Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုမွ Covid-19 လူနာ က်န္းမာေရးေကာင္းမြန္

တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုမွ Covid-19 လူနာ က်န္းမာေရးေကာင္းမြန္

0
By Editor on March 26, 2020 Headline

#Zawgyi

By လားႏြန္ – Covid-19 ကိုရိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ တီးတိန္ၿမ္ိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနသည့္ လူနာသည္ ယခုအခါဖ်ားနာမႈမရွိေတာ့ဘဲ က်န္းမာေရးအေျခအေနေကာင္းမြန္လ်က္ရွိေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႔ေျပာခြင့္ရပုဂၢိဳလ္ စည္ပင္၀န္ႀကီးဦးစိုးထက္ကေျပာသည္။

“လူနာကက်န္းမာပါတယ္ ေလာေလာဆယ္ေတာ့သူ Stable (တည္ျငိမ္၊ ခိုင္ခံ့၊ မေဖာက္ျပန္) လည္းျဖစ္ပါတယ္၊ အပူခ်ိန္လည္းတက္တာမရိွဘူး၊ တီးတိန္ျပည္သူ႔ေဆးရံု ၀န္ထမ္းေနထိုင္မယ့္ေနအိမ္၊ ကြာတာအိမ္အသစ္မွာ သီးသန္႔ထားတယ္” ဟု စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

အေမရိကန္ႏုိင္ငံတြင္ Green Card ျဖင့္ေနထုိင္သည့္ အဆိုပါခ်င္းအမ်ဴိးသားသည္ မဂၤလာေဆာင္ရန္အတြက္ မတ္လ (၁၃) ရက္ေန႔က ျမန္မာႏိုင္ငံသို႔ျပန္လာခဲ့ၿပီး ကေလးၿမိဳ႕တြင္လည္း (၂) ရက္တည္းခိုေနထိုင္ခဲ့သည္ဟု သိရသည္။

ထို႔ေနာက္ တီးတိန္ၿမိဳ႕နယ္၊ ကပ္တဲလ္ေက်းရြာတြင္ ဧည့္ခံပြဲမ်ားက်င္းပျပဳလုပ္ၿပီးေနာက္ ကိုယ္အပူခ်ိန္ျမင့္တက္ဖ်ားနာသျဖင့္ မတ္လ (၂၁) ရက္ေန႔တြင္ တီးတိန္ျပည္သူ႔ေဆးရံုသို႔ ေစာင့္ၾကည့္လူနာအျဖစ္ ကုသမႈခံယူခဲ့သည္။

အဆိုပါလူနာထံမွ ဓာတ္ခြဲနမူနာအား မတ္လ (၂၂) ရက္ေန႔တြင္ ရယူခဲ့ၿပီး အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမွုဆိုင္ရာဌာန (ရန္ကုန္) သို႔ေပးပို႔ခဲ့ရာ မတ္လ (၂၃) ရက္ေန႔က စစ္ေဆးခဲ့သည့္ ဓာတ္ခြဲအေျဖအရ COVID-19 ေရာဂါပိုး ကူးစက္ခံထားရေၾကာင္း ေတြ႔ရွိခဲ့ၾကျခင္းျဖစ္သည္။

သူႏွင့္အတူ ရန္ကုန္ၿမိဳ႕မွ ကေလးၿမိဳ႕သို႔ ေလယာဥ္အတူစီးလာသည့္ ပုဂၢိဳလ္မ်ား၊ ကေလးၿမိဳ႕တြင္ သူတည္းခိုေနထိုင္ခဲ့သည့္ေနအိမ္မွ မိသားစု၀င္မ်ား၊ မဂၤလာေဆာင္ရန္အတြက္ ဓာတ္ပံုရိုက္ခဲ့သည့္ ဓာတ္ပံုတိုက္မွ မိသားစုမ်ားကို (၁၄) ရက္ၾကာ Home Quarantine (ေနအိမ္တြင္ေရာဂါေျခခ်ဴပ္ျခင္း) ေဆာင္ရြက္ထားၿပီဟုသိရသည္။

