Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

0
By Editor on January 31, 2023 Khonumthung

FactCheck

ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး ဆိုတဲ့အကောင့်ကနေပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စော်ဘွား (၇) ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက အဆိုပါရပ်ကွက်နေ သားအမိ ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။” လို့ရေးသားထားပါတယ်။

ဆက်လက်ပြီး “အဆိုပါရပ်ကွက်နေ ဒေါ်စန်းစန်းဝင်း (၄၅) နှစ် နှင့် ၎င်း၏သားများဖြစ်ကြသည့် ကိုမင်းခန့်ကျော် (၂၀) နှစ်၊ ကိုမင်းဇော် (၁၈) နှစ်တို့သည် နေအိမ်ခြံဝန်းအတွင်းရှိနေစဉ် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စန်းစန်းဝင်းပါ ၃ ဦးတို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။” လို့ဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ဖြစ်စဉ်ကိုရှာဖွေကြည့်တဲ့အခါ “စစ်ကိုင်းတိုင်း၊ တမူးမြို့စောဘွားအင်းရပ်ကွက်မှာ ဇန်နဝါရီ ၅ ရက် ည ၉ နာရီကျော်အချိန်က ကင်းလှည့်နေတဲ့ ပျူစောထီးတွေက လူနေရပ်ကွက်ထဲ ပစ်ခတ်ရာကဒေသခံ ပြည်သူသုံးဦးကျည်ထိပြီး ဒဏ်ရာတွေရခဲ့တယ်လို့ တမူးမြို့ခံတွေဆီကသိရပါတယ်။” လို့ DeltaNewsAgency သတင်းဌာနမှာဖော်ပြထားပါတယ်။

Link>>>https://bit.ly/3kUuEy9

တမူးမြို့ ဒေသခံတစ်ဦးက “အဲ့ဘက်က ပျူစောထီးပိုများတဲ့နေရာပေါ့ဗျာ၊ မြို့အနေနဲ့ဆို၊ညနေမိုးချုပ်တာနဲ့အပြင်မထွက်ကြတော့ဘူး၊ ညအ ပေါ့သွားချင်လို့ အိမ်ထဲကနေထွက်တာမှာ ပျူစောထီးတွေက လှန့်ပြီးပစ်တဲ့သဘောပဲ” လို့ပြောပါတယ်။

အိမ်ထဲကနေအိမ်ပြင်ထွက်လာတဲ့ ဒေသခံတဦးကို ပျူစောထီးတွေက ပစ်ခတ်လို့ထိမှန်ခဲ့တဲ့အပြင် သေနတ်သံ ကြားလို့ အိမ်အပြင်ဘက် ပြေးထွက်လာတဲ့ အမျိုးသားနှစ်ဦးလည်း ထပ်ပြီး အပစ်ခံရကာ ကျည်ထိဒဏ်ရာ တွေရခဲ့ကြတာလို့ ဆိုပါတယ်။

“သားအဖတွေလို့ပြောကြတယ်၊ဘယ်သူကအရင်ထွက်ပြီးဘယ်သူကအရင်မှန်တယ်တော့မသိဘူး” လို့ မြို့ခံတဦးကဆိုပါတယ်။

တမူးမြို့စောဘွားအင်းရပ်ကွက်ဟာ ပျူစောထီးတွေစိုးမိုးထားတဲ့နေရာဖြစ်ပြီး သွားလာသူတွေကိုစစ်ဆေးတာ၊ ညကင်းလှည့်တာတွေကိုအမြဲလုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဒါကြောင့် ယိမ်းနွဲ့ပါး အကောင့်မှာ ရေးသားဖော်ပြထားသလို “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စော်ဘွား (၇) ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက အဆိုပါရပ်ကွက်နေ သားအမိ ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။” ဆိုတဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.