Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်
ပုံစာ - စစ်ကောင်စီကသတ်ဖြတ်တဲ့ ကျွန်းပင်သာကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုလက်မင်ထန်

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

0
By Editor on January 26, 2023 Headline

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အထက်ပိုင်း ကွန်းတောင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ကျွန်းပင်သာကျေးရွာဖက်မှ ပြန်လာကြသည့် လူငယ် (၃) ဦးကို စစ်ကောင်စီတပ်ဖွဲ့က ရပ်တန့်စစ်ဆေးကာ သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖြစ်မြောက်ရေးကော်မတီဝင်တဦးက “ကွန်းတောင်းရွာမှာ တပ်စခန်းရှိတယ်၊ ရဲစခန်းရှိတယ်၊ အဲ့မှာ ချောင်းနက်ကြီးက လူငယ် ၂ ဦးနဲ့ ကျွန်းပင်သာက လူငယ် ၁ ဦး ခရီးသွားရင်းနဲ့ ကျွန်းပင်သာကနေ တမှုးဖက်ကိုလာတဲ့အချိန်မှာ ကွန်းတောင်းဂိတ်မှာ စစ်ဆေးမေးမြန်းတာ ကြမ်းလို့ထင်တယ် ပြန်လွတ်တဲ့အချိန် ဂိတ်အကျော်မှာ မကျေနပ်လို့ ပြန်အော်တော့ အော်ရကောင်းမှန်းဆိုပြီး ပြန်ဖမ်းပြီးတော့ အော်တဲ့ ၁ ယောက်ကို ပစ်သတ်တယ်၊ ကျန်တဲ့ ၂ ယောက်ကိုလည်း စစ်ရင်းရိုက်ရင်းနဲ့ လက်လွန်သွားတာထင်တယ် ၃ ယောက်စလုံး သေသွားတယ်။” ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးသတ်ဖြတ်ခံရသည့် လူငယ်များမှာ ကျွန်းပင်သာကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုလက်မင်ထန်၊ မြို့မ (၁၄) ချောင်းနက်ကြီးရွာက အသက် (၂၃) နှစ်အရွယ် ကိုရွှေမင်းထန်နှင့် အသက် (၁၇) နှစ်အရွယ် ကိုငမ်မင်းဟောင် တို့ဖြစ်ကြသည်။

၎င်းတို့၏ ရုပ်အလောင်းကို စစ်ကောင်စီက ပြန်မပေးပဲ သူတို့သတ်ဖြတ်ခြင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်ဟု သိရသည်။

“ဒီကလေးက တော်လှန်ရေးမှာ မပါဘူး၊ သူ့အိမ်မှာ ယောကျာၤလေးက သိပ်မရှိတော့ သူ့အိမ်ရဲ့ ကျွဲကျောင်းတယ်၊ နောက်ပြီးတော့ ထင်းတွေဘာတွေတိုက်တယ် အိမ်အလုပ်တွေလုပ်တယ်၊ ဒီလိုကိစ္စမျိုးက မလုပ်သင့်တဲ့ကိစ္စပဲ၊ ခရီးသွားတယောက်နဲ့ လူငယ်တွေကို ဒီလိုမျိုး သတ်ပစ်ရတဲ့အထိ မလုပ်ပြုလုပ်သင့်ဘူး။” ဟု ကျွန်းပင်သာ ကျေးရွာသားတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့တွင်လည်း တမူးမြို့နယ် သနန်ကျေးရွာက ဦးလက်ခိုလွန်းကိုလည်း အမည်မသိ လက်နက်ကိုင်များက ဖမ်းဆီးခဲ့ပြီး ရက်သတ္တပတ်အကြာတွင် ပျူစောထီးများနေသော ကျောင်းဘက်မှ ၎င်း၏ ပုံစံတူ တက်တူးထိုးထားသည့် လက်တဖက်ကို ခွေးချီလာခဲ့သောကြောင့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် အလောင်းမပါ ဈာပနအစီအစဉ် ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၂ ရက်နေ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှ ဖိုင်လင်ကွက်ရွာသစ်တွင် နေထိုင်ကြသည့် ဆရာတော် အွန်ဟောင်နှင့် ကိုငမ်းလွန်းတို့သားဖသည် တမူးမြို့သို့ အသွားလမ်းခုလတ်တွင် လက်နက်ကိုင်တပ်ဖွဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) မှ ဖမ်းဆီးခဲ့ပြီး ယနေ့အထိ မိသားစုနှင့် ဆက်သွယ်မရသေးကြောင်း ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ထုတ်ပြန်ထားသည်။

တမူးမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် အပြစ်မဲ့ရပ်သားပြည်သူ အမျိုးသား (၃၁) ဦး၊ အမျိုးသမီး (၃) ဦး ရှိပြီဟုသိရပြီး အများစုမှာ လူငယ်များဖြစ်ကြသည်ဟု သိရသည်။

ကွန်းတောင်းကျေးရွာသည် တမူးမြို့နှင့် (၈) မိုင်ခန့်အကွာတွင် တည်ရှိဟုသိရပြီး တမူး-အောင် ဇေယျကားလမ်းပေါ်တွင်ရှိသည့် ကူကီးချင်းလူမျိုးများ နေထိုင်သည့် ကျေးရွာဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.