အဆိုပါလူနာသြားေရာက္ေနထုိင္ခဲ့သည့္ တီးတိန္ၿမိဳ႕နယ္၊ ကပ္တဲလ္ေက်းရြာကိုလည္း Lockdown ခ်ထားလိုက္ေသာ္လည္း မိမိေနအိမ္မ်ားတြင္ေနထိုင္ၾကရန္ ပညာေပးမႈမ်ားလည္းလုပ္ေဆာင္ေနသည္ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

ကပ္တဲလ္ေက်းရြာသည္ တီးတိန္ၿမိဳ႕မွ (၁၁) မိုင္ခန္႔ကြာေ၀းၿပီး အိမ္ေျခ (၇၀၀) ခန္႔ရွိကာ လူဦးေရ (၃၀၀၀) နီးပါးခန္႔ရွိသည္ဟု သိရသည္။

ကပ္တဲလ္ေက်းရြာအတြင္းရွိ ေဒသခံအခ်ဴိ႕မွာ ေရာဂါကူးစက္သည္ဆိုသည့္ကိစၥကို အယံုအၾကည္မရွိျခင္းေၾကာင့္ အျပင္ထြက္သြားလာမႈမ်ားရွိေနသည္ဟု ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ပူးဒိုဇေတြာင္ကေျပာသည္။

“အိမ္ထဲမွာေနတဲ့လူေတာ့ရွိတယ္၊ မေနတဲ့လူလည္းရိွတယ္၊ တစ္ခ်ိဳ႕ကစိုးရိမ္လို႔ အျပင္မထြက္တဲ့သူလည္းရိွတယ္၊ ဒါေပမယ့္ ရြာအျပင္ကိုေတာ့မထြက္ဘူး၊ က်ေနာ္တို႔အုပ္ခ်ဳပ္ေရးမွဴး၊ ရဲနဲ႔ပူးေပါင္းျပီးေတာ့ (၃) ေနရာမွာ အတားအဆီးေတြလုပ္တယ္၊ တခ်ဴိ႕က သိပ္မစိုးရိမ္တဲ့သေဘာမ်ိဳးန႔ဲထြက္တာ၊ တကယ္ Lockdown ခ်ေတာ့ စားနပ္ရိကၡာ ဆန္၊ ဆီ၊ ဆားေတြနဲ႔ လူမႈေရးေတြမွာ ရက္ကဘယ္ေလာက္မွမၾကာေသးေပမဲ့ ေတာ္ေတာ္ေတာ့ဒုကၡေရာက္တာေပါ့ေနာ္၊ ျပည္နယ္အစိုးရကေနျပီးမွ ကိုယ့္ရြာကိုယ့္လူေတြအတြက္ အမ်ားၾကီးစဥ္းစားျပီးမွ ပိတ္ခိုင္းတယ္ဆိုေတာ့ ကိုယ္ကျငင္းဆန္လို႔လည္းမရဘူး” ဟု အုပ္ခ်ဳပ္ေရးမွဴး ပူးဒိုခေတြာင္ကေျပာသည္။

လူနာနဲ႔ထိေတြ႕ဆက္ဆံသည့္ ေက်းရြာရိွေဒသခံမ်ားကို မတ္လ (၁၅) ရက္ေန႔ မနက္ (၇) နာရီကစျပီး အုပ္ခ်ဳပ္ေရးမွဴးအဖြဲ႕မ်ား၊ က်န္းမာေရးေကာ္မတီႏွင့္ ေက်းလက္က်န္းမာေရးအဖြဲ႕တို႔မွ အိမ္တိုင္ရာအေရာက္ စာရင္းေကာက္ယူကာ (၁၄) ရက္အတြင္း အျပင္မထြက္ၾကရန္ႏွင့္ ထူးျခားျဖစ္စဥ္ ဖ်ားနာျခင္းမ်ားရိွလွ်င္ အခ်ိန္မီလာေရာက္တုိင္ၾကားရန္ ေသခ်ာမွာထားေၾကာင္း အုပ္ခ်ဴပ္ေရးမွဴးကေျပာသည္။

