Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်က ဒေသခံ ၅၀ဝ ကျော် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေး

တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်က ဒေသခံ ၅၀ဝ ကျော် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေး

0
By Editor on September 9, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ယခု စက်တင်ဘာလဆန်းပိုင်းကဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၅၀ဝ ကျော်ဟာ တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ်ထဲကို ထပ်မံထွက်ပြေးခိုလုံကြရတယ်လို့ သိရပါတယ်။

အိန္ဒိယနယ်စပ်အနီးမှာတည်ရှိတဲ့ ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာက စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၁ ရက်နေ့က ရက္ခိုင့်တပ်တော်က သွားရောက်တိုက်ခိုက်ခဲ့ရာကနေတိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့က တိုက်လေ ယာဉ်နဲ့တိုက်ခိုက်မှုတွေရှိလာတာကြောင့် မြိတ်ဝဒေသခံပြည်သူတွေဟာ မီဇိုရမ်ပြည်နယ် လောင်တလိုင်းမြို့နယ်ထဲကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာလို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“သူတို့ရွာမှာတိုက်ပွဲတွေဖြစ်တယ် အဲဒါကြောင့်ထွက်ပြေးလာကြတာ စစ်လေယာဉ်နဲ့ဗုံးတွေ ၂ ခေါက်လာကျဲတယ် အခု တော့ သူတို့နီးစပ်တဲ့ဆွေမျိုးအိမ်မှာပဲတည်းခိုနေကြတယ်” လို့ သူကပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ လောင်တလိုင်မြို့နယ်ထဲက Zochachhuah ကျေးရွာမှာ ၁၁၅ ဦး၊ Hmawngbuchhuah ရွာမှာ ၂၁၀ ဦး၊ Laitlang ရွာမှာ ၁၂၇ ဦး နဲ့ Dumzautlang ရွာမှာ ၁၃၇ ဦး စုစုပေါင်း ၅၈၉ ဦးရှိတယ်လို့ လောင်တလိုင်ခရို င်စစ်ဘေးရှောင်ကော်မတီအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

လောင်တလိုင်းခရိုင်အတွင်း စစ်ဘေးရှောင်ထပ်မံဝင်လောက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး Lawngtlai District Level Committee on Myanmar Refugees ကလည်း အစည်းအဝေးတရပ်ခေါ်ယူပြီး စစ်ဘေးရှောင်ပြည်သူတွေ ကူညီထောက်ပံ့ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယခု အသစ်ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေနေထိုင်ဖို့ ယာယီစစ်ရှောင်စခန်းအတွက် မိုးကာတွေပေးအပ်ဖို့၊ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် Doctors without Borders အဖွဲ့နဲ့ လိုအပ်ရင်လက်တွဲလုပ်ဆောင်ဖို့နဲ့ စစ်ဘေးရှောင်တွေအတွက် စောင် (Blanke)၊ အိမ်သာခွက် (Commode)၊ တကိုယ်ရေသန့်ရှင်းရေးရောဂါကာကွယ်ဖို့ Hygiene kit နဲ့ တခြားလိုအပ်မယ့်အရာတွေပေးအပ်ဖို့ အဲဒီဆွေးနွေးပွဲမှာဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။

လောလောဆယ်မှာတော့ လောင်တလိုင်းမြို့က ဗဟိုလိုင်းလူငယ်များအသင်း (Central Young Lai Association) အဖွဲ့က စစ်ဘေးရှောင်ပြည်သူတွေစားသောက်ဖို့ ဆန်အိတ် ၅၅ အိတ် ခွဲဝေထောက်ပံ့ထားတယ်လို့ သိရပါတယ်။

ယခုလက်ရှိ လောင်တလိုင်ခရိုင်အတွင်းမှာ မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၅၉၀၉ ဦးရှိပြီး အဲဒီထဲက ၅၈၉ ဦးမှာ ဒီရက်ပိုင်းအတွင်း အေအေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲကြောင့် ရောက်ရှိလာသူတွေဖြစ်ကြပြီး ကျန် ၅၃၂၀ ဦးကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရောက်ရှိခဲ့သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.