Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တိမ်ကောပျောက်ကွယ်နေသော ပိုးအိမ်လုပ်ငန်း ပြန်လည်စတင်နိုင်ဖို့လိုအပ်နေ

တိမ်ကောပျောက်ကွယ်နေသော ပိုးအိမ်လုပ်ငန်း ပြန်လည်စတင်နိုင်ဖို့လိုအပ်နေ

0
By Editor on January 16, 2019 Khonumthung

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့တွင် တစ်ချိန်ကအောင်မြင်ခဲ့သည့် ပိုးမွေးမြူရေးလုပ်ငန်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် စိုက်ပျိုးရေးဌာနတာဝန်ရှိသူတချို့မှ ပြန်လည်အောင်မြင်စွာ လုပ်ကိုင်နိုင်ရန် အကောင်အထည်ဖော်လျက်ရှိပါသည်။

၁၉၆၀ ပြည့်လွန်နှစ်မျာမှစတင်ကာ ဒေသခံများမှ ပိုးမွေးမြူရေးလုပ်ငန်းကို မိသားစုလုပ်ငန်းအနေဖြင့် လုပ်ကိုင်ခဲ့ကြပြီး မိသားစုစားဝတ်နေရေးလည်း ပြေပြေလည်လည်ရှိခဲ့ကြပါသည်။

သို့သော် နောက်ပိုင်းတွင် ပိုးအိမ်ဝယ်ယူ/လာကောက်သည့် စီးပွားရေးသမားများ၏ ခေါင်းပုံဖြတ်မှုကြောင့် ပိုးတောင်သူများအနေနှင့် လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရန် ခက်ခဲလာသည့်အတွက် ပိုးလုပ်ငန်းတိမ်ကောပျောက်ကွယ်ခဲ့ရပါသည်။

ထိုပိုးမွေးမြူရေးလုပ်ငန်းကို ပြန်လည်လုပ်ကိုင်သင့်ကြောင်း၊ ဒေသခံပြည်များအတွက်လည်း မိသားစုလုပ်ငန်းအဖြစ် ပြန်လည်ရရှိနိုင်ဖို့လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်က ယခုလိုပြောပါသည်။

“တွန်းဇံမြို့ဟာ ပိုးမွေးမြူရေးကို အဓိကလုပ်ကိုင်တဲ့မြို့ဖြစ်ခဲ့တယ်၊ ပိုးအိမ်တွေကိုတော့ ပြင်ဦးလွင်ကိုတင်ပို့တယ်၊ ပိုးအိမ်တွေအကုန်လုံးက Quility (A) အဆင့်ဖြစ်ရင်လည်း (B) အဆင့်၊ (C) အဆင့်ပဲ ဆိုတဲ့အခါကြတော့ သူတို့အနေနဲ့ စိုက်တာရယ်၊ စားတာရယ်၊ စားဝတ်နေရေးရယ် မလုံလောက်တော့ဘူး၊ မလုံလောက်တော့တဲ့အတွက်ကြောင့် ဒီလုပ်ငန်းကြီးပျက်စီးသွားတာပါ”

