Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တပ်မဟာ – ၁ ၏ မတူပီမြို့ပအဖ ပြန်လည်ဖွဲ့စည်းမှုက ယခင်မြို့ပအဖ အာဏာကို လုယူခြင်းဟု မတူပီ – တပ်မဟာ ၂ ထုတ်ပြန်

တပ်မဟာ – ၁ ၏ မတူပီမြို့ပအဖ ပြန်လည်ဖွဲ့စည်းမှုက ယခင်မြို့ပအဖ အာဏာကို လုယူခြင်းဟု မတူပီ – တပ်မဟာ ၂ ထုတ်ပြန်

0
By Editor on July 31, 2024 Headline

(006SV)

CDF- မတူပီ၊ တပ်မဟာ – ၁ ၏ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးပြန်လည်ဖွဲ့စည်းမှုသည် ယခင်ဖွဲ့စည်းထားသော မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအာဏာကို အဓမ္မလုယူခြင်းသာဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ ၂ က ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်က CDF- မတူပီ၊ တပ်မဟာ – ၁ ၏ မတူပီမြို့နယ်ပအဖ ဖွဲ့စည်းခြင်းသည် လူနည်းစုက ဖွဲ့စည်းသော အဖွဲ့ဖြစ်ပြီး ပြည်သူ့ညီလာခံဖြင့် ၂၀၂၂ ၊ အောက်တိုဘာလ ၆ ရက်က ဖွဲ့စည်းထားသော မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အာဏာကို အတင်း အဓမ္မ လုယူခြင်းသာဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂ က ဇူလိုင် ၂၈ ရက်စွဲဖြင့် ယမန်နေ့က ထုတ်ပြန်သည်။

“ဒီမြို့ဟာ တစ်ဦးတစ်ယောက် လူနည်းစုနည်းနည်းလေးနဲ့ အုပ်ချုပ်ရေးဖွဲ့တာတွေက ဒါ မဖြစ်သင့်ဘူး။ မတူပီမြို့ ပြည်သူအားလုံးက ပြည်သူညီလာခံကျင်းပပြီးမှပဲ အုပ်ချုပ်ရေးဆိုတဲ့ဟာကို ဖော်ဆောင်လို့ရတယ်။ ကျေးရွာပေါင်းစုံကနေ တက်လာမယ့် အုပ်ချုပ်ရေးမှူးတွေကအစ၊ အားလုံးညီလာခံကြီးခေါ်ပြီးမှ မတူညီတဲ့ အခန်းကဏ္ဍကနေ တူညီတဲ့ အုပ်ချုပ်ရေးကဏ္ဍအထိ ဖော်ဆောင်နိုင်တဲ့ အုပ်ချုပ်ရေးမျိုးကို လိုချင်တယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်က ပြောသည်။

မတူပီမြို့နယ်ပအဖသည် ရပ်ကွပ်၊ ကျေးရွာမှ အမှတ်၊ တိုက်နယ်၊ ယင်းမှ မြို့နယ်အဖြစ် ပြည်သူ့ညီလာခံခေါ်ယူ၍ အများသဘောတူ ရေးဆွဲသော အုပ်ချုပ်ရေးနည်းဥပဒေဖြင့်သာ ဖွဲ့စည်းတည်ဆောက်ရမည်ဟု တပ်မဟာ – ၂ က ဆိုသည်။

လက်နက်အားကိုးသော အာဏာဖြင့် ဖွဲ့စည်းခြင်းသည် လူမျိုးရေးပြသနာကို ဖြစ်စေသော လုပ်ရပ်ဖြစ်သောကြောင့် လုံးဝရှုတ်ချကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂ က ထုတ်ပြန်သည်။

