Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တိုက်ပွဲဖြစ်မည့်အရိပ်အယောင်ကြောင့် ရိခေါဒါရ်မြို့ပြည်သူအားလုံး တဖက်နိုင်ငံကိုထပ်မံထွက်ပြေး

တိုက်ပွဲဖြစ်မည့်အရိပ်အယောင်ကြောင့် ရိခေါဒါရ်မြို့ပြည်သူအားလုံး တဖက်နိုင်ငံကိုထပ်မံထွက်ပြေး

0
By Editor on March 8, 2022 Headline

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် ရိခေါ်ဒါရ်မြို့အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက်ကပြည်သူ အားလုံးသည် ယမန်နေ့ညနေပိုင်းက တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။

Chinland Defense Force – Hualngoram တပ်ဖွဲ့က ယမန်နေ့မတ်လ ၇ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန် ကာ ရိခေါဒါရ်မြို့အမှတ် (၂) (တီအိုချောင်း) တွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ညနေပိုင်း ၆ နာရီမထိုးခင် ဘေးလွတ်ရာကိုပြောင်းရွှေ့ကြရန်ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံပြည်သူများ တဖက်နိုင်ငံဘက်ကိုထပ်မံထွက်ပြေးတိမ်း ရှောင်နေကြခြင်းဖြစ်သည်။

“တိုက်ပွဲကလည်း ဒီနေ့ဖြစ်မလာ မနက်ဖြန်ဖြစ်မလား ပြောလို့မရဘူး အချိန်မရွေးဖြစ်နိုင်တဲ့အခြေအနေမှာရှိတော့ အားလုံးထွက်ပြေးကြပြီ ဇိုခေါထာရ်ဘက်ကို ဆွေမျိုးရှိတဲ့သူက ဆွေမျိုးအိမ်မှာနေကြတယ်၊ မရှိတဲ့သူကတော့ အမိုးအကာတွေလုပ်ပြီး နေကြရတယ်” ဟု အမှတ် (၂) ရပ်ကွက်ဒေသခံတစ်ဦးကပြောသည်။

ရိခေါဒါရ်အမှတ်(၁) ရပ်ကွက်ကပြည်သူများသည်လည်း CDF-Hualngoram ၏ ထုတ်ပြန်ချက်ကြောင့် ယမန်နေ့က တဖက် နိုင်ငံသို့ထွက်ပြေးခဲ့ကြရပြီး သက်ကြီးရွယ်အိုတချို့သာကျန်ခဲ့သည်ဟု ဒေသခံကတစ်ဦးကပြောသည်။

“အများစုကတော့ပြေးကြတယ် အိမ်ခြေ ၂၀ လောက်ဘဲကျန်မယ် မပြေးတာက မပြေးနိုင်တဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ လောက်ပဲကျန်မယ်” ဟု ရိမြို့ဒေသခံတစ်ဦးကပြောသည်။

ရိခေါဒါရ်မြို့အမှတ် (၂) ရပ်ကွက်တောင်ကုန်းပေါ်တွင်အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည့် မတ်လ ၅ ရက်နေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲကြောင့် အမှတ်(၂) ရပ်ကွက်ရှိ ဒေသခံပြည်သူ ထက်ဝက်ကျော်ခန့်သည် တဖက်မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးခဲ့ကြပြီး ယခုအခါထပ်မံထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ရိခေါဒါရ်မြို့အမှတ် (၁) ရပ်ကွက်တွင် အိမ်ခြေ ၂၀၀ ခန့်နှင့် လူဦးရေ ၁၀၀၀ ခန့်ရှိပြီး အမှတ် (၂) ရပ်ကွက်တွင် အိမ်ခြေ တစ်ထောင်ကျော်ခန့်နှင့် လူဦးရေ ၅၀၀၀ ခန့်ရှိသည်ဟု သိရသည်။

ရိခေါဒါရ်မြို့နယ်အတွင်းရှိ New Rihkhawdar, Old Rihkhawdar, Haiheng, Old Lianhna, New Lianhna, Vutbuak, Kawilam, New Haimual, Zimpui နှင့် Zimte ကျေးရွာပြည်သူများအနေဖြင့်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့အား အသိ မပေးဘဲ ရိခေါဒါရ်မြို့အမှတ် (၂) (တီအိုချောင်း) နှင့် တောထဲမသွားရန် Chinland Defense Force- Hualngoram ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ကလေး-တီးတိန်-ရိခေါဒါရ် ယာဉ်လိုင်းပြေးဆွဲသည့် မော်တော်ယာဉ်များအနေဖြင့်လည်း ယနေ့မတ်လ ၈ ရက်နေ့ ကစ၍ ရိခေါဒါရ်ဘက်သို့ ယာဉ်လိုင်းပြေးဆွဲမှုအားလုံးရပ်နားထားကြရန် CDF-Hualngoram က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.