Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မှာ သတိုးသမီးတင်တောင်းရာမှ အပြန် ကားမှောက်၍ လိုက်ပါလာသူအားလုံး သေဆုံး

တီးတိန်မှာ သတိုးသမီးတင်တောင်းရာမှ အပြန် ကားမှောက်၍ လိုက်ပါလာသူအားလုံး သေဆုံး

0
By Editor on October 9, 2023 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ ချင်းရိုးရာဓလေ့အတိုင်း သတိုးသမီးတင်တောင်းရာမှ အပြန်လမ်းတွင် ကားတိမ်းမှောက်မှုကြောင့် ကားနှင့်လိုက်ပါလာသူ ၆ ဦးလုံး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

တီးတိန်မြို့နယ်၊ Thal Maul ကျေးရွာမှ သတိုးသား၏ ဆွေမျိုးများသည် တီးတိန်မြို့ပေါ်ရှိ သတိုးသမီးအိမ်သို့ ယမန်နေ့ အောက် တိုဘာလ ၇ ရက်က သတိုးသမီးတင်တောင်းရာမှ အပြန် ညနေ ၅ နာရီခွဲခန့်တွင် ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မင်္ဂလာဆောင်တဲ့ ၂ ဦးက မလေးရှားမှာ ရောက်နေတာ ။ ဒီဘက်မှာရှိတဲ့ သူ့မိဘတွေက ချင်းရိုးရာထုံစံအတိုင်း မနေ့က ရွာဘက်ကနေ တက်လာပြီး မိန်းကလေးကို တင်တောင်းတာဖြစ်တယ်။ တင်တောင်းပြီး အစီအစဉ်တွေ ပြီးတဲ့အချိန် ဆိုင်ကယ်မစီးနိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ မိန်းကလေးတွေပါ ၆ ဦးက ကားတစ်စီးနဲ့ တီးတိန်းကနေ Thal Maul ကျေးရွာကို ပြန်ကြတယ်။ ကျေးရွာအနားကို မရောက်ခင်မှာ ကားတိမ်းမှောက်ပြီးတော့မှ ခြောက်ယောက်စလုံး ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါအဝင် သတိုးသား၏ ဆွေမျိုးများထဲမှ ကားနှင့် လိုက်ပါလာသူ အမျိုးသား ၄ ဦးနှင့်  အမျိုးသမီး ၂ ဦးတို့ အားလုံး သေဆုံးခဲ့သည်ဟု ဒေသခံက ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် သတိုးသားနှင့် သတိုးသမီးမှာ ယနေ့ အောက်တိုဘာ ၈ ရက်တွင် မလေးရှားနိုင်ငံ EBC KL ဘုရားကျောင်းမှာ မင်္ဂလာပွဲ ကျင်းပမည့် အစီအစဉ်ကို ဖျက်သိမ်းထားရသည်ဟု သိရသည်။

မည်ကဲ့သို့ ယာဉ်မတော်တဆမှု ဖြစ်ပွားရသည်ကို မသိရသေးဘဲ သေဆုံးသူများကို မနက်ဖြန်နှင့် တဘက်ခါတွင် သဂြိုလ်ကြ မည်ဟု သိရသည်။

တီးတိန်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးများသည်းထန်းစွာ ရွာသွန်းနေပြီး ကားလမ်းမ၏ တချို့အစိတ်အပိုင်းများမှာ ပျက်စီးနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီ၏ အဓိက လမ်းမကြီးများမှာ စစ်ရေးလှုပ်ရှားသည့် ကိုင်ဆီးတပ်ရင်း ၄ နှစ်ပြည့်ပြီ

ဟားခါးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် CDF–Hakha ထံ အလင်းဝင်

MRO/ CDF- မတူပီနှင့် မဟာမိတ်များ မိမိထိန်းချုပ်ဒေသမှာ တပ်စခန်းချခြင်းကို ရုတ်သိမ်းပေးရန် Chinland Defense Force – မတူပီ တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.