Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်းမြို့ က စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အတူ PDF-Zoland ထံ အလင်းဝင်

တီးတိန်းမြို့ က စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အတူ PDF-Zoland ထံ အလင်းဝင်

0
By Editor on April 8, 2025 Headline

အာဏာသိမ်းချိန်မှ ယနေ့ထိ အလင်းဝင်လာသူ အယောက် ၄၀ ထက်မနည်းရှိ

(004SS)

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်မှ စစ်သား ၂ ဦးသည် လက်နက်ခဲ ယမ်းများနှင့်အတူ ယမန်နေ့ ဧပြီ ၇ ရက်နေ့တွင် အလင်း ဝင်လာခဲ့ကြသည်ဟု PDF- Zoland က ယနေ့ ညနေပိုင်းက ထုတ်ပြန်သည်။

အလင်းဝင်လာသူ ၂ ဦးမှာ အသက် ၂၃ နှစ်ရှိ တပ်သား စိုးလင်းအောင် ၊ ကိုယ်ပိုင်အမှတ် ပစ – ၁၃၂၉၇၂ နှင့် တပ်သား ဖိုးလပြည့်၊ ကိုယ်ပိုင်အမှတ်-ပစ – ၁၃၂၉၈၅ တို့နှစ်ဦးဖြစ်ပြီး ၎င်းတို့အား နွေးထွေးစွာ ‌ကြိုဆိုကြောင်း ‌ထုတ်ပြန်သည်။

အလင်းဝင်လာသူ ၂ ဦးက သေနတ် ၁ လက် အပါအဝင် ကျည်ဆံများ၊ ကျည်ဘောက်စ် ၆ ခု၊ ကျည်ကာ ၂ ချပ်နှင့် walkie talkie ၁ လုံး စသည့် စစ်အသုံးအဆောင်ပစ္စည်းများဖြင့် အလင်းဝင်ရောက်လာကြောင်း၊ ၎င်းတို့ကို ဆုကြေးငွေ ချီးမြင့်ပေးခဲ့ကြောင်း PDF-Zoland ကထုတ်ပြန်သည်။

ဧပြီလ ၃ ရက်နေ့ကလည်း တီးတိန်မြို့ ခလရ ၂၆၉ တပ်က အသက် ၂၃ နှစ်ရှိ ရဲဘော် ဖိုးခွါး ကိုယ်ပိုင်အမှတ်-တ/၅၇၃၉၂၄ နှင့် အသက် ၂၂ နှစ်ရှိ ဒုတပ်ကြပ် မျိုးမင်းကျော် ကိုယ်ပိုင်အမှတ်-တ/၅၇၂၆၈၉ တို့နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ PDF Zoland ထံ အလင်းဝင်လာခဲ့ပြီး ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှ ယနေ့အထိ PDF- Zoland ထံ တိုက်ရိုက် အလင်းဝင်လာသော စစ်သားနှင့် ရဲ စုစုပေါင်း ၄၀ ထက်မနည်းရှိပြီဟု သိရသည်။

“အာဏာသိမ်းစကတည်းကနေ အခုထိ ကျွန်တော်တို့ဆီ တိုက်ရိုက် ဆက်သွယ်ပြီးတော့ လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာ တဲ့သူ ၂၅ ယောက် လောက် ရှိပြီ၊ နောက် လက်နက်မပါဘဲ အလင်းဝင်လာတဲ့သူက ၁၅ လောက်ရှိပြီပေါ့နော်။ တခြား ကတော့ ဟားခါးဘက်တို့ စီးယင်းဘက်တို့နဲ့ ဆက်သွယ်တယ် ကျွန်တော်တို့က ကူညီပေးတဲ့သူပေါ့ ၁၃ ဝန်းကျင် ရှိမယ်။ ကျွန်တော်တို့ အနေနဲ့တော့ လက်နက်နဲ့ အလင်းဝင်ရင် ဆုကြေးငွေ ချီးမြင့်ပေးတယ် ၊ လက်နက်ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ အလင်းဝင်လာတဲ့သူမှန်သမျှကိုတော့ သူတို့ သွားလိုတဲ့ နေရာထိ တာဝန်ယူပေးတာပေါ့နော်” ဟု PDF-Zoland မှ တာဝန်ရှိသူကိုတိုနီက ပြောသည်။

အလားတူ ဧပြီလ ၆ ရက်နေ့က စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အသက် ၂၅ နှစ်အရွယ် သန့်ဇင်ဖြိုးသည် ဟားခါးမြို့ပေါ်ရှိ စိုက်ပျိုးရေးခြံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေးလာပြီး G-3 သေနတ်၊ ခဲယမ်းများနှင့်အတူ CDF – Hakha ထံကို အလင်းဝင်‌ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.