ဆက်လက်ပြီး “ရင်းနှီးမြုပ်နှံဖို့လာတဲ့ ပိုးအိမ်လာကောက်တဲ့သူတွေအတွက်လည်း ဈေးနှုန်းမဟသွားအောင် ဖြစ်နိုင်တဲ့ အမြင့်ဆုံးဈေးနဲ့ အနှိမ့်ဆုံးဈေးကြားထဲမှာသတ်မှတ်ဖို့၊ ဒီအောက်လည်း ပိုးတောင်သူတွေကို ခေါင်းပုံမဖြတ်နဲ့၊ ဒီအောက်လည်း လုပ်ငန်းရှင်တွေနစ်နာအောင် မလုပ်နဲ့၊ ဈေးနှုန်းက ‘Fix Price’ သတ်မှတ်ပေးထားမယ်၊ ဒုတိယအချက်က အစိုးရဘက်အပိုင်းက ပိုးတောင်သူတွေကို ပြန်ပြီးတော့ မတည်ငွေပေးပြီးတော့ မွေးမြူအောင်လုပ်ဆောင်ပေးဖို့ ရင်းနှီးမတည်ပေးဖို့လိုပါတယ်၊ အဲ့ဒီနှစ်ခု ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင်တော့ ကျွန်မတို့ဒေသ အဆင်ပြေမယ်၊ ပြီးတော့တတိယအချက်က ဘာလိုအပ်လဲဆိုတော့ ဒီဒေသတွေမှာ ပိုးချည်မျှင်စက်ရုံတွေရှိမယ်၊ ပြီးတဲ့အခါကြတော့ ပိုးနဲ့ဆောင်ရွက်တဲ့ ယက်ကန်းစက်ရုံတွေရှိမယ်၊ လူလုပ်ကုန်ပစ္စည်းတွေထုတ်တဲ့ စက်ရုံတွေရှိခဲ့မယ်ဆိုရင် ကျွန်မတို့ဒီဒေသမှာရှိတဲ့ လူတိုင်းလည်း အလုပ်ကိုင်အခွင့်အရေးတွေလည်းရလာမယ်၊ စားဝတ်နေရေးလည်း ပိုပြေလည်မယ်၊ အားလုံးအဖက်ဖက်မှာ ပြည့်စုံလာပါမယ်” ဟု ပြောသည်။

ပိုးမွေးမြူရေးလုပ်ငန်းက ဒေသခံပြည်သူများအတွက် အလွန်ကောင်းမွန်သည့် မိသားစုတနိုင်တပိုင်လုပ်ကိုင်နိုင်သော လုပ်ငန်းဖြစ်ပြီး လုပ်ကိုင်သင့်သည့်အကြောင်းကို တွန်းဇံစိုက်ပျိုးရေးဌာန ဦးစီးအရာရှိ ပိုးစိုက်ခြံတာဝန်ခံ ဦးဝင်းဘိုကလည်း ယခုလိုပြောပြထားပါသည်။

“ကျွန်တော်တို့ရဲ့ တောင်ပေါ်ဒေသမှာ စိုက်ပျိုးရတဲ့မြေအနေအထားနည်းပါတယ်၊ အခုခေတ်ရာသီ သီးနှံတွေဖြစ်တဲ့ စပါးတို့၊ ပဲတို့၊ ပြောင်းတို့ မစိုက်နိုင်ပါဘူး၊ ဒီဒေသမှာ ဝင်ငွေရနိုင်တဲ့ သီးနှံအနေနဲ့ ပြောရမယ်ဆိုရင်တော့ ပိုးစာပင်စိုက်ပျိုးရေးနဲ့ ပိုးမွေးမြူရေးက မိသားစုတနိုင်တပိုင်လုပ်လို့ရတဲ့ လုပ်ငန်းဖြစ်တယ်၊ လက်ရှိ ဈေးကွက်ရယ်၊ ပိုးချည်ရဲ့ဈေးကွက်အနေထားကလည်း နိုင်ငံတကာရဲ့ ဝယ်လိုအားကလည်း အများကြီးရှိတဲ့အတွက်ကြောင့်မို့ ဒီသီးနှံ (ပိုးစာပင်) စိုက်ပျိုးခြင်းအားဖြင့် တွန်းဇံဒေသမှာရှိတဲ့ တောင်သုတွေလည်း ဝင်ငွေတိုးတက်ပြီးတော့ သူတို့လူနေမှုဘဝမြင့်တင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ပြန်လည်အကောင်ထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”

တွန်းဇံမြို့တွင် ပိုးမွေးမြူရေးလုပ်ငန်းကို ၁၉၆၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ လုပ်ကိုင်ခဲ့ကြပြီး လုပ်ငန်းရပ်ဆိုင်းထားခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၄၀) ကျော်ရှိပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.