Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့နယ်တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့ နှင့် ZRA-EC ကြားပစ်ခတ်မှုဖြစ်ပွား

တီးတိန်မြို့နယ်တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့ နှင့် ZRA-EC ကြားပစ်ခတ်မှုဖြစ်ပွား

0
By Editor on March 6, 2025 Headline

(002MG)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာတွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင် CNA, PDA-Tedim နှင့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC တို့ ယနေ့ မတ်လ ၅ ရက် မနက်ပိုင်းကစ၍ ပစ်ခတ်မှုဖြစ်ပွားနေသည်ဟု သိရသည်။

တီးတိန်မြို့ခံတဦးက “တုန်းဇန်ဖက်မှာတော့ တိုက်ပွဲဖြစ်နေတယ်။ မနေ့ကညနေပိုင်းစတာ၊ ဒီနေ့အထိဖြစ်တာပဲ၊ တုန်းဇန်ရွာရဲ့ ရွာအထက်ပိုင်းမှာဖြစ်တာ။ သူတို့ပြောတဲ့ပုံစံဆိုရင် အဲ့ရွာမှာရှိတဲ့ CNA အဖွဲ့ကို ZRA က သွားတိုက်တဲ့ ပုံစံမျိုးဖြစ်တယ်။ ထိခိုက်တာတွေတော့ မသိရသေးဘူး” ဟု ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် တုန်းဇန်ကျေးရွာသည် တီးတိန်မြို့မှ မိုင် ၂၀ ခန့်ကွာဝေးပြီး ချင်းအမျိုးသားတပ်မတော် CAN၊ PDA-Tedim တပ်ဖွဲ့များ ရွာထဲမှာရှိနေစဉ် ZRA-EC က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ZRA-EC ဘက်က အင်အားအများအပြားနဲ့ တုန်းဇန်ရွာထဲကို စပစ်တာပါ၊ ကျနော်တို့ကတော့ ကိုယ့်ချင်းလူမျိုး အချင်းချင်းဖြစ်တဲ့ အခါကျတော့ ဘာမှမလုပ်ချင်ဘူး ဒါပေမယ့် သူတို့ဘက်က စပြီးတိုက်ခိုက်လာတာဖြစ်တယ်” ဟု PDA-Tedim တာဝန်ရှိသူတစ်ဦးကပြောသည်။

ယနေ့ပစ်ခတ်မှုတွင် ZRA-EC ဘက်က တစ်ယောက်သေဆုံးသည်ဟု သိရပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပေ။

ချင်းပြည်မြောက်ပိုင်း တီးတိန် နှင့် တွန်းဇံမြို့နယ်တွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့ နှင့် ZRA-EC တပ်ဖွဲ့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.