Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တပ်မတော်မှ ကမ်းလှမ်းသော ချင်းပြည်နယ် စီမံအုပ်ချူပ်ရေးကောင်စီ ဥက္ကဌ ရာထူး လက်ခံသူမရှိ

တပ်မတော်မှ ကမ်းလှမ်းသော ချင်းပြည်နယ် စီမံအုပ်ချူပ်ရေးကောင်စီ ဥက္ကဌ ရာထူး လက်ခံသူမရှိ

0
By Editor on February 16, 2021 Headline

#Unicode

ချင်းပြည်နယ်စီမံအုပ်ချူပ်ရေးကောင်စီ ဥက္ကဌ တာဝန်ယူထားသည့် ဦး Terrance San Mawi Nikhuai ကွယ်လွန်ပြီး နောက် ၎င်းရာထူးအားတာဝန်ယူထမ်းဆောင်နိုင်မည့်ပုဂ္ဂိုလ်များကို တပ်မတော်က လိုက်လံကမ်းလှမ်းခဲ့သော်လည်း ယနေ့ချိန်ထိ လက်ခံသူမရှိကြောင်းသိရသည်။

ဦး Terrance San Mawi Nikhuai သည် ချင်းပြည်နယ်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဌ ရာထူး ဖေဖော်ဝါရီလ ၃ ရက်နေ့က လက်ခံရယူပြီးနောက် ၈ ရက်အကြာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့နံနက်ပိုင်းက နှလုံးရောဂါဖြင့် ရုတ်တရက်ကွ ယ်လွန်သွားခဲ့ သည့်အတွက် အဆိုပါရာထူးအားလက်ခံပေးရန် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည့် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ကမ်းလှမ်းခဲ့သော်လည်း လက်ခံရန်ငြင်းဆန်ခဲ့ကြသည်ဟု သိရသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဟားခါးမြို့ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၁) တွင် တစ်သီး ပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုခဲ့သော ဦးထလာဟရဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့နံနက်ပိုင်းက သက်ဆိုင်ရာ အာဏာပိုင်များက ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ သို့မဟုတ် ဝန်ကြီးရာထူးအတွက် ကမ်းလှမ်းခဲ့သော်လည်း ရာထူးလက်ခံရန်ငြင်းဆန်ခဲ့သည်။

ဦးထလာဟရဲက “ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒါမှဟုတ် ဝန်ကြီး အဖြစ်ပေါ့နော် မနေ့က မနက်ပိုင်းမှာ ကမ်းလှမ်း တယ်၊ မိသားစုနဲ့တိုင်ပင်ပြီးတော့မှ ငြင်းလိုက်ရပါတယ်၊ ဒီတာဝန်ကို ငြင်းလိုက်တာကတော့ တရားဝင် ပြည်သူကို ကို်ယ်စား ပြုတဲ့အစိုးရအဖွဲ့ဆိုရင်တော့ မငြင်းပါဘူး၊ ပြည်သူကို ကိုယ်စားမပြုတဲ့ တရားမဝင်အစိုးရအဖွဲ့ပေါ့လေ၊ တရားဝင်အစိုးရ အဖွဲ့ဖြစ်တယ်လို့ ကျွန်တော်မခံယူပါဘူး ဒါကြောင့် ငြင်းတာပါ၊” ဟု ပြောသည်။

ဦးထလာဟရဲ သည် ချင်းပြည်နယ်စည်ပင်ညွှန်းကြားရေးမှူးအဖြစ် ပင်စင်ယူထားသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ဟားခါး မြို့နယ်တွင် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သူဖြစ်သည်။

အလားတူပဲ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ပါတီ၏ ပြည်နယ်လွတ်တော်အမတ်ဖြစ်သူ ဦးရှန်မန်းကိုလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာပင် သက်ဆိုင်ရာအာဏာပိုင်းများက ပြည်နယ်စီမံအုပ်ချူပ်ရေးကောင်စီ ဥက္ကဌ ရာထူး လက်ခံရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်ဟု သိရသည်။

နိုင်ငံတော်စီမံအုပ်ချုူပ်ရေးကောင်စီသည် ပြည်သူလူထုမှရွေးချယ်ထားသည့်အစိုးရအဖွဲ့မဟုတ်သောကြောင့် ပြည်သူလူထု လက်မခံသောအစိုးရအဖွဲ့တွင် အလုပ်မလုပ်ချင်သည့်အတွက် ဦးရှန်မန်းအနေဖြင့် ငြင်းပယ်ရခြင်းဖြစ်သည်ဟု သိရပြီး ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးသန့်ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲပေ။

ဦးရှန်မန်းသည် ဟားခါးမြို့မိမြို့ဖတစ်ဦးဖြစ်သည့်အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် CNLD ပါတီကိုယ်စားပြုအနေဖြင့် ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သူဖြစ်သည်။

တပ်မတော်မှဖွဲ့စည်းလိ်ုက်သော နိုင်ငံတော်စီမံံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီများအ နက် ရခိုင်အမျိူးသားပါတီ(ANP)၊ မွန်ညီညွတ်ရေးပါတီ(MUP) တို့က လက်ခံထားကြပြီး ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) နှင့် အရှိုချင်းအမျိူးသားပါတီ(ACNP) တို့ကတော့ တပ်မတော်၏ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြသည်။

#Zawgyi




ဦးထလာဟရဲက “ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒါမှဟုတ် ဝန်ကြီး အဖြစ်ပေါ့နော် မနေ့က မနက်ပိုင်းမှာ ကမ်းလှမ်း တယ်၊ မိသားစုနဲ့တိုင်ပင်ပြီးတော့မှ ငြင်းလိုက်ရပါတယ်၊ ဒီတာဝန်ကို ငြင်းလိုက်တာကတော့ တရားဝင် ပြည်သူကို ကိုယ်စား ပြုတဲ့အစိုးရအဖွဲ့ဆိုရင်တော့ မငြင်းပါဘူး၊ ပြည်သူကို ကိုယ်စားမပြုတဲ့ တရားမ၀င်အစိုးရအဖွဲ့ပေါ့လေ၊ တရားဝင်အစိုးရ အဖွဲ့ဖြစ်တယ်လို့ ကျွန်တော်မခံယူပါဘူး ဒါကြောင့် ငြင်းတာပါ၊” ဟု ပြောသည်။


အလားတူပဲ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ပါတီ၏ ပြည်နယ်လွတ်တော်အမတ်ဖြစ်သူ ဦးရှန်မန်းကိုလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာပင် သက်ဆိုင်ရာအာဏာပိုင်းများက ပြည်နယ်စီမံအုပ်ချူပ်ရေးကောင်စီ ဥက္ကဌ ရာထူး လက်ခံရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်ဟု သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူလူထုမှရွေးချယ်ထားသည့်အစိုးရအဖွဲ့မဟုတ်သောကြောင့် ပြည်သူလူထု လက်မခံသောအစိုးရအဖွဲ့တွင် အလုပ်မလုပ်ချင်သည့်အတွက် ဦးရှန်မန်းအနေဖြင့် ငြင်းပယ်ရခြင်းဖြစ်သည်ဟု သိရပြီး ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးသန့်ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲပေ။


တပ်မတော်မှဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီများအ နက် ရခိုင်အမျိုးသားပါတီ(ANP)၊ မွန်ညီညွတ်ရေးပါတီ(MUP) တို့က လက်ခံထားကြပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) နှင့် အရှိုချင်းအမျိုးသားပါတီ(ACNP) တို့ကတော့ တပ်မတော်၏ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.