Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တပ္မေတာ္၏ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ ပလက္၀တြင္ အရပ္သား (၇) ဦးေသဆံုး

တပ္မေတာ္၏ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ ပလက္၀တြင္ အရပ္သား (၇) ဦးေသဆံုး

0
By Editor on April 8, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ ဧၿပီလ (၇) ရက္ေန႔က ျဖစ္ပြားသည့္ တိုက္ပြဲတြင္ တပ္မေတာ္က ရဟတ္ယာဥ္ျဖင့္ဗံုးၾကဲပစ္ခတ္မႈေၾကာင့္ နန္းေခ်ာင္း၀ေက်းရြာမွ အရပ္သား (၇) ဦးေသဆံုးကာ (၈) ဦးဒဏ္ရာရရွိခဲ့သည္ဟု ပလက္၀ၿမိဳ႕နယ္အမ်ဴိးသား လႊတ္ေတာ္ကိုယ္စားလွယ္ဆလိုင္းမ်ဴိးထိုက္ကေျပာသည္။

“(၇) ဦးက ပြဲခ်င္းျပီးေသတယ္၊ (၈) ဦးက ဒဏ္ရာရတယ္၊ အိမ္ေတြလည္း မိီးေလာင္ပ်က္ဆီးတယ္၊ အခုဒဏ္ရာရသူေတြက မနက္မွ ပလက္၀ကိုေရာက္တယ္ (၂) ေယာက္က ဒဏ္ရာျပင္းထန္ေနတုန္း အဲဒါကို ဆမီးဘက္ မတူပီ မင္းတပ္ပိုဖို႔တြက္ ဘယ္လိုလုပ္ၾကမလဲဆိုတာကို အခုပလက္၀ဖက္က တာ၀န္ရိွတဲ့လူေတြစီစဥ္ေနတယ္” ဟု ဆလိုင္းမ်ိဳးထိုက္ကေျပာသည္။

ပလက္၀-ေက်ာက္ေတာ္ကားလမ္းမေပၚတြင္တည္ရွိသည့္ နန္းေခ်ာင္း၀ ေက်းရြာကို မယန္ေန႔ညေနပိုင္း ၃ နာရီႏွင့္ ၅ နာရီၾကားတြင္ တပ္မေတာ္ရဟတ္ယာဥ္ျဖင့္ ဗံုးၾကဲပစ္ခတ္ခံခဲ့ရျခင္းျဖစ္ၿပီး လူေနအိမ္ (၇) လံုးႏွင့္ ဆန္စက္တစ္လံုးလည္း မီးေလာင္ပ်က္စီးခဲ့သည္ဟု သိရသည္။

အဆိုပါကိစၥမ်ားႏွင့္ ပတ္သက္ျပီး ပလက္၀ျမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဒါက္တာေအးေက်ာ္က “ေရာက္လာတာ (၇) ေယာက္ အမ်ိဳးသားတစ္ေယာက္ထဲပါတယ္ အမ်ိဳးသမီး (၆) ေယာက္ စိုးရိမ္ရတာတစ္ေယာက္ပဲ၊ ဒဏ္ရတဲ့သူေတြကို က်ေနာ္တို႔ ဓာတ္မွန္ရိုက္ေပးထားတယ္ လက္ေမာင္း ဘယ္ဘက္လက္ေကာက္၀တ္ဒဏ္ရာတို႔ ေနာက္တစ္ေယာက္ကေတာ့ ဘယ္ဘက္ရင္အုံ ျပင္ပမီးေလာင္ဒဏ္ရာဓာတ္မွန္ရိုက္ထားတယ္ ညာတင္ပါး ညာေျခေထာက္ဒဏ္ရာ ဓာတ္မွန္ေတြရိုက္ထားတယ္ အခုဦးေခါင္းဒဏ္ရာလည္း ဓာတ္မွန္ရိုက္ထားတယ္ အဲဒါက မိန္းကေလးေတြျဖစ္တယ္ က်ေနာ္တို႔အခုအတတ္ႏိုင္ဆံုး ကုသေပးထားတယ္ ဆရာ၀န္မ်ားႏွင့္ ဆရာမေတြကကုသေပးထားတယ္ သူတို႔အေျခအေနေတြကေတာ့ ေလာေလာအေျဖမထြက္ေသးၾကေတာ့ ေျပာလို႔မရေသးတာရိွတယ္” ဟုေျပာသည္။

ၿပီးခဲ့သည့္ မတ္လ ၃၁ ရက္ေန႔ကလည္း တပ္မေတာ္၏ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ပလက္၀ၿမိဳ႕နယ္ ေဘာင္၀ေက်းရြာတြင္ လူေနအိမ္ (၁၃) လံုးမီးေလာင္းပ်က္စီးခဲ့ၿပီး ရြာသား (၂) ဦး ဒဏ္ရာရရွိခဲ့သည္။

ပလက္၀ၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္ AA တို႔တုိက္ပြဲျပင္းထန္လာၿပီး တပ္မေတာ္မွ ေလေၾကာင္းအသံုးျပဳ၍ ဗံုးၾကဲပစ္ခတ္မႈမ်ား ခတ္စိတ္စိတ္ျပဳလုပ္လာခဲ့သည္။

