Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန္ၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္ေသာ မဲစာရင္းေပါင္း ၈၀၀၀ ေက်ာ္ရွိဟု တပ္မေတာ္ထုတ္ျပန္

တီးတိန္ၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္ေသာ မဲစာရင္းေပါင္း ၈၀၀၀ ေက်ာ္ရွိဟု တပ္မေတာ္ထုတ္ျပန္

0
By Editor on January 7, 2021 Headline

#Unicode

By လားနွန် – ၂၀၂၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုစြဖ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၈၀၀၀ ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ (၆) ရက်နေ့က ၁၀ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် တီးတိန်မြို့နယ် မဲစာရင်း ပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း (၄၈၄၉) ရှိပြီး မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း (၃၅၈၂) ရှိပြီး စုစုပေါင်း (၈၄၃၀) ရှိသည်ဟုဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကဒ် (နိုင်ကတ်) တူနေသူများ (ကျန်အချက်အားလုံးလွဲဲ) မဲစာရင်းတွင် ပါဝင်နေသူ အများဆုံးဖြစ်ပြီး ၄၀၁၆ ဦး၊ နိ်ုင်ကဒ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၅၃၃ ဦး၊ နိုင်ကတ်အမှတ် (၁) ခုတည်းဖြင့် မဲစာရင်း (၃) ကြိမ်ပါဝင်နေသူများ (၂၇၃) ဦး၊ နိုင်ကတ်တူ၊ မိခင်တူ (အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည်လွဲသူများ) ၁၃၈ ဦး ၊ နိုင်ကတ်တူ ဖခင်တူ (အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည်လွဲသူများ) ၁၂၈ ဦးနှင့် နိုင်ကတ်တူ၊အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) ၁၂၆ ဦး စသည်ဖြင့် တွေ့ရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်ဒိမ့်စမ်းကိမ်က “သူတို့ဘယ်ကို အခြေခံပြီးပြုစုတာလည်းဆိုတာ ကျမတို့မသိဘူး မှန်လိမ့်မယ်လို့လည်းမပြောလိုဘူး၊ မှားမယ်လို့လည်းမပြောလိုဘူး၊ ဒါပေမယ့် ထပ်တာတွေတော့ရှိလည်းရှိနေမှာဘဲ၊ မရှိဘူးလို့လည်း မငြင်းဘူးပေါ့နော်၊ ကျမတို့ကြေညာတဲ့အချိန်မှာ ထပ်လို့လာကန့်ကွက်တာဆိုလို့ရှိရင် ကျမတို့ဖျက်ပေးထားတယ်၊ ၂ နေရာကနေ ၁ နေရာကိုပေါ့နော်၊ ဒါပေမယ့်လည်း ထပ်နေတာတွေက ရှိရင်လည်းရှိနေနိုင်တာပေါ့၊ မရှိဘူးလို့တော့အပြတ်မငြင်းဘူးပေါ့နော်’’ ဟု ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ချင်းလူမျိူးအများစုနေထိုင်ကြသည့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင်လည်း မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း (၁၇၀၇၀) ရှိပြီး မဲမသမာမှုဖြစ်နိုင်သည့် အခြား မဲစာရင်း (၂၃၉၉၀) ရှိပြီး စုစုပေါင်း (၄၁၀၆၀) ရှိသည်ဟုဖော်ပြထားသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင်လည်း မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း စုစုပေါင်း ၆၉၄၅ ရှိသည်ဟုဆိုကာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့ကထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

#Zawgyi

By လားႏြန္ – ၂၀၂၀ ေရြးေကာက္ပြဲတုန္းက ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္သည့္ ထပ္ေနေသာမဲစာရင္းႏွင့္ မဲမသမာမႈျစဖ္ႏိုင္သည့္ အျခားမဲစာရင္းေပါင္း ၈၀၀၀ ေက်ာ္ရွိသည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ဇန္နဝါရီလ ၆ ရက္ေန႔က ထုတ္ျပန္ခ်က္အရသိရသည္။ 

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲတုန္းက တပ္မေတာ္သားမ်ားဆႏၵမဲေပးခဲ့ေသာ ၿမိဳ႕နယ္မ်ားႏွင့္ စပ္လ်ဥ္း၍ မဲစာရင္းစီစစ္မႈမ်ားကို ျပဳလုပ္လ်က္ရွိၿပီး ဇန္နဝါရီလ (၆) ရက္ေန႔က ၁၀ ႀကိမ္ေျမာက္ ထုတ္ျပန္ခ်က္တြင္ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ မဲစာရင္း ပံုစံ (၁) တြင္ မဲမသမာမႈျပဳႏိုင္သည့္ ထပ္ေနေသာ မဲစာရင္း (၄၈၄၉) ရွိၿပီး မဲမသမာမႈ ျဖစ္ႏိုင္သည့္ အျခားမဲစာရင္းေပါင္း (၃၅၈၂) ရွိၿပီး စုစုေပါင္း (၈၄၃၀) ရွိသည္ဟုေဖာ္ျပထားသည္။

