Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့တွင် မြန်မာ့နွေဦးတော်လှန်ရေး ဦးဆောင်သူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တီးတိန်မြို့တွင် မြန်မာ့နွေဦးတော်လှန်ရေး ဦးဆောင်သူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
By Editor on December 6, 2021 Headline

မြန်မာ့နွေဦးတော်လှန်းရေးအတွက် တီးတိန်မြို့မှ ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သည့်အသက် ၃၈ နှစ်အရွယ် Pa Cin Sian Sum သည် ဒီဇင်ဘာ ၅ ရက် မနက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကျဆုံးသွားသည်ဟု သိရသည်။

Pa Cin Sian Sum သည် သူညအိပ်တည်းခိုသည့် တီးတိန်မြို့ မြို့မရပ်ကွက်တွင် ယနေနံနက်ပိုင်းမိုးမလင်းမီအချိန်တွင် အမည်မသိလက်နက်ကိုင်တစ်စုမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။

“သူက သူ့အိမ်မှာမအိပ်ရဲဘူး တခြားအိမ်မှာအိပ်တယ်၊ အဲဒီအိပ်တဲ့နေရာမှာ လက်နက်ကိ်ုင်အဖွဲ့အစည်းက လာပြီး သူ့ကိုရှာတာလို့ပြောတယ်၊ လက်နက်ကိုင် ၂ ယောက်က သူအိပ်တဲ့နေရာကိုသွားပြီးတော့မှ စကားအပြန်အလှန်ပြောပြီး သေနတ်နဲ့နှစ်ချက်ပစ်ခံရတာလို့သိရတယ်” ဟု တီးတိန်ဒေသခံကပြောသည်။

Pa Cin Sian Sum အား လုပ်ကြံသတ်ဖြတ်သူများမှာ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို မသိရသော်လည်း မြန်မာ့နွေဦး တော်လှန်ရေးအား ဆန့်ကျင်တိုက်ခိုက်နေသောအဖွဲ့အစည်းတစ်ခု၏ လက်ချက်ဖြစ်သည်ဟု ဇိုမီးဖက်ဒရယ်အစည်းအရုံး (Zomi Federal Union – PDF Zoland) က ထုတ်ပြန်သည်။

ယခုကဲ့သို့ အကြမ်းဖက်မှုနှင့် အနိုင်ကျင့်စော်ကားမှုများအား ZFU/PDF-Zoland အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း၊ အဆိုပါလုပ်ကြံပစ်ခတ်မှုဖြစ်စဉ်တွင် နွေဦးတော်လှန်ရေးအား တိုက်ခိုက်နေသော တာဝန်ရှိအဖွဲ့အစည်းနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်သူ နှစ်ဦးကိုလည်း သိရှိထားပြီး မတရားသတ်ဖြတ်ခံရခြင်းအကြောင်းရင်းအား စုံစမ်းဖော်ထုတ်ကာ တရားမျှတမှုရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု Zomi Federal Union – PDF Zoland ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Pa Cin Sian Sum သည် စစ်အာဏာရှင်ဆန့်ကျင်သည့် တီးတိန်မြို့မှ နွေဦးတော်လှန်ရေးလှုပ်ရှားမှု၊ ဆန္ဒဖော်ထုတ်မှုများတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့်အပြင် CDM လှုပ်ရှားမှုတွင်လည်း တက်တက်ကြွကြွ စည်းရုံးဦးဆောင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.