Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တပ်မတော် စစ်အာဏာသိမ်းမှု ချင်းလူငယ်များ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

တပ်မတော် စစ်အာဏာသိမ်းမှု ချင်းလူငယ်များ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

0
By Editor on February 10, 2021 Headline

#Unicode

By လားနွန် – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို အကြောင်းပြပြီး မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ချင်းလူငယ်များအဖွဲ့များက ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော ချင်းလူငယ်များကွန်ယက်၏ ထုတ်ပြန်ကြေညာချက်တွင် “ နိုင်ငံတော်၏ အာဏာကို လက်နက်ဖြင့်အတင်းအဓမ္မခြိမ်းခြောက်သိမ်းယူခြင်းကို လုံးဝ(လုံးဝ) လက်မခံဘဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီး ယခုလုပ်ရပ်ကြောင့် တည်ဆောက်နေဆဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထောက်တိ်ုင်များအား ထိခိုက်ပျက်စီးစေသည့်အတွက် အာဏာသိမ်းမြန်မာ့စစ်ခေါင်းဆောင်များ ဦးဆောင်သော စစ်အာဏာရှင်အစိုးရကို လုံးဝအသိအမှတ်မပြု’’ ဟု ဖော်ပြထားသည်။
ထို့အပြင် တပ်မတော်မှ ဖမ်းဆီးထားသည့် လူပုဂ္ဂိုလ်များအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေးပြသနာများကို နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်ကာအမြန်ဆုံးအဖြေရှာနိုင်ရန် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်မနိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲများ အမြန်ဆုံးပြုလုပ်ကြရန် အလေးအနက်တောင်းဆိုသည်ဟု ဖော်ပြထားသည်။
အလားတူ ချင်းပြည်နယ်လူငယ်ရေးရာကော်မတီကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စော င်ထုတ်ပြန်ကာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ဆန္ဒကို အလေးအနက်ထားရန်၊ ရွေးကောက်ပွဲလဒ်ကို လေးစားလိုက်နာရန်နှင့် ဒီမိုကရေစီစံသတ်မှတ်ချက်တွေကို စောင့်ထိန်းလိုက်နာရန်တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်၊ သမ္မတ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တရားမဲ ဖမ်းဆီးထိန်း သိမ်းထားသည့်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း၎င်းတို့၏ကြေညာချက်တွင်ဖော်ပြထားသည်။
၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပြုနိုင်သောမဲစာရင်းပေါင်း ၁၀ သန်းကျော်ရှိသည်ဟု တပ်မတော်၏ တွေ့ရှိချက်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်းမပြုသည့်အပြင် ပြည်သူလွှတ်တော်နှင့် အမျိူးသားလွှတ်တော်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကိုလည်း ရွှေ့ဆိုင်းပေးခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူသည့် အတွက်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းယူလိုက်ခြင်းဖြစ်သည်။
#Zawgyi
By လားႏြန္ – ၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈကို အေၾကာင္းျပၿပီး ျမန္မာ့တပ္မေတာ္က နိုင္ငံေတာ္အာဏာ သိမ္းယူမႈကို ျပင္းျပင္းထန္ထန္ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ခ်င္းလူငယ္မ်ားအဖြဲ႕မ်ားက ေၾကညာခ်က္ထုတ္ျပန္ခဲ့ၾကသည္။
