Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တိုက်ပွဲကြားပိတ်မိသည်ဟု ယူဆရသည့် ရွာသား (၃) ဦး ယနေ့ထိ ပျောက်ဆုံးနေဆဲ

တိုက်ပွဲကြားပိတ်မိသည်ဟု ယူဆရသည့် ရွာသား (၃) ဦး ယနေ့ထိ ပျောက်ဆုံးနေဆဲ

0
By Editor on April 5, 2019 Headline

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အထက်ပိုင်း ပီချောင်းဒေသတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တိုက်ပွဲအတွင်း ပိတ်မိပြီး ပျောက်ဆုံးသွားသည့် ရပ်ချောင်းရွာသား (၃) ဦးတို့သည် ယနေ့ချိန်ထိ အိမ်ပြန်မရောက်သေးဘဲ မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။

ရပ်ချောင်းကျေးရွာနေ အသက် (၆၀) အရွယ် ဦးခိုလိုး၊ အသက် (၁၄) နှစ်အရွယ် ဦးခိုလိုး၏တူ ဘင်ဂျမင်နှင့် အသက် (၁၅) နှစ်အရွယ် မောင်ကျော်နိုင်တို့သည် တောထဲသို့ ဟင်းရှာထွက်ရင်း တပ်မတော်နှင့် AA တိုက်ပွဲအကြား ပိတ်မိပြီး ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သည့် သင်းအုပ်ဆရာတော်ကပြောသည်။

“အဲဒီသူတို့ပျောက်သွားတဲ့နေ့က AA နဲ့ တပ်မတော်တို့တိုက်ပွဲဖြစ်တယ် အဲဒီတိုက်ပွဲကြားမှာ သူတို့ကြားညှပ်သွားတာဖြစ်မယ် အဲဒီမှာပဲပျောက်သွားတယ်ဆိုတော့ မျက်မြင်သက်သေတွေကလည်း မရှိဘူးလေ ဆိုတော့ ဘယ်သူ့လက်မှာရှိနေလဲ သေသွားတာလား ဖမ်းသွားလားဆိုတာမျိုး မသိရဘူး၊ ဒါပေမဲ့ သေရင်အလောင်းတော့ အဲဒီနားပတ်ဝန်ကျင်မှာရှိနိုင်တယ် ရှိသင့်တယ် ဘာမှလည်းမရှိဘူးဆိုတော့ ပြောရတာတော်တော်ခက်တယ် ခုထိ သတင်းဘာမှတော့မကြားဘူး ဒါပေမဲ့ မျှော်လင့်ချက်ကတော့ ဘယ်တော့ပြန်လာကျမလဲဆိုတာနဲ့ တမျှော်မျှော်နေကျတယ် အခုထိတော့ တပ်ကရော AA ဖက်ကရော တခြားဘာသတင်းအစအန မိသားစုရော ကျွန်တော်အပါအ၀င် ဘာမှမသိဘူး၊’’ ဟု သင်းအုပ်ဆရာတော်ကပြောသည်။

၎င်းတို့ (၃) ဦးသည် တိုက်ပွဲအတွင်း ကျည်ဆံထိမှန်ပြီး သေဆုံးသွားပြီလား၊ ဒါမှမဟုတ် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နှင့် မြန်မာတပ်မတော် တစ်ဖွဲ့ဖွဲ့တို့မှ ဖမ်းဆီးထိန်းသိမ်းနေခြင်းလားဆိုသည်ကိုမူ မိသားစုဝင်များနှင့် ဒေသခံရွာသားများ မသိရှိကြပေ။

အိမ်ပြန်မရောက်လာသည်မှာ (၅) လခန့်ကြာပြီဖြစ်သည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

“မိသားစုက အရမ်းသနားစရာကောင်းတယ် သူတို့ကစားဝတ်နေရေး အခက်အခဲရှိတဲ့အတွက်ကြောင့် အသားငါးရှာရောင်းစားဆိုတော့ စားရေးသောက်ရေးခက်ခဲနေချိန်မှာ တစ်ဖက်က အသက်အန္တရာယ်လည်းကြုံရသေးတယ် ကျွန်တော်တို့ ဘာမှအဆက်အသွယ်သတင်းလည်းမရတော့ ဆုတောင်းတာကလွဲပြီး ဘာမှမလုပ်နိုင်ဘူးလေ ကျွန်တော်ဆီမှာ ဆရာရယ် ဆုတောင်းပေးပါဆိုပြီးတော့ မိသားစုတွေလာတယ် ကျွန်တော်က ဘာသာရေးဖြစ်တော့ ဆုတောင်းပေးတယ်၊ ဆိုးသည်ဖြစ်ဖြစ် ကောင်းသည်ဖြစ်ဖြစ် ဘုရားရှင်က မိသားစုနဲ့အတူရှိနေဖို့ ဆုတောင်းပေးခဲ့တယ်” ဟု အဆိုပါ သင်းအုပ်ဆရာတော်ကပြောသည်။

ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်လက်နက်ကိုင် AA တို့သည် ၂၀၁၅ ခုနှစ် မတ်လ ၂၈ မှ စစ်ပွဲများ စတင်ဖြစ်ပွားကာ ယနေ့ချိန်ထိတိုက်ခိုက်မှုများရှိခြင်းကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများ တိုးများလာခြင်းနှင့် အစိုးရလုပ်ငန်းများ နှောက်နှေးကြံ့ကြာမှုများ ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.