်လွှတ်တော်နှင့် ဟားခါးမြို့နယ်ရှိ အမျိုးသားလွှတ်တော်စသည့် (၃) နေရာကျန်ထားပြီး (၃၆) နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်မြေ တစ်နေရာမှအနိုင်ရရှိခြင်းမရှိခဲ့ပေ။ 



Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.