Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို အကြွေးကိစ္စတိုင်ကြားမှုဖြင့် CDF-Thantlang က ဖမ်းဆီးထားစဉ် သံသယဖြစ်ဖွယ် သေဆုံးမှုဖြစ်ပွား

တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို အကြွေးကိစ္စတိုင်ကြားမှုဖြင့် CDF-Thantlang က ဖမ်းဆီးထားစဉ် သံသယဖြစ်ဖွယ် သေဆုံးမှုဖြစ်ပွား

0
By Editor on June 8, 2026 Headline

(004SS)

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အကြွေးကိစ္စဖြင့်တိုင်ကြားခံရမှုကြောင့် CDF-Thantlang က ဖမ်းဆီးထိန်း သိမ်းထားသည့် ၎င်းတို့တပ်ဖွဲ့ဝင်ဟောင်း ကိုထောင်ကျင်းသည် အချုပ်ခန်းထဲတွင် သံသယဖြစ်ဖွယ်သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု စုံစမ်း သိ ရှိရသည်။

ထန်တလန်မြို့နယ် ထိန်ဟွာလ်းရွာသား အသက် ၃၈ နှစ်အရွယ် ကိုထောင်ကျင်းသည် ဇွန်လ ၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် ၎င်းတို့ရွာရှိ အသိအိမ်တွင် အလည် ရောက်နေစဉ် CDF-Thantlang ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့ ဇွန်လ ၂ ရက်နေ့ မနက် ၇ နာရီတွင် အချုပ်ခန်းအတွင်း၌ ကြိုးဆွဲချအနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟုသိရသည်။

“ထောင်ကျင်းကို ခေါ်သွားကြပြီးစခန်းရောက်တော့ စစ်ဆေးမေးမြန်တယ်၊ ခါးအောက်ပိုင်း တုတ်နဲ့ရိုက်စစ်ခဲ့တယ်လို့ ပြောပါတယ်။ အဲလိုနဲ့ညအိပ်ကြပြီးတော့ နောက်နေ့ မနက် ၇ နာရီမှာ ကြိုးဆွဲချသွားတယ်ဆိုပြီး အကြောင်းကြားလာပါ တယ်။ CDF ဘက်ပြေပုံအရ ခါးပတ်ကြိုးနဲ့ ကိုယ့်ကိုယ်ကိုယ်ဆွဲချတာလို့ ပြောတယ်။ ကျွန်တော်တို့ ရောက်သွားတော့လည်း ကြိုးဆွဲချလျက်အခြေအနေကို ကိုယ်တိုင်မမြင်ရပါဘူး။ ကုတင်ပေါ် ပက်လက်တင်ထားတဲ့ အလောင်းကိုပဲ လွှဲပေးပါတယ်။ သူတို့ ဓါတ်ပုံရိုက်ထားလို့ ပြပေးပါတယ်။ ပုံမှာ ဒူးကွေးလျက် ကြမ်းပြင်မထိယုံ ခြေမလွတ်တဲ့ အနေအထား ဖြစ်နေပါတယ်။ သူ့ရဲ့ နှာခေါင်း၊ ပါးစပ်၊ ရင်ဘတ်နဲ့ ပေါင်တွေမှာပါ သွေးတွေ ပေကျံနေတာပါ။ နောက် ကြိုးဆွဲချတဲ့ကြမ်းပြင်မှာလဲ သွေးတွေ ကျန်နေခဲ့ပါတယ်။ ကျွန်တော်တို့အဖြစ်မှန်ကိုမသိရပါဘူး ဒါပေမဲ့ အားလုံးက ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးရာကနေ သေဆုံးတာလားလို့ ယူဆနေပါတယ်။ ကြိုးဆွဲချရင် သွေးထွက်တာမျိုးမမြင်ဖူးပါဘူး။ တပ်ဖွဲ့ဝင် Chairman ပြောတာက လမ်းမှာ အကြွေးရှင် ဒေါ် ဒါရ်ကျဲရ်က ထိုးလို့ သွေးထွက်တာလို့ ပြောပါတယ်။ ဒါဆိုရင် CDF-Thantlang က ဥပဒေအရ ဖမ်းတယ်ဆိုရင် သူတို့ဖမ်းထားတဲ့သူကို ဘာဖြစ်လို့ လမ်းလယ်ခေါင်မှာ တခြားသူကို သွေးထွက်သံယိုဖြစ်အောင် ဘာလို့ ထိုးနှက်ခွင့်ပြုထားတာလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။” ဟု ထိန်ဟွာလ်းရွာ ဒေသခံရပ်မိရပ်ဖတစ်ဦးက ပြောသည်။

