Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့နယ်မှာ အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်က မုဒိမ်းပြုကျင့်

တီးတိန်မြို့နယ်မှာ အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်က မုဒိမ်းပြုကျင့်

0
By Editor on July 6, 2024 Headline

ချင်းပြည်နယ် တီးတိန်မြို့နယ် စီးယင်းဒေသ မွှောလ်ပီးကျေးရွာက အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က မုဒိမ်းပြုကျင့်မှု ဇူလိုင်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကလေးမြို့မှ စစ်ကား ၆ စီးဖြင့် ချင်းတောင်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် စီးယင်းဒေသ မွှောလ်ပီးကျေးရွာသို့ ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းတွင် ရောက်ရှိလာကြပြီး ကျေးရွာထဲက အသက် ၁၃ နှစ်အရွယ်ခန့်ရှိသော အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်သား ၂ ဦးက မုဒိမ်းပြုကျင့်ခဲ့သည်ဟု CDF CDM Siyin တပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သား ၂ သည် အဆိုပါ အမျိုးသမီးငယ်၏ နေအိမ်သို့ဝင်ရောက်ကာ မီးဖိုချောင်ထဲ၌ ထမင်းဟင်းချက်ရန်ပြင်နေသော မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု CDF CDM Siyin က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံပြည်သူများက စစ်ကြောင်းနှင့်သက်ဆိုင်သော စစ်ကောင်စီတာဝန်ရှိသူထံ သွားရောက်တိုင်တန်းခဲ့ကြရာမှာ ငွေကြေးဖြင့် ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

မွှောလ်ပီးကျေးရွာသို့ ရောက်ရှိနေသာ စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာထဲက ကလေးအမေတစ်ဦးနှင့် အသက် ၁၃ နှစ်ခန့်အရွယ်ရှိသော မိန်းကလေးငယ်တစ်ဦးကိုလည်း အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သော်လည်း ရုန်းထွက်လွတ်မြောက်နိုင်ခဲ့ကြသည်ဟု CDF CDM Siyin ကထုတ်ပြန်သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အပြင်းထန်ဆုံး ပြန်လည်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နစ်နာသူ အနာဂတ်လုံခြုံမှုမှအစ အစစအရာရာကို တာဝန်ယူသွားမည်ဖြစ်ကြောင်း CDF CDM Siyin က ဖော်ပြပါသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က တီးတိန်မြို့နယ် စီးယင်းဒေသရှိ အာလွယ်ကျေးရွာက လင်သားရှိ အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မ ပြုကျင့်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.