Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တမူးမြို့နယ် နောင်ကက်ရွာသစ်က ဆယ်ကျော်သက်အရွယ် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီက ပစ်သတ်ပြီး အလောင်းဖျောက်

တမူးမြို့နယ် နောင်ကက်ရွာသစ်က ဆယ်ကျော်သက်အရွယ် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီက ပစ်သတ်ပြီး အလောင်းဖျောက်

0
By Editor on July 13, 2021 Headline

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ထုံကတင်အုပ်စု၊ နောင်ကက်ရွာသစ်က ဆယ်ကျော်သက်အရွယ် ချင်းလူငယ် (၄) ဦးကို ဇူလိုင်လ ၁၀ ရက်နေ့ညက စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ကာ အလောင်းဖျောက်ထားသည်ဟု သိရသည်။

ဖြစ်စဉ်မှာ နောင်ကက်ရွာသစ် (Zalenphai) ကျေးရွာမှ လူငယ် ၆ ဦးသည် ဇူလိုင်လ ၁၀ နေ့ည ၁၀ နာရီခန့်က ရွာသို့ပြန်လာစဉ် ကျွန်းပင်သာနှင့် မင်းသာကျေးရွာတံတားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရရှိသည့် ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု နောင်ကက်ရွာသစ်ဒေသခံများထံမှ သိရသည်။

အဖမ်းခံရသည့် ၃ ယောက်ကို မင်းသာအခြေစိုက်တပ်စခန်းသို့ ခေါ်ဆောင်ပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင် တစ်ယောက်သာပြန်လွှတ်ပေးခဲ့ပြီး ကျန် ၂ ဦးမှာ သေဆုံးပြီး မြေမြုပ်လိုက်ကြောင်း မိသားစုထံ စစ်ကောင်စီက ပြောဆိုခဲ့သည်ဟု နောင်ကက်ရွာသစ်ဒေသခံတစ်ဦးက ပြောသည်။

“အခင်းဖြစ်တဲ့နေရာမှာ တယောက်က လွတ်သွားတယ်၊ သူလဲ ခြေသလုံးမှာဒဏ်ရာနဲ့ ဒီနေ့သွားတော့ ဆိုင်ကယ် ၂ စီးနဲ့ လူတယောက်ကို ပြန်လွတ်ပေးခဲ့တယ်၊ ဆိုင်ကယ်တွေလည်း လေလုံးတွေလည်း ပစ်ဖောက်ကြတယ်၊ ၄ ယောက်က သေသွားတယ်တဲ့၊ အလောင်းကို ပြန်တောင်းတော့ ပြန်မတောင်းနဲ့ မနေ့ကမြုပ်လိုက်ပြီလို့ ပြောတယ်၊ မြုပ်တဲ့နေရာလည်း မသိရသေးဘူး၊ တခြားဘာမှလည်းမပြောဘူး” ဟု နောင်ကက်ရွာသစ်ဒေသခံက ပြောသည်။

စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးသူ ၄ ဦးမှာ ငမ်ကျင်ပေါင်၊ မာန်ဂိုး၊ ဒိုခိုလက်၊ ပေါင်ဂင်းမာန်တို့ဖြစ်ပြီး အသက်ရှင်လွတ်မြောက်လာသူ ၂ ဦးမှာ မောင်ဆပ်မင်လွန်နှင့် မောင်သားပူတို့ဖြစ်ပြီး ရွာပြန်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

တမူးမြို့နယ် ကျွန်းပင်သာရွာက ကူကီးချင်းလူငယ် (၄) ဦးကိုလည်း ဇူလိုင်လ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိသေးကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.