Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တိုင်းစစ်ဌာနချုပ် ရမခကို ညီနောင်မဟာမိတ် (၃) ဖွဲ့ သိမ်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းညီနောင်ထုတ်ပြန်

တိုင်းစစ်ဌာနချုပ် ရမခကို ညီနောင်မဟာမိတ် (၃) ဖွဲ့ သိမ်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းညီနောင်ထုတ်ပြန်

0
By Editor on August 6, 2024 Headline

တနိုင်ငံလုံးရှိ တော်လှန်‌ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု ဆို

(006SV)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တို့ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် မိတ်ဖက်တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်နိုင်ခြင်းကို ချင်းညီနောင်မှ ဝမ်းသာဂုဏ်ယူကြောင်း ဩဂုတ်လ ၅ ရက်က ထုတ်ပြန်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်၊ တရားမျှတမှု၊ အပြန်အလှန်လေးစား တန်ဖိုးထားမှု၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတွင် တနိုင်ငံလုံးရှိ တော်လှန်‌ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင် (CB) အဖွဲ့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာတွင် ထုတ်ဖော်ပြောဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက် ချမှတ်ထားပြီး မိမိတို့ ထိန်းချုပ်လှုပ်ရှားနယ်မြေများကို မကြာမီကာလအတွင်း စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်စေရန် မဆုတ်မနစ် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

အာရက္ခတပ်တော် (AA) ၊ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) စသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အခြားမိတ်ဖက်တော်လှန်ရေးအင်အားစုများက သိမ်းယူထားသည့် မြို့များတွင် အသက်အိုးအိမ်နှင့် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ဆောင်ရွက်နေမှုကို အားရယုံကြည်ကြောင်း ချင်းညီနောင်က သဝဏ်လွှာပေးပို့ ပြောဆိုသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမြန်ဆုံးပြန်လည် တည်ဆောက် နိုင်ပါစေကြောင်း၊ ၁၀၂၇ ဒုတိယလှိုင်း၏ စစ်ရေးအရှိန် အောင်မြင်မှုသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်းများအထိ စစ်ရေးအောင် မြင်မှုများအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ချင်းညီနောင်က ပြောသည်။

ဩဂုတ်လ ၃ ရက်က လားရှိးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တို့ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် မိတ်ဖက်တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ ထိပ်တန်းအရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.