ၿပီးခဲ့သည့္ မတ္လ (၁၄) ႏွင့္ (၁၅) ရက္ေန႔ကလည္း တပ္မေတာ္ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ မိတ္စာ၀၊ ၀က္မႏွင့္ ၿပိဳင္တင္ေက်းရြာတို႔မွ အရပ္သားျပည္သူ (၂၁) ဦးေသဆံုးခဲ့ၿပီးျဖစ္သည္။

ယခုဗံုးၾကဲပစ္ခတ္ခံရသည့္ နန္းေခ်ာင္း၀ေက်းရြာသည္ အိမ္ေျခ (၄၀) ခန္႔ရွိၿပီး ပလက္ၿမိဳ႕ႏွင့္ (၁၀) မိုင္ခန္႔ကြာေ၀းသည္။

#Unicode

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဧပြီလ (၇) ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်က ရဟတ်ယာဉ်ဖြင့်ဗုံးကြဲပစ်ခတ်မှုကြောင့် နန်းချောင်းဝကျေးရွာမှ အရပ်သား (၇) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာရရှိခဲ့သည်ဟု ပလက်ဝမြို့နယ်အမျိူးသား လွှတ်တော်ကိုယ်စားလှယ်ဆလိုင်းမျိူးထိုက်ကပြောသည်။

“(၇) ဦးက ပွဲချင်းပြီးသေတယ်၊ (၈) ဦးက ဒဏ်ရာရတယ်၊ အိမ်တွေလည်း မိီးလောင်ပျက်ဆီးတယ်၊ အခုဒဏ်ရာရသူတွေက မနက်မှ ပလက်ဝကိုရောက်တယ် (၂) ယောက်က ဒဏ်ရာပြင်းထန်နေတုန်း အဲဒါကို ဆမီးဘက် မတူပီ မင်းတပ်ပိုဖို့တွက် ဘယ်လိုလုပ်ကြမလဲဆိုတာကို အခုပလက်ဝဖက်က တာဝန်ရှိတဲ့လူတွေစီစဉ်နေတယ်” ဟု ဆလိုင်းမျိုးထိုက်ကပြောသည်။

ပလက်ဝ-ကျောက်တော်ကားလမ်းမပေါ်တွင်တည်ရှိသည့် နန်းချောင်းဝ ကျေးရွာကို မယန်နေ့ညနေပိုင်း ၃ နာရီနှင့် ၅ နာရီကြားတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး လူနေအိမ် (၇) လုံးနှင့် ဆန်စက်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာအေးကျော်က “ရောက်လာတာ (၇) ယောက် အမျိုးသားတစ်ယောက်ထဲပါတယ် အမျိုးသမီး (၆) ယောက် စိုးရိမ်ရတာတစ်ယောက်ပဲ၊ ဒဏ်ရတဲ့သူတွေကို ကျနော်တို့ ဓာတ်မှန်ရိုက်ပေးထားတယ် လက်မောင်း ဘယ်ဘက်လက်ကောက်ဝတ်ဒဏ်ရာတို့ နောက်တစ်ယောက်ကတော့ ဘယ်ဘက်ရင်အုံ ပြင်ပမီးလောင်ဒဏ်ရာဓာတ်မှန်ရိုက်ထားတယ် ညာတင်ပါး ညာခြေထောက်ဒဏ်ရာ ဓာတ်မှန်တွေရိုက်ထားတယ် အခုဦးခေါင်းဒဏ်ရာလည်း ဓာတ်မှန်ရိုက်ထားတယ် အဲဒါက မိန်းကလေးတွေဖြစ်တယ် ကျနော်တို့အခုအတတ်နိုင်ဆုံး ကုသပေးထားတယ် ဆရာဝန်များနှင့် ဆရာမတွေကကုသပေးထားတယ် သူတို့အခြေအနေတွေကတော့ လောလောအဖြေမထွက်သေးကြတော့ ပြောလို့မရသေးတာရှိတယ်” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကလည်း တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ် ဘောင်ဝကျေးရွာတွင် လူနေအိမ် (၁၃) လုံးမီးလောင်းပျက်စီးခဲ့ပြီး ရွာသား (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲပြင်းထန်လာပြီး တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲပစ်ခတ်မှုများ ခတ်စိတ်စိတ်ပြုလုပ်လာခဲ့သည်။

ပြီးခဲ့သည့် မတ်လ (၁၄) နှင့် (၁၅) ရက်နေ့ကလည်း တပ်မတော်လေကြောင်းပစ်ခတ်မှုကြောင့် မိတ်စာဝ၊ ဝက်မနှင့် ပြိုင်တင်ကျေးရွာတို့မှ အရပ်သားပြည်သူ (၂၁) ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

ယခုဗုံးကြဲပစ်ခတ်ခံရသည့် နန်းချောင်းဝကျေးရွာသည် အိမ်ခြေ (၄၀) ခန့်ရှိပြီး ပလက်မြို့နှင့် (၁၀) မိုင်ခန့်ကွာဝေးသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.