ကိုရိုနာဗိုင္းရပ္စ္ကူးဆက္မႈျဖစ္ပြားလာပါက ျမိဳ႕နယ္မ်ား အသြားအလာပိတ္ျခင္းမ်ားရိွလာႏိုင္ျပီး ျပည္သူမ်ားအတြက္ စားနိပ္ရိကၡာအခက္အခဲမရိွေစရန္ ခ်င္းျပည္နယ္ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းအတြက္ ဆန္အိတ္ (၂၀၀၀) အား ျမိဳ႕နယ္အခ်ိဳ႕တြင္ စုေဆာင္းျပင္ဆင္ေနေၾကာင္း ျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရိွသူ စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

ခ်င္းျပည္နယ္တြင္ Covid-19 ေရာဂါပိုးရွိသည့္ လူနာေတြ႔ရွိသည့္ေနာက္ပိုင္းစ၍ ခ်င္းျပည္နယ္တ၀ွမ္း ဘုရားေက်ာင္း၊ ဘာသာေရးပြဲေတာ္၊ ပြဲလမ္းသဘင္မ်ား က်င္းပျပဳလုပ္ခြင့္ကို ခ်င္းျပည္နယ္အစိုးရအဖြဲ႔က ပိတ္ပင္လိုက္ၿပီျဖစ္သည္။

#Unicode

By လားနွန် – Covid-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တီးတိန်မြိ်ု့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာသည် ယခုအခါဖျားနာမှုမရှိတော့ဘဲ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“လူနာကကျန်းမာပါတယ် လောလောဆယ်တော့သူ Stable (တည်ငြိမ်၊ ခိုင်ခံ့၊ မဖောက်ပြန်) လည်းဖြစ်ပါတယ်၊ အပူချိန်လည်းတက်တာမရှိဘူး၊ တီးတိန်ပြည်သူ့ဆေးရုံ ဝန်ထမ်းနေထိုင်မယ့်နေအိမ်၊ ကွာတာအိမ်အသစ်မှာ သီးသန့်ထားတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

အမေရိကန်နိုင်ငံတွင် Green Card ဖြင့်နေထိုင်သည့် အဆိုပါချင်းအမျိူးသားသည် မင်္ဂလာဆောင်ရန်အတွက် မတ်လ (၁၃) ရက်နေ့က မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး ကလေးမြို့တွင်လည်း (၂) ရက်တည်းခိုနေထိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာတွင် ဧည့်ခံပွဲများကျင်းပပြုလုပ်ပြီးနောက် ကိုယ်အပူချိန်မြင့်တက်ဖျားနာသဖြင့် မတ်လ (၂၁) ရက်နေ့တွင် တီးတိန်ပြည်သူ့ဆေးရုံသို့ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူခဲ့သည်။

အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား မတ်လ (၂၂) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ မတ်လ (၂၃) ရက်နေ့က စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

သူနှင့်အတူ ရန်ကုန်မြို့မှ ကလေးမြို့သို့ လေယာဉ်အတူစီးလာသည့် ပုဂ္ဂိုလ်များ၊ ကလေးမြို့တွင် သူတည်းခိုနေထိုင်ခဲ့သည့်နေအိမ်မှ မိသားစုဝင်များ၊ မင်္ဂလာဆောင်ရန်အတွက် ဓာတ်ပုံရိုက်ခဲ့သည့် ဓာတ်ပုံတိုက်မှ မိသားစုများကို (၁၄) ရက်ကြာ Home Quarantine (နေအိမ်တွင်ရောဂါခြေချူပ်ခြင်း) ဆောင်ရွက်ထားပြီဟုသိရသည်။

