Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်နှင့် တွန်းဇံမြို့နယ်နှစ်ခုကို တီးတိန်ခရိုင်အဖြစ်တိုးမြှင့်ပေးရန် ZCD တောင်းဆို

တီးတိန်နှင့် တွန်းဇံမြို့နယ်နှစ်ခုကို တီးတိန်ခရိုင်အဖြစ်တိုးမြှင့်ပေးရန် ZCD တောင်းဆို

0
By Editor on January 23, 2019 Headline

ချင်းပြည်နယ် တီးတိန်နှင့် တွန်းဇံမြို့နယ်နှစ်ခုကို တီးတိန်ခရိုင်အဖြစ် တိုးမြှင့်ပေရေး ကူညီဆောင်ရွက်ပေးရန် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဇန်န၀ါရီလ (၂၁) ရက်နေ့က တောင်းဆိုလိုက်သည်။

တီးတိန်နှင့် တွန်းဇံမြို့နယ်တို့သည် ချင်းပြည်နယ်လူဦးရေ၏ လေးပုံတစ်ပုံခန့်ရှိသော မြို့နယ်များဖြစ်ကြသည့်အပြင် ဖလမ်းခရိုင်တွင် နှစ်ပေါင်း (၆၀) ခန့်တွဲထားလျက် ပြည်သူလူထုနှင့် ဌာနဆိုင်ရာအစိုးရရုံးများသည် မိုင်ပေါင်း (၁၅၀) ကျော် ဝေးကွာသော ခရိုင်သို့ သွားလာနေရသော အခက်အခဲများကြုံနေရသည်အတွက် ခရိုင်အဆင့်သို့ တိုးမြှင့်ပေးရန် ZCD လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိပ်ဖွင့်ပေးစာပေးပို့ကာ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ZCD အတွင်းရေးမှူးလည်းဖြစ် တီးတိန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူးဂင့်ကမ်းလျန်းက “လူဦးရေအနေအထားအရရော ပထ၀ီအနေအထားအရရော ခရိုင်ပေးသင့်ပါတယ်၊ ခရိုင်ကိစ္စဆိုရင် ဖလမ်းအထိ သွားရတာလေ၊ တိုက်ရိုက်လိုင်းကားလည်းမရှိဘူး ဌာနဆိုင်ရာနဲ့ ပြည်သူလူထုတွေ အတော်လေးအခက်ကြုံနေရတယ် လေ’’ ဟု ပြောသည်။

တီးတိန်ခရိုင်အဆင့်တိုးမြှင့်ရေးကိစ္စနှင့်ပတ်သက်၍ တီတိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးကျင့်ရှန်းထန်နှင့် တွန်းဇံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးခမ်ခန့်ထန်တို့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြခဲ့ပြီးဖြစ်ကြောင်း ယခုအခါ အတိုင်ပင်ခံပုဂ္ဂိုလ် ချင်းပြည်နယ်သို့လာရောက်သည့်ခရီးစဉ်တွင် ထပ်လောင်း တင်ပြဆောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိတွင် ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ မင်းတပ် နှင့် မတူပီခရိုင် စုစုပေါင်းခရိုင် (၄) ခုရှိပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.