Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တပ်ရင်း ၃ စခန်းကို စီးနင်းတိုက်ခိုက်သည့် ZRA ကို လက်တုံ့ပြန်တိုက်ခိုက်မည်ဟု CDF တွန်းဇံ ထုတ်ပြန်

တပ်ရင်း ၃ စခန်းကို စီးနင်းတိုက်ခိုက်သည့် ZRA ကို လက်တုံ့ပြန်တိုက်ခိုက်မည်ဟု CDF တွန်းဇံ ထုတ်ပြန်

0
By Editor on September 6, 2023 Khonumthung

(006SV)

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်း၍ CDF- တွန်းဇံတပ်ရင်း ၃ စခန်းကို စီးနင်းတိုက်ခိုက်သည့် Zomi Revolutionary Army လက်နက်ကိုင်တပ်ကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ချင်းကာကွယ်ရေးတပ် – တွန်းဇံက ယနေ့ စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်သည်။

“ကျနော်တို့က ZRA ကို တိုက်ဖို့ လုပ်တာမဟုတ်ဘူး။ စစ်ကောင်စီ မတရားအာဏာသိမ်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ဖို့ ဖွဲ့ထားတဲ့ CDF တွန်းဇံ အဖွဲ့ ဖြစ်ပေမယ့် ကျနော်တို့ကို အချင်းချင်း ငှဲ့ညှာမှု မရှိတဲ့ လာရောက် တိုက်ခိုက်တဲ့အတွက်ကြောင့် စစ်ကောင်စီ တပ်ဖွဲ့နဲ့အတူ ZRA ကိုတော့ တိုက်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့၊ ဇိုတမျိုးသားလုံးအနေနဲ့ ZRA လို အမျိုး အချင်းချင်းကို တိုက်ထုတ်ဖို့ ထူထောင်ထားခြင်း မဟုတ်ဘူး။ ဒါပေမဲ့ အခုက ကျနော်တို့ကို မဆီမဆိုင် လာတိုက်ခိုက်တဲ့ အတွက်ကြောင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်မယ်လို့ ကြေညာခြင်းဖြစ်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ်- တွန်းဇံ၏ အထွေထွေအတွင်းရေးမှူး ထန်ဆွင်းမုန်က ပြောသည်။

ယခင်က Zomi Revolutionary Army သည် မိမိဒေသကို ထိန်းချုပ်နိုင်ရန် ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့အဖြစ် သဘော ထားခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီနှင့် ပူးပေါင်း၍ တိုက်ခိုက်လာသောကြောင့် ယခုကဲ့သို့ အတိအလင်း ထုတ်ပြန် ကြေညာရခြင်းဖြစ်သည်ဟု သိရသည်။

ဩဂုတ်လ ၃၁ ရက်က ချင်းပြည်နယ်၊ တွန်းဇံမြို့အခြေစိုက် CDF- တွန်းဇံတပ်ရင်း ၃ စခန်းကို Zomi Revolutionary Army (ZRA) က စစ်ကောင်စီနှင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ CDF တွန်းဇံ တပ်သားတစ်ဦး ကျဆုံးပြီး Drone ၂ လုံး၊ ၆၀မမ တစ်လက်၊ ၄၀ မမ တစ်လက်၊ RPG တစ်လက်၊ ကျည်ဆန် ၁၀၀၀ ခန့်နှင့် ဆိုင်ကယ် ၇ စီး သိမ်းဆည်းခံလိုက်ရသည်ဟု သိရသည်။

ယင်းတိုက်ပွဲတွင် ZRA နှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းတိုက်ခိုက်သည်ဟု CDF တွန်းဇံက ပြောဆိုသော်လည်း ခိုနူမ်းသုန် အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

စက်တင်ဘာလ ၁ ရက် ZRA ၏ ထုတ်ပြန်ချက်တွင် CDF-Tonzang ကို လက်ဦးမှုယူ၍ တိုက်ခိုက်ခဲ့သည်ဟု ဝန်ခံထားပြီး ခွင့်ပြုချက်မရှိဘဲ အခြေချသည့် လက်နက်ကိုင်တပ်ဖွဲ့များ ဇိုမီးဒေသမှ ထွက်ခွာသွားရန် သတိပေးထားသည်။

Zomi Revolutionary Army သည် အင်အား ၂၀၀ နီးပါးရှိပြီး လက်ရှိတွင် နယ်ခြားစောင့်တပ်အဖြစ် စစ်ကောင်စီနှင့် အကျိူး တူပူးပေါင်းကာ စစ်ကောင်စီထံမှလည်း ကူညီထောက်ပံ့မှုများ ရရှိနေသည်ဟု ချင်းကာကွယ်ရေးတပ် – တွန်းဇံ၏ အထွေထွေ အတွင်းရေးမှူး ထန်ဆွင်းမုန်က ပြောသည်။

ZRA သည် ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်း တချို့ကို တိုက်ခိုက်မှုများ ရှိခဲ့သည့်အပြင် ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF တို့နှင့်လည်း တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့- တွန်းဇံ (CDF-Tonzang) သည် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာကာ စစ်ကောင်စီတပ်ဖွဲ့ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသော အဖွဲ့ဖြစ်ပြီး ချင်းကာကွယ်ရေးတပ်ပေါင်းစုကော်မတီ Chinland Join Defense Committee (CJDC) အဖွဲ့၀င်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.