ယင္းထုတ္ျပန္ခ်က္တြင္ ႏိုင္ငံသားစိစစ္ေရးကဒ္(ႏိုင္ကတ္) တူေနသူမ်ား(က်န္အခ်က္အားလံုးလြဲဲ) မဲစာရင္းတြင္ ပါ၀င္ေနသူ အမ်ားဆံုးျဖစ္ၿပီး ၄၀၁၆ ဦး၊ ႏိ္ုင္ကဒ္မရွိဘဲ မဲစာရင္းတြင္ ပါ၀င္ေနသူ ၃၅၃၃ ဦး၊ ႏိုင္ကတ္အမွတ္ (၁) ခုတည္းျဖင့္ မဲစာရင္း (၃) ႀကိမ္ပါ၀င္ေနသူမ်ား (၂၇၃) ဦး၊ ႏိုင္ကတ္တူ၊ မိခင္တူ (အမည္လြဲ၊ အသက္လြဲ၊ ဖခင္အမည္လြဲသူမ်ား) ၁၃၈ ဦး ၊ ႏိုင္ကတ္တူ ဖခင္တူ (အမည္လြဲ၊ အသက္လြဲ၊ ဖခင္အမည္လြဲသူမ်ား) ၁၂၈ ဦးႏွင့္ ႏိုင္ကတ္တူ၊အမည္တူ (အသက္လြဲ၊ မိဘအမည္လြဲသူမ်ား) ၁၂၆ ဦး စသည္ျဖင့္ ေတြ႕ရသည္။

ယခုကိစၥႏွင့္ပတ္သက္၍ တီးတိန္ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမွဴး ေဒၚဒိမ့္စမ္းကိမ္က “သူတို႔ဘယ္ကို အေျခခံၿပီးျပဳစုတာလည္းဆိုတာ က်မတို႔မသိဘူး မွန္လိမ့္မယ္လို႔လည္းမေျပာလိုဘူး၊ မွားမယ္လို႔လည္းမေျပာလိုဘူး၊ ဒါေပမယ့္ ထပ္တာေတြေတာ့ရွိလည္းရွိေနမွာဘဲ၊ မရွိဘူးလို႔လည္း မျငင္းဘူးေပါ့ေနာ္၊ က်မတို႔ေၾကညာတဲ့အခ်ိန္မွာ ထပ္လို႔လာကန္႔ကြက္တာဆိုလို႔ရွိရင္ က်မတို႔ဖ်က္ေပးထားတယ္၊ ၂ ေနရာကေန ၁ ေနရာကိုေပါ့ေနာ္၊ ဒါေပမယ့္လည္း ထပ္ေနတာေတြက ရွိရင္လည္းရွိေနႏိုင္တာေပါ့၊ မရွိဘူးလို႔ေတာ့အျပတ္မျငင္းဘူးေပါ့ေနာ္’’ ဟု ေျပာသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔၏ ယမန္ေန႔ထုတ္ျပန္ခ်က္တြင္ ခ်င္းလူမ်ဴိးအမ်ားစုေနထိုင္ၾကသည့္ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္တြင္လည္း မဲမသမာမႈျပဳႏိုင္သည့္ ထပ္ေနေသာမဲစာရင္း (၁၇၀၇၀) ရွိၿပီး  မဲမသမာမႈျဖစ္ႏိုင္သည့္ အျခား မဲစာရင္း (၂၃၉၉၀) ရွိၿပီး စုစုေပါင္း (၄၁၀၆၀) ရွိသည္ဟုေဖာ္ျပထားသည္။

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕နယ္တြင္လည္း မဲမသမာမႈျပဳႏိုင္သည့္ မဲစာရင္းေပါင္း စုစုေပါင္း ၆၉၄၅ ရွိသည္ဟုဆိုကာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ဇန္နဝါရီလ ၃ ရက္ေန႔ကထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် MPT ဖုန်းလိုင်းတစ်ခုသာရပြီး ငွေဖြည့်ကဒ်များကို ဈေးပိုပေးဝယ်ယူနေရ

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.