Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်-ရိခေါဒါရ်မြို့ကြား ကားလမ်းပြန်ဖွင့်

တီးတိန်-ရိခေါဒါရ်မြို့ကြား ကားလမ်းပြန်ဖွင့်

0
By Editor on September 26, 2023 Khonumthung

(003PT)

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ချင်းပြည်နယ် တီးတိန်နှင့် ရိခေါဒါရ်မြို့ကြားကားလမ်း ပြုပြင်မှု မပြီးသေးသော်လည်း ကားများပြန်လည်သွားလာ၍ရပြီဖြစ်ကြောင်း CDF-Hualngoram လက်အောက် Public Work Department (PWD) အဖွဲ့ဝင်တစ်ဦးကပြောသည်။

“အခုတော့ ပြင်တော့ပြင်နေဆဲပဲ၊ သို့သော် ခရီးအသွားလာတော့ ရတယ်။ ဒါပေမဲ့ လမ်းပြုပြင်နေတုန်းတော့ လမ်းခန တားတာမျိုးတော့ရှိလိမ့်မယ်” ဟု PWD အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

တီးတိန်-ရိခေါဒါရ်ကြား ကားလမ်းသည် မိုးများပြီးပျက်စီးမှုကြောင့် ကားများသွားလာရန်ခက်ခဲနေသည့် အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ကစပြီး ခေတ္တ ကားလမ်းပိတ်ထားပြီး PWD အဖွဲ့မှ ဦးစီးကာ ပြုပြင်မှု လုပ်ဆော င်ခဲ့ခြင်း ဖြစ်သည်။ 

အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး တီးတိန်-ရိခေါ်ဒါရ်ကြားလမ်းသည် ယခင် စစ်အာဏာမသိမ်းခင်ထက် ပိုမိုပျက်စီးမှုကြုံတွေ့နေရတာဖြစ်ပြီး လက်ရှိမှာ လမ်းဦးစီးဌာနအပါဝင် ပြင်ထိန်းသူမရှိတာကြေင့် ကားလမ်းများ ပိုမိုပျက်စီးမှုနှင့်ရင်ဆိုင် ကြုံတွေ့နေရသည့်အတွက် CDF-Hualngoram တပ်ဖွဲ့လက်အောက် PWD နှင့် ကုန်သွယ်ရေး အဖွဲ့တို့ပူးပေါင်းကာ ကိုယ်ထူကိုယ်ထဖြင့် ပြုပြင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ကုန်တင်ကားအသွားလာပိုများသည့် အဆိုပါလမ်းကြောင်းသည် အမြဲတမ်းပြင်ထိန်း ပြုပြင်မှုလိုအပ်နေသည့်အပြင် ယခုမိုးတွင်းကာလမှာ ကုန်တင်ကားအပါဝင် ကားအများစုသည် ကားဘီးတွင် ချိန်းကြိုးပတ်ကာ သွားလာနေသည့်အတွက် ကားလမ်းအုံပပျောက်ရုံမက ၁ ပေခွဲ့ခန့် ရွှံ့နွံထူထပ်နေသည်ဟု ဆိုသည်။  

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ကားလမ်းပျက်စီးမှုကြောင့် ကုန်တင်းကားအပါဝင် လိုင်းပြေးဆွဲသည့် ကားများ စုစုပေါင်း အစီး ၄၀ ကျော် ပိတ်ဆို့ကာ ခရီးသွားသူများမှာ ယင်းနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တစ်ညခန့် အိပ်ခဲ့ကြရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.