Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်၊ မြို့မရဲစခန်းရှေ့ ဆိုင်ကယ်ဖြင့် ဖြတ်သွားသော ပြည်သူ ၁ ဦး ပစ်သတ်ခံရ

တီးတိန်၊ မြို့မရဲစခန်းရှေ့ ဆိုင်ကယ်ဖြင့် ဖြတ်သွားသော ပြည်သူ ၁ ဦး ပစ်သတ်ခံရ

0
By Editor on September 13, 2021 Headline

ချင်းပြည်နယ် တီးတိန်မြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်က မြို့မရဲစခန်းရှေ့တင် ဆိုင်ကယ်ဖြင့် ဖြတ်သွားသူများအား ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

“ရဲစခန်းရှေ့က လမ်းကိုသွားတော့ ရဲက သူ့ကိုရပ်ဖို့တားတယ်၊ ရဲစခန်းဖက်က ရပ်ပြီး စစ်ဆေးခံဖို့နဲ့ မရပ်ရင်ပစ်မယ်လို့ ပြောတာ သူကမရပ်တော့ ရဲစခန်းဖက်ကနေပစ်သတ်တာပေါ့ မနေ့ကတော့ သူ့အလောင်းကို ရွာကိုပြန်သယ်ကြတယ်၊ ၂ ယောက်က ဒဏ်ရာရတယ်၊ မိန်းကလေးက သူ့ရဲဲ့ပေါင်မှာ တချက် ယောကျင်္ာလေးက ဘယ်ဖက်ခြေထောက်မှာ ၂ ချက်ဒဏ်ရာရတယ်” ဟု တီး တိ်န်မြို့ဒေသခံတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ တီးတိန်မြို့နယ် ဂေါန်မွှောလ်(Gawngmual) ရွာသားဖြစ်သည်ဟု သိရ သည်။

တီးတိန်မြို့တွင် စက်တင်ဘာလ ၄ ရက်နေ့က မြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် အပြင် ပြီးခဲ့သည့် သြဂုတ်လတွင်လည်း မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးတာဝန်ကျ ရဲတပ်သား ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) က စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းတွင် စစ်အာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်တိုက်ပွဲခေါ်သံကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အခြေအနေ စတင်ကြေညာပြီးနောက်ပို််င်းတွင် ချင်းပြည်နယ်နှင့် အခြားမြို့ရွာများတွင်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွား လာကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.