ေဖေဖာ္ဝါရီလ ၂ ရက္ေန႔စြဲျဖင့္ထုတ္ျပန္ေသာ ခ်င္းလူငယ္မ်ားကြန္ယက္၏ ထုတ္ျပန္ေၾကညာခ်က္တြင္ “ နိုင္ငံေတာ္၏ အာဏာကို လက္နက္ျဖင့္အတင္းအဓမၼၿခိမ္းေျခာက္သိမ္းယူျခင္းကို လုံးဝ(လုံးဝ) လက္မခံဘဲ ျပင္းျပင္းထန္ထန္ကန႔္ကြက္ရႈတ္ခ်ၿပီး ယခုလုပ္ရပ္ေၾကာင့္ တည္ေဆာက္ေနဆဲ လူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီ ေထာက္တိ္ုင္မ်ားအား ထိခိုက္ပ်က္စီးေစသည့္အတြက္ အာဏာသိမ္းျမန္မာ့စစ္ေခါင္းေဆာင္မ်ား ဦးေဆာင္ေသာ စစ္အာဏာရွင္အစိုးရကို လုံးဝအသိအမွတ္မျပဳ’’ ဟု ေဖာ္ျပထားသည္။
ထို႔အျပင္ တပ္မေတာ္မွ ဖမ္းဆီးထားသည့္ လူပုဂၢိဳလ္မ်ားအားလုံး အျမန္ဆုံးျပန္လႊတ္ေပးရန္ႏွင့္ နိုင္ငံေရးျပသနာမ်ားကို နိုင္ငံေရးေဆြးေႏြးမႈမ်ားျပဳလုပ္ကာအျမန္ဆုံးအေျဖရွာနိုင္ရန္ တိုင္းရင္းသားပါတီမ်ား၊ တိုင္းရင္းသားေတာ္လွန္ေရး လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ျပည္မနိုင္ငံေရးပါတီမ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားပါဝင္ေသာ နိုင္ငံေရးေတြ႕ ဆုံေဆြးေႏြးပြဲမ်ား အျမန္ဆုံးျပဳလုပ္ၾကရန္ အေလးအနက္ေတာင္းဆိုသည္ဟု ေဖာ္ျပထားသည္။
အလားတူ ခ်င္းျပည္နယ္လူငယ္ေရးရာေကာ္မတီကလည္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔စြဲျဖင့္ ေၾကညာခ်က္တစ္ေစာ င္ထုတ္ျပန္ကာ ၂၀၂၀ ခုႏွစ္ နိုဝင္ဘာလ (၈) ရက္ေန႔ က်င္းပျပဳလုပ္ခဲ့သည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲတြင္ ျပည္သူမ်ား၏ဆႏၵကို အေလးအနက္ထားရန္၊ ေရြးေကာက္ပြဲလဒ္ကို ေလးစားလိုက္နာရန္ႏွင့္ ဒီမိုကေရစီစံသတ္မွတ္ခ်က္ေတြကို ေစာင့္ထိန္းလိုက္နာရန္ေတာင္းဆိုထားသည္။
ထို႔အျပင္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အပါအဝင္၊ သမၼတ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္မ်ား၊ လႊတ္ေတာ္ဥကၠဌမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ နိုင္ငံေရးတက္ႂကြလႈပ္ရွားသူမ်ားကို တရားမဲ ဖမ္းဆီးထိန္း သိမ္းထားသည့္အေပၚ အျပင္းအထန္ကန႔္ကြက္ေၾကာင္း၎တို႔၏ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။
၂၀၂၀ ခုႏွစ္ပါတီစုံအေထြေထြေရြးေကာက္ပြဲတြင္ မဲမသမာမႈျပဳနိုင္ေသာမဲစာရင္းေပါင္း ၁၀ သန္းေက်ာ္ရွိသည္ဟု တပ္မေတာ္၏ ေတြ႕ရွိခ်က္ႏွင့္ပတ္သက္၍ အေရးယူေဆာင္ရြက္ျခင္းမျပဳသည့္အျပင္ ျပည္သူလႊတ္ေတာ္ႏွင့္ အမ်ိဴးသားလႊတ္ေတာ္ကို ေရႊ႕ဆိုင္းေပးရန္ ေတာင္းဆိုမႈကိုလည္း ေရႊ႕ဆိုင္းေပးျခင္းမရွိဘဲ လႊတ္ေတာ္ေခၚယူသည့္ အတြက္ဟုဆိုကာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၇ အရ နိုင္ငံေတာ္အား အေရးေပၚအေျခအေန ေၾကညာၿပီး ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က တပ္မေတာ္က အာဏာသိမ္းယူလိုက္ျခင္းျဖစ္သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

ချင်းပြည်၊ မြို့နယ်နှင့် တရားရုံးများက အမှုပေါင်း ၆၄၀ ကျော်ကို စစ်ဆေးစီရင်နိုင်ခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

September 9, 2026

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

September 8, 2026

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.