Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့နယ်ရှိ PDA စခန်းကို ZRA-EC ဝင်ရောက်စီးနင်းပြီး လက်နက် ၁၅ လက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်း

တီးတိန်မြို့နယ်ရှိ PDA စခန်းကို ZRA-EC ဝင်ရောက်စီးနင်းပြီး လက်နက် ၁၅ လက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်း

0
By Editor on March 23, 2026 Khonumthung

CDF-Tonzang က ၎င်းလက်နက်ခဲယမ်းများ ပြန်လည်အပ်နှံရန် သတိပေး

(004SS)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Geelzang ရွာရှိ People’s Defense Army (PDA) ၏ တပ်စခန်းတစ်ခုကို Zomi Revolutionary Army-Eastern Command (ZRA-EC) က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး လက်နက်ခဲငယ် ၁၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မတ်လ ၂၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဆိုပါစီးနင်းမှုအတွင်း ZRA-EC ဘက်မှ လက်နက် ၁၅ လက်နှင့် ကျည်ဆန် အမြောက်အများ၊ ဗုံးသီးများ သိမ်းဆည်းရမိခဲ့ကြောင်း ZRA-EC အဖွဲ့ဝင် Peter Kim thang က ၎င်း၏ လူမှုကွန်ယက်စာ မျက်နှာတွင် ဖော်ပြသည်။

“မနေ့က Geelzang က PDA စခန်းကို သွားတိုက်တာ RPG ရော လက်နက်ခဲယမ်းအမြောက်အများရခဲ့တယ်” ဟု ဗီဒီယိုဖိုင်၊ ဓါတ်ပုံနှင့်တကွ Peter Kim Thang က ရေးသားဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ CDF-Tonzang က ယမန်နေ့ညနေပိုင်းတွင်ကြေညာချက်ထုတ်ပြန်ပြီး ZRA-EC အနေဖြင့် သိမ်းယူသွားသော လက်နက်ခဲယမ်းများကို မူလပိုင်ရှင်ဖြစ်သည့် PDA ထံသို့ အမြန်ဆုံး ပြန်လည်အပ်နှံရန် သတိပေးခဲ့သည်။

အကယ်၍ သတ်မှတ်ထားသည့်အတိုင်း ပြန်လည်အပ်နှံခြင်းမရှိပါက ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် လိုအပ်သလို ပြန်လည်တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF-Tonzang ကပြင်းထန်စွာ သတိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.