“ရှင်းရှင်းပြောမယ်ဆိုရင် ဒီဟာကို အမြန်ဆုံးရပ်တန့်ရင်‌တော့ အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒီတိုင်း ရှေ့ဆက်သွားမယ်ဆိုရင် နောက်နောင် မတူပီကိစ္စမှာ အများကြီး ပြသနာ ပိုကြီးသွားနိုင်တယ်။ ကျနော်တို့လည်းလုပ်စရာရှိတာ လုပ်မှာပဲ။ ဒီလိုမျိုး အခင်းအကျင်းတွေ မဖြစ်ခင်မှာ တိုင်ပင်ညှိနှိုင်းမှုတွေ အများကြီးလိုတယ်။ တိုင်ပင်ညှိနှိုင်းပြီးမှ စည်းလုံးရေး ဖော်ဆောင်နိုင်ပြီးမှပဲ အုပ်ချုပ်ရေးယန္တရားကို ကောင်းကောင်း လည်ပတ်နိုင်မှာ ဖြစ်တယ်”ဟု တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် တပ်မဟာ – ၂ အကြား စည်းလုံးမှုကိုလည်း I CNCC နှင့် ချင်းညီနောင်အဖွဲ့ ဦးဆောင်သူများသည် အလေးပေးဆောင်ရွက်ခြင်းမရှိကြောင်း CDF- မတူပီ တပ်မဟာ ၂ ကပြောသည်။

မတူပီ- ပလက်ဝလမ်း ကျေးရွာများနှင့် တောတောင်တစ်လျှောက်တွင် တောနင်းစစ်ကြောင်းထိုးနေသော ULA/ AA ၊ ချင်းညီနောင်အဖွဲ့နှင့် တပ်မဟာ – ၁ တို့ အမြန်ဆုံး ဆုတ်ခွာပေးရန် တပ်မဟာ – ၂ က တောင်းဆိုထားသည်။

တပ်မဟာ – ၂ သည် ချင်းအမျိုးသား စည်းလုံးမှုကို ရှေးရှုသော တပ်ဖွဲ့ဖြစ်ပြီး လက်ရှိ မတူပီမြို့ဖြစ်စဉ်တွင် အများပြည်သူ လိုလာနေသည့် မတူပီ လက်နက်ကိုင် နှစ်ဖွဲ့ စည်းလုံးမှုအတွက် အမြန်ဆုံး ဆွေးနွေးအဖြေရှာရန် လိုအပ်နေပြီးဖြစ်ကြောင်း တပ်မဟာ – ၂ ၊ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDF – မတူပီ ၊ တပ်မဟာ – ၁ ၏ ပြန်လည်ဖွဲ့စည်းထားသော မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် မတူပီမြို့ပေါ် ၄ ရပ်ကွက်အပါအဝင် နှော်တဲ ကျေးရွာအုပ်စု၊ အိုင်ဒါပ့်တိုက်နယ်၊ ဆီနိုင်းတိုက်နယ်၊ ထိုက်ဖုန်းပွီးတိုက်နယ်တို့တွင် ဇူလိုင်လ ၂၀ ရက်မှစတင်၍ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ဖော်ဆောင်နေသည်ဟု သိရသည်။

အသစ်ပြန်ဖွဲ့ထားသည့် မတူပီမြို့နယ် ပအဖတွင် CDF – မတူပီ၊ တပ်မဟာ- ၁ မှ တာဝန်ရှိသူများ၊ တိုက်နယ် ၄ ခုမှ တာဝန်ရှိသူများနှင့် အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများစုစုပေါင်း ၄၀ ကျော် ပါဝင်ကြောင်း သိရသည်။

CDF – မတူပီသည် ချင်းတော်လှန်ရေးအင်အားစုများအကြားတွင် ချင်းလဲန်းကောင်စီ (CC) နှင့် ICNCC၊ CB အဖြစ် နိုင်ငံရေးသဘောထားကွဲလွဲပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက CDF – မတူပီတပ်၊ မဟာ ၁ နှင့် တပ်မဟာ ၂ တို့အဖြစ် ကွဲသွားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.