Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့နယ်တွင် မီးပွားခါစအမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့များက အဓမ္မပြုကျင့်

တီးတိန်မြို့နယ်တွင် မီးပွားခါစအမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့များက အဓမ္မပြုကျင့်

0
By Editor on November 17, 2021 Headline

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာ (Aklui Khua) တွင်နေထိုင်သော အသက် ၂၇ နှစ်အရွယ် မီးပွားခါစ အမျိူးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်မှု နိုဝင်ဘာလ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း Chinland Defense Force- Kalay-Kabaw-Gangaw (CDM-Siyin) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အပ်လွယ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့တချိူ့သည် နိုဝင်ဘာလ ၁၁ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် အဆိုပါအမျိုးသမီး၏နေအိမ်သို့ဝင်ရောက်ကာ အမျိူသားဖြစ်သူကို ဖမ်းဆီးချုပ်နှောင်ကာ အမျိူးသမီးဖြစ်သူကို လင်ယော ကျာ်းရှေ့တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ည်ဟု Chinland Defense Force- Kalay-Kabaw-Gangaw (CDM-Siyin) ကော်မတီဝင်တစ်ဦးကပြောသည်။

“ ည ၁၁ နာရီဝန်းကျင်မှာ အဓမ္မပြုကျင့်ခံရတဲ့အိမ်ကို စစ်သားသုံးယောက်ဝင်လာပြီး တခါထဲ သူ့ယောင်္ကျားကိုသေနတ်နဲ့ ချိန်ပြီးမှ လေးဖက်ကုန်းသွားခိုင်းပြီးမှ ရေချိုးခန်းမှာ ဝပ်ခိုင်းပြီးမှ လုံးဝခေါင်းကိုမထောင်ခိုင်းဘူး ၊ ခေါင်းထောင်တာနဲ့ ဘေးမှာရှိတဲ့ ကြွေပန်းကန်နဲ့ထု၊ ရှိတဲ့ဟာနဲ့ ထု၊ သေနတ်နဲ့ တယောက်က ချိန်ထား ပြီးမှ ကျန်တဲ့နှစ်ယောက်က အဓမ္မပြု ကျင့်တယ်၊ နောက်သုံးယောက်စလုံးက တစ်ယောက်တလှည့်စီပြုကျင့်တယ်၊ ကာယကံရှင်ကိုယ်တိုင်က ကျွန်တော်တို့စီကို လာတိုင်တာပါ။” ဟု CDM-Siyin ကော်မတီဝင်ကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါအမျိုးသမီးအား ပထမအကြိမ်အဓမ္မပြုကျင့်ပြီးနောက် စစ်ကောင်စီတပ်သား ၂ ဦးမှာ ည ၁၂ နာရီခန့်တွင်ထပ်မံရောက်ရှိလာပြီး ဒုတိယအကြိမ်အဓမ္မပြုကျင့်ကာ အမျိုးသမီး၏ လက်ဝတ်လက်စားများကိုပါ ချွတ် ယူသွားသည်ဟု သိရသည်။

အဓမ္မပြုကျင့်ခံရသည့်အမျိူးသမီးမှာ မီးနေသည်တစ်ဦးဖြစ်ကာ ကလေးမွေးဖွားသည်မှာ ၁ လခွဲခန့်သာရှိသေးပြီး ယင်းဖြ စ်စဉ်ကြောင့် အမျိုးသမီးဖြစ်သူမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ကာ လက်ရှိတွင် လုံခြုံ ဘေးကင်းရာနေရာတွင် ရွေ့ပြောင်းထား ကြောင်းသိရသည်။

“ သူ့မိဘတွေနဲ့တောင် စကားမပြောရဲဘူးရှက်နေတယ်၊ ပြီးတော့မှ လူလည်းအသိမခံချင်းဘူး စိတ်အားလည််း အရမ်းအား ငယ်တယ်၊ သူ့ယောင်္ကျားကလည်း သူ့မိန်းမကို တအားလည်းသနားနေတယ်” ဟု CDM-Siyin ကော်မတီဝင်ကပြောသည်။

အပ်လွယ်ကျေးရွာသည် တီးတိန်မြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးပြီး ကလေးမြို့မှ တီးတိန်မြို့သွားသည့် ကားလမ်းမပေါ် ကနေဒီ တောင်ခြေတွင်ရှိသော ကျေးရွာဖြစ်သည်။ လက်ရှိ ၎င်းကျေးရွာတွင် ရွာသားအားလုံးနီးပါး နီးစပ်ရာကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုအခါအပ်လွယ်ကျေးရွာမှထွက်ခွါသွားပြီး သိုင်ငင်းကျေးရွာတွင် တပ်စွဲထားသည့် အတွက် ဒေသခံပြည်သူများ စိုးရိမ်နေကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ စစ်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသော ချင်းအမျိုးသမီးအား အဓမ္မပြုကျင့်သည့် လုပ်ရပ် သည် ချင်းတစ်မျိုးသားလုံးအားစော်ကားခြင်းဖြစ်ပြီး ပြန်လည်လက်တုံ့ပြန်သွားမည်ဟု Chinland Defense Force- Kalay-Kabaw-Gangaw (CDM-Siyin) က ထုတ်ပြန်ထားသည်။

အလားတူ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မီးတွင်းနေ သားသည်မိခင်အား စစ်ကောင်စီတပ်ဖွဲ့က အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုသည် ချင်းတစ်မျိုးသားလုံးအား စော်ကားခြင်းဖြစ်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.