အဆိုပါလူနာသွားရောက်နေထိုင်ခဲ့သည့် တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာကိုလည်း Lockdown ချထားလိုက်သော်လည်း မိမိနေအိမ်များတွင်နေထိုင်ကြရန် ပညာပေးမှုများလည်းလုပ်ဆောင်နေသည်ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ကပ်တဲလ်ကျေးရွာသည် တီးတိန်မြို့မှ (၁၁) မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ (၇၀ဝ) ခန့်ရှိကာ လူဦးရေ (၃၀ဝ၀) နီးပါးခန့်ရှိသည်ဟု သိရသည်။

ကပ်တဲလ်ကျေးရွာအတွင်းရှိ ဒေသခံအချိူ့မှာ ရောဂါကူးစက်သည်ဆိုသည့်ကိစ္စကို အယုံအကြည်မရှိခြင်းကြောင့် အပြင်ထွက်သွားလာမှုများရှိနေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ပူးဒိုဇတွောင်ကပြောသည်။

“အိမ်ထဲမှာနေတဲ့လူတော့ရှိတယ်၊ မနေတဲ့လူလည်းရှိတယ်၊ တစ်ချို့ကစိုးရိမ်လို့ အပြင်မထွက်တဲ့သူလည်းရှိတယ်၊ ဒါပေမယ့် ရွာအပြင်ကိုတော့မထွက်ဘူး၊ ကျနော်တို့အုပ်ချုပ်ရေးမှူး၊ ရဲနဲ့ပူးပေါင်းပြီးတော့ (၃) နေရာမှာ အတားအဆီးတွေလုပ်တယ်၊ တချိူ့က သိပ်မစိုးရိမ်တဲ့သဘောမျိုးနဲ့ထွက်တာ၊ တကယ် Lockdown ချတော့ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆားတွေနဲ့ လူမှုရေးတွေမှာ ရက်ကဘယ်လောက်မှမကြာသေးပေမဲ့ တော်တော်တော့ဒုက္ခရောက်တာပေါ့နော်၊ ပြည်နယ်အစိုးရကနေပြီးမှ ကိုယ့်ရွာကိုယ့်လူတွေအတွက် အများကြီးစဉ်းစားပြီးမှ ပိတ်ခိုင်းတယ်ဆိုတော့ ကိုယ်ကငြင်းဆန်လို့လည်းမရဘူး” ဟု အုပ်ချုပ်ရေးမှူး ပူးဒိုခတွောင်ကပြောသည်။

လူနာနဲ့ထိတွေ့ဆက်ဆံသည့် ကျေးရွာရှိဒေသခံများကို မတ်လ (၁၅) ရက်နေ့ မနက် (၇) နာရီကစပြီး အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ကျန်းမာရေးကော်မတီနှင့် ကျေးလက်ကျန်းမာရေးအဖွဲ့တို့မှ အိမ်တိုင်ရာအရောက် စာရင်းကောက်ယူကာ (၁၄) ရက်အတွင်း အပြင်မထွက်ကြရန်နှင့် ထူးခြားဖြစ်စဉ် ဖျားနာခြင်းများရှိလျှင် အချိန်မီလာရောက်တိုင်ကြားရန် သေချာမှာထားကြောင်း အုပ်ချူပ်ရေးမှူးကပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးဆက်မှုဖြစ်ပွားလာပါက မြို့နယ်များ အသွားအလာပိတ်ခြင်းများရှိလာနိုင်ပြီး ပြည်သူများအတွက် စားနိပ်ရိက္ခာအခက်အခဲမရှိစေရန် ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းအတွက် ဆန်အိတ် (၂၀ဝ၀) အား မြို့နယ်အချို့တွင် စုဆောင်းပြင်ဆင်နေကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ်တွင် Covid-19 ရောဂါပိုးရှိသည့် လူနာတွေ့ရှိသည့်နောက်ပိုင်းစ၍ ချင်းပြည်နယ်တဝှမ်း ဘုရားကျောင်း၊ ဘာသာရေးပွဲတော်၊ ပွဲလမ်းသဘင်များ ကျင်းပပြုလုပ်ခွင့်ကို ချင်းပြည်နယ်အစိုးရအဖွဲ့က ပိတ်ပင်လိုက်ပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.