Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်- သိုင်းငင်းကြားမှာ အာဏာသိမ်းစစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

တီးတိန်- သိုင်းငင်းကြားမှာ အာဏာသိမ်းစစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

0
By Editor on May 4, 2026 Khonumthung

တီးတိန်မြို့မှာ စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ တီးတန် နှင့် သိုင်းငင်းအကြား လေထန်ကုန်း၊ Akluai ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

အာဏာသိမ်းစစ်တပ်သည် သိုင်းငင်းကျေးရွာကနေ တီးတိန်မြို့ကို စစ်အင်အားဖြည့်တင်းရန် စစ်အင်အား ၂၀၀ ဝန်းကျင်ဖြင့် ချီတက်လာပြီး သိုင်းငင်း နှင့် တီးတိန်မြို့အကြား လေထန်ကုန်း နှင့် Akluai ကျေးရွာအနီးမှာ PDF-Zoland၊ CDF CDM Siyin ပူးပေါင်းတပ်ဖွဲ့ တွေက မေလ ၂ ရက်နေ့မှ စတင်တိုက်ခိုက်ရာမှာ ယနေ့မနက်ပိုင်းအထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း မြေပြင် သတင်းရင်းမြစ်ထံကနေသိရသည်။

“သေနတ်သံတွေကတော့ တရစပ်ပဲ၊ ကောင်းကင်မှာလည်း ဂျက်ဖိုက်တာနဲ့ ချနေတာ။ စစ်တပ်က ကနေဒီတောင်ဘက်ကို သိမ်းဖို့ ကြိုးစားနေတာ။ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း အပြင်းအထန် ခုခံနေတယ်။ ထိခိုက်မှုရှိနေတယ်လို့ သိရပေမဲ့ အသေးစိတ်တော့ မသိရသေးဘူး” ဟု မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် တီးတိန်မြို့အနီး PDF Zoland ထိန်းချုပ်ထားသော ကနေဒီတောင်စခန်းကို သိမ်းပိုက်ဖို့ဦးတည်နေကြောင်း သိရသည်။

ထို့အပြင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် တီးတိန်မြို့ပေါ်ရှိ ပြည်သူအများစုမှာ နေအိမ်များကို စွန့်ခွာ၍ နီးစပ်ရာကျေးရွာများနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်သို့ ကြိုတင်ပြောင်းရွှေ့ တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက တီးတိန်မြို့အဝင် “တီးတိန်မြို့မှ ကြိုဆိုပါ၏” ဆိုင်းဘုတ်အနီး (ဒေသအခေါ် စိုင်မွလ် – SaiMual) ရှိ Zoland Petrol Pump ဓာတ်ဆီဆိုင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။

သေဆုံးသူမှာ အဆိုပါဓာတ်ဆီဆိုင်တွင် အလုပ်ကူလုပ်ပေးနေသည့် မောင်လျန်မွန်းကင်းမ် (Tg. Lian Muan Kim) ဖြစ်ပြီး ၎င်း၏အစ်ကိုဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မောင်လျန်မွန်းကင်းမ်သည် အဆိုပါ ဆီဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် ၎င်း၏အစ်