(002MG)
ချင်းပြည်နယ်၊ တီးတိန်မြို့အတွင်း သောက်သုံးရေဖြန့်ဝေပေးနေသူအမျိုးသားတစ်ဦး ယနေ့မနက်ပိုင်းက ရေဖွင့်ရန်အသွားမှာ နင်းမိုင်းနင်းမိကာ ခြေတဖက်ပြတ်သွားသည်ဟု သိရသည်။
တီးတိန်မြို့ခံ အမျိုးသားတဦးက “သောက်သုံးရေဖြန့်တဲ့တယောက်ပါ။ ဒီနေ့မနက် သောက်သုံးရေဖြန့်ဖို့ တီးတိန်မြို့က အဓိကသုံးတဲ့ မိုက်ခရိုဝေ့အောက်က ရေဖွင့်သွားတာ မိုင်းနင်းမိတာ။ အခုတော့ဆေရုံရောက်တယ်၊ ဒဏ်ရာက ပြင်းထန် တယ်ခြေဖဝါးထိတာ။ အသက်အန္တရာယ်တော့မစိုးရိမ်ရပေမယ့်သွေးကလိုနေတာ” ဟု ပြောသည်။
မိုင်းနင်းမိသူမှာ အသက် ၄၅ နှစ်အရွယ် Pu Kam Khua Thawn ဖြစ်ပြီး ယနေ့ သြဂုတ်လ ၂၃ ရက် ယနေ့မနက် ၇ နာရီ ခန့်တွင် ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ယာ အထက်နားမှာသို့ ရေခလုပ်ဖွင့်ရန်အသွားမှာ မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမူခံယူနေဆဲဖြစ်ကာ အရေးပေါ်သွေးသွင်းရန် သွေး (၅) ပုလင်းလို အပ်နေပြီး လက်ရှိတွင် သွေး (၃) ပုလင်း ရရှိထားပြီဖြစ်ကြောင်း တီးတိန်မြို့ခံကပြောသည်။
ပြီးခဲ့သည့် မေလ ၂၆ နေ့ တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် မြို့တွင်းရေပေးဝေမှုများ ပျက်စီး ပြတ်တောက်ခဲ့ရပြီး ဒေသခံများ၏ ပြန်လည်ပြုပြင်မူကြောင့် ဇူလိုင် ၈ ရက်နေ့ကစတင်ကာ ပုံမှန်အတိုင်း ရေများပြန်လည်ဖြန့်ဝေနိုင်ခဲ့ကြ သည်ဟုသိရသည်။
တိုက်ပွဲကြောင့် တစ်မြို့လုံး စစ်ဘေတိမ်းရှောင်ခဲ့ကြရသော ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ပေါ်က ဒေသခံ ပြည်သူများအားလုံးနီးပါးသည် မိမိနေရပ်သို့ပြန်လည်နေထိုင်ကြပြီဖြစ်ကာ တီးတိန်မြို့သည်လည်း ယခင်အတိုင်း ပုံမှန်အခြေအနေ ပြန်ရောက်နေပြီဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။