Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တမူးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူများ ဘေးကင်းနေရာသို့ ယာယီပြောင်းရွှေ့နေထိုင်ရန် တမူးပအဖ ထုတ်ပြန်

တမူးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူများ ဘေးကင်းနေရာသို့ ယာယီပြောင်းရွှေ့နေထိုင်ရန် တမူးပအဖ ထုတ်ပြန်

0
By Editor on July 21, 2026 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ အာရှလမ်းမကြီးအား စစ်ကောင်စီတပ်မှ ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်း ထိုးနေသောကြောင့် တမူးမြို့နယ်ထဲက ဒေသခံပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့် နေရာများသို့ ယာယီပြောင်းရွေ့နေထိုင်ရန်ရန် အမျိုးသား ညီညွှတ်ရေးအစိုးရအဖွဲ့က ထုတ်ပြန်သည်။

အမျိုးသားညီညွှတ်ရေးအစိုးရက ထိန်းချုပ်ထားသော တမူးခရိုင်းအတွင်းရှိ အာရှလမ်းမကြီးအား ပြန်လည်ထိန်း ချုပ်နိုင်ရန် စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် နှစ်ဖက်တိုက် ပွဲပြင်းထန်နေသည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ယနေ့ ဇူလိုင်လ (၂၁) နေ့ တွင် အသိပေးထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေသောကြောင့် ပြည်သူလူထု၏ အသက်အန္တရာယ် အချိန်မရွေးထိခိုက်လာစေနိုင်သည်ဟု တမူးမြို့အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့ထံမှ သိရသည်။

မိမိထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူလုထုများအနေဖြင့် စစ်ရေးကာလအတွင်း လက်နက်ကြီး၊ လေကြောင်းရန်နှင့် စစ်ကောင်စီ၏ ဓားစားခံ ဖမ်းဆီးသတ်ဖြတ်ခြင်းတို့မှ ကင်းဝေးရန် မိမိတို့ နေထိုင်သည့် ကျေး ရွာများမှ ဘေးကင်းသောနေရာသို့ ယာယီပြောင်းရွေ့နေထိုင်ကြရန် ထုတ်ပြန်ချက်မှာ သတိပေးထားသည်။

ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းလုံခြုံသည့်နေရာတွင် ယာယီပြောင်း ရွေ့ခြင်း မရှိဘဲ မိမိတို့ ကျေးရွာအတွင်း ဆက်လက် နေထိုင်ခြင်းများ ပြုလုပ်နေပါက လိုအပ်သလို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု တမူမြို့ပအဖထံမှ သိရသည်။

စစ်ကောင်စီသည် အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးအရ အရေးပါသည့် ကလေး- တမူး လမ်းမအား ပြန်လည် ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ဇွန်လပိုင်းတွင် စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်လာကာ လေ ကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာတွင် လက်ရှိအချိန်အထိ စစ်ဘေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။

လက်ရှိမှာလည်း ကလေးမြောက်ပိုင်း- ကလေး-တမူး ကားလမ်းပိုင်းတွင် စစ်ကောင်စီသည် ကနန်ကျေးရွာမှ ကမ္မ ကြီးရွာဘက်သို့ စစ်ကြောင်း ထိုးနေသောကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွား နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.