CDF- Thantlang တပ်ဖွဲ့ဝင်ဟောင်း ကိုထောင်ကျင်း၏ ရုပ်အလောင်းကို ထိုနေ့ညနေ ၄ နာရီတွင် ဇာတိရွာ ထိန်ဟွာလ်း (Thinghual) ရွာတွင် မြေမြှုပ်သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

ကိုထောင်ကျင်းကို အိန္ဒိယ -မြန်မာနယ်စပ် ဇိုခေါထာရ်တွင် နေထိုင်သူ တီခွာန်တုမ် ဇာတိ ဒေါ်ဒါရ်ကျဲရ်၏ အကြွေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု CDF-Thantlang က မိသားစုထံ ပြောကြားခဲ့ကြောင်း ရပ်မိရပ်ဖကဆက်ပြော ဆိုသည်။

သို့သော် အဆိုပါ တိုင်ကြားသူ ဒေါ်ဒါရ်ကျဲရ်သည်လည်း ပြစ်မှုတစ်ခုဖြင့် CDF-Thantlang ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသူဖြစ်ပြီး အစပိုင်းတွင် ငွေကျပ်သိန်း ၅၀၀ ဒဏ်ငွေပေးဆောင်ကာ လွှတ်ပေးမည်ဟု သတင်းထွက်ခဲ့သော် လည်း ကိုထောင်ကျင်း ဖမ်းဆီးမခံရမီ နာရီပိုင်းအလို ဇွန်လ ၁ ရက်နေ့ ည ၁၀ နာရီခွဲတွင် ငွေကျပ်သိန်း ၂၀၀ ဖြင့် လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။

သူမသည် မည်သည့်အမှုဖြင့် CDF-Thantlang ၏ဖမ်းဆီးခြင်းခံရသည်ကို အတိအကျမသိရသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ငွေကြေးအလွန်ချမ်းသာသူတစ်ဦးဖြစ်သည်ဟု သူမအကြောင်း သိရှိသူ များက ပြောသည်။

သေဆုံးသွားသည့် ကိုထောင်ကျင်း၏ ရုပ်အလောင်းကို ကြည့်ရှုခဲ့သူများမှ ပြောပြချက်အရ ကိုထောင်ကျင်း၏ ကျောဘက်တွင် ညိုမဲဒဏ်ရာများနှင့် ခြေသလုံးတွင် အက်ကွဲဒဏ်ရာများ တွေ့ရှိရသည့်အပြင် နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများအလွန်အမင်းထွက်ကာ ပေါင်အထိ ပေကျံနေသဖြင့် အချုပ်ခန်းအတွင်း ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးရာမှ သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရွာသားများက ယူဆနေကြသည်။

ကိုထောင်ကျင်းသည် ဖခင်ဖြစ်သူနှင့်အတူ နေထိုင်သူဖြစ်ပြီး CDF-Thantlang တပ်ဖွဲ့တွင် ၅ နှစ်ကြာ တော်လှန်ရေးတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ သို့သော် မိသားစုအခြေအနေကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကုန်ပိုင်းကမှ တရားဝင် ရပ်နား ထားသူ ဟု သိရသည်။

