Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တပ္မေတာ္ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သားတစ္ဦးေသဆံုးၿပီး ေနအိမ္မ်ားမီးေလာင္

တပ္မေတာ္ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သားတစ္ဦးေသဆံုးၿပီး ေနအိမ္မ်ားမီးေလာင္

0
By Editor on March 6, 2020 Headline

Zawgyi

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္၊ ပြီ၀ုန္းေက်းရြာအနီးတြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ မတ္လ (၄) ရက္ေန႔ ညေနပိုင္းက တိုက္ပြဲျဖစ္ပြားကာ တပ္မေတာ္၏ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သားတစ္ဦးေသဆံုးၿပီး လူေနအိမ္ (၃) လံုး မီးေလာင္ခဲ့သည္ဟုသိရသည္။

ပြီ၀ုန္းေက်းရြာသည္ ပလက္၀ၿမိဳ႕ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕အၾကား ကုလားတန္ျမစ္နံေဘးတြင္တည္ရွိသည့္ ေက်းရြာျဖစ္ၿပီး ရကၡိဳင့္တပ္ေတာ္သည္ အဆိုပါေက်းရြာအနီးတ၀ိုက္တြင္ ေျခကုတ္ယူထားသည္ဟုသိရသည္။

မတ္လ (၄) ရက္ေန႔ညေနပိုင္းက ျမန္မာ့တပ္မေတာ္က ေလေၾကာင္းျဖင့္ ဗံုးက်ဲတိုက္ခိုက္ရာတြင္ အသက္ (၃၀) အရြယ္ခန္႔ရွိေသာ ေဒသခံတစ္ဦးေသဆံုးခဲ့ၿပီး လူေနအိမ္ (၃) လံုးမီးေလာင္မႈျဖစ္ပြားခဲ့သည္ဟု အမည္မေဖာ္လိုသည့္ ပလက္၀ၿမိဳ႕ေဒသခံတစ္ဦးေျပာသည္။

“AA တပ္ဖြဲ႔ေတြက အဲဒီပြီ၀ုန္းေက်းရြာနားမွာ ေျခကုတ္ယူထားေတာ့ တပ္မေတာ္က ေလေၾကာင္းအသံုးျပဳၿပီး တိုက္ခိုက္တဲ့အခါ မဆိုင္တဲ့ရြာသားေတြသြားထိတာေပါ့’’ ဟု အဆိုပါေဒသခံကေျပာသည္။

အဆိုပါေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ပြီ၀ုန္းေက်းရွိ ရြာသားမ်ားသည္ ရြာမွာမေနရဲၾကေတာ့ပဲ ေရခ်မ္း၀ေက်းရြာဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကသည္ဟုသိရသည္။

Unicode

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပွီဝုန်းကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ မတ်လ (၄) ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားကာ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး လူနေအိမ် (၃) လုံး မီးလောင်ခဲ့သည်ဟုသိရသည်။

ပွီဝုန်းကျေးရွာသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့အကြား ကုလားတန်မြစ်နံဘေးတွင်တည်ရှိသည့် ကျေးရွာဖြစ်ပြီး ရက္ခိုင့်တပ်တော်သည် အဆိုပါကျေးရွာအနီးတဝိုက်တွင် ခြေကုတ်ယူထားသည်ဟုသိရသည်။

မတ်လ (၄) ရက်နေ့ညနေပိုင်းက မြန်မာ့တပ်မတော်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာတွင် အသက် (၃၀) အရွယ်ခန့်ရှိသော ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး လူနေအိမ် (၃) လုံးမီးလောင်မှုဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် ပလက်ဝမြို့ဒေသခံတစ်ဦးပြောသည်။

“AA တပ်ဖွဲ့တွေက အဲဒီပွီဝုန်းကျေးရွာနားမှာ ခြေကုတ်ယူထားတော့ တပ်မတော်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တဲ့အခါ မဆိုင်တဲ့ရွာသားတွေသွားထိတာပေါ့’’ ဟု အဆိုပါဒေသခံကပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပွီဝုန်းကျေးရှိ ရွာသားများသည် ရွာမှာမနေရဲကြတော့ပဲ ရေချမ်းဝကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.