Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တမူးမြို့နယ် ကျွန်းပင်သာရွာက ဖမ်းဆီးခံချင်းလူငယ် ၄ ဦးကို တမူးရဲစခန်းသို့လွှဲပြောင်း

တမူးမြို့နယ် ကျွန်းပင်သာရွာက ဖမ်းဆီးခံချင်းလူငယ် ၄ ဦးကို တမူးရဲစခန်းသို့လွှဲပြောင်း

0
By Editor on July 16, 2021 Headline

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ မင်းသာကျေးရွာအုပ်စု ကျွန်းပင်သာရွာက ဖမ်းဆီးခံခဲ့ရသည့် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီက တမူးမြို့ရဲစခန်းကို လွဲပြောင်းပေးလိုက်ပြီဟု သိရသည်။

“ဖမ်းဆီးခံရတဲ့သူ ၄ ယောက်က တပ်စခန်းကနေ တမူးရဲစခန်းကို လွဲပြောင်းပေးလိုက်ပြီ၊ သူတို့ကိုယ်တိုင်က အဝတ်အစားတွေ ပို့ပေးဖို့အတွက် မိသားစုတွေကို ဖုန်းဆက်အကြောင်းကြားလာကြတော့ မိသားစုဝင်တွေက တနေ့က ပစ္စည်းတွေသွားပို့ပေးကြတယ်။ အချုပ်ထဲကနေ ဖုန်းနဲ့တော့ စကားပြောလို့ရတယ်၊ တွေ့လို့တော့မရဘူး။ ကိုဗစ်ကြောင့်လို့ပြောတယ်၊ ကျန်းမာရေးတော့ ကောင်းကြပါတယ်။ ၄ ယောက်စလုံးလို့တော့ပြောတယ်၊ သူတို့အဝတ်အစားတွေကို တဆင့်ပေးရတာဆိုတော့ လူကိုယ်တိုင်တွေ့မှ အသေးစိတ်သိရမယ်၊ ဘာကြောင့်ဖမ်းတယ်၊ ဘာပုဒ်မတပ်တယ်ဆိုတာလည်း မသိရသေးဘူး၊ ကလေးတွေက ဘာအပြစ်မှမရှိကြဘူး၊ လယ်တောသွားရင််း အဖမ်းခံရတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

၎င်းတို့ ၄ ဦးကို ဇူလိိုင်လ ၉ ရက်နေ့ ည ၁ဝ နာရီအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တမူးမြို့ရဲစခန်းတွင် ထားရှိသည်ဟုသိရသည်။

ကျွန်းပင်သာရွာက အဖမ်းခံရသူ (၄) ဦးမှာ ကိုဟင်လင်းမာန်၊ ဦးရမ်လင်မုံ၊ ကိုဆွန်မင်ထန်၊ ကို Lal Lin San တို့ဖြစ်ကြပြီး တမူးရဲစခန်းက လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးဘဲ ရုံးချိန်းရှိတဲ့အခါ မိသားစုဝင်များကို ထပ်မံအကြောင်းကြားလာမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

ဇူလိုင် ၁၀ ရက်နေ့ညတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က တမူးခရိုင်၊ နောင်ကတ်ရွာသစ်က ချင်းလူငယ် ၄ ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းဖျောက်ပစ်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.