၎င်းသေဆုံးသည့်နေ့တွင် CDF-Thantlang တပ်ဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူအချို့က ရွာသို့ လိုက်လာကာ ၎င်းတို့၏ လုပ်ဆောင် ချက်များတွင် အမှားများ ရှိနိုင်ကြောင်း ဝန်ခံခဲ့ပြီး အလောင်းအတွက် ခြုံစောင်နှင့် ငွေကြေးအချို့ လာရောက်ထောက်ပံ့ခဲ့ သည်ဟု သေဆုံးသူ ကိုထောင်ကျင်းနှင့်နီးစပ်သူက ပြောသည်။

“ဘယ်သူမဆို အကြွေးတင်နိုင်ပေမဲ့ မိဘတွေနဲ့ အကျိုးအကြောင်း ဆီလျော်စွာ ဖြေရှင်းနိုင်ရဲ့သားနဲ့ ဒေါ်ဒါရ်ကျဲရ်က ချမ်းသာတဲ့သူဖြစ်လို့ တပ်ဖွဲ့က တစ်ဖက်သတ်ရပ်တည်ပြီး လာဘ်ထိုးမှုဖြစ်မယ်လို့ အားလုံးက ယူဆနေကြပါတယ်။ အလောင်းကို ကြည့်မိသူတွေပြောအရလည်း ကျောဘက်မှာ ညိုမဲဒဏ်ရာတွေ၊ ခြေသလုံးမှာ အက်ကွဲဒဏ်ရာတွေ ရှိနေတယ်။ အခုလို သေလောက်တဲ့ ပြစ်မှုမရှိဘဲ ရွာသားတစ်ယောက် ရိုက်နှက်ခံရပြီး စခန်းထဲမှာတင် သေဆုံးသွားတာကို ကျွန်တော်တို့ ရွာသားတွေအားလုံး စိတ်မကျေနပ်နိုင်ပါဘူး။ ကျန်ရစ်သူမိသားစုနဲ့အတူ အဆုံးထိ ရပ်တည်သွားမှာပါ။ ဒီကိစ္စကို တပ်ဖွဲ့ဆီ ဇွန် ၄ ရက်နေ့က စာပို့ထားပါတယ်။ ဘာမှမထူးသေးလို့ ဇွန် ၈ ရက် တနင်္လာနေ့အထိ စောင့်ကြည့်ပါ မယ်။ အဲဒီအထိမှ အကြောင်းမပြန်ရင်တော့ Chinland Council တရားရေးမှာ စာတင်ပြီး အရေးဆိုသွားမှာပါ” ဟု ထိန်ဟွာလ်းရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ CDF-Thantlang ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

ထန်တလန်ဒေသခံ လူကြီးတစ်ဦးက “ ဒီလိုပြသာနာတွေ ဖြေရှင်းရာမှာ အကြွေးရှင်ရော အကြွေးတင်တဲ့သူရော သက်ဆိုင်သူတွေနဲ့ နှစ်ဘက်စလုံးကို ဆင့်ခေါ်ပြီး အကျိုးအကြောင်း ဆီလျော်စွာ မျှတစွာ နှစ်ဘက်ကြား အမုန်းမပွါးရအောင် ပြေပြေလည်လည် ဆွေးနွေးပေးပြီး ဖြေရှင်းသင့်တာမဟုတ်ဘူးလားဆိုတာ ပြောချင်ပါတယ်။ ကျွန်တော်တို့ အာဏာရှင်ကိုတော်လှန်ရင်း အာဏာကို အလွဲသုံးစားမိပြီလား ဆိုတာ စဉ်းစားဆင်ခြင်စေလိုပါတယ်” ဟုပြောသည်။

#ကိုထောင်ကျင်း⁠ ⁠#ThawngCin⁠ ⁠#CDFThantlang⁠ #ထန်တလန်သတင်း⁠
⁠#ချင်းပြည်နယ်သတင်း⁠ ⁠#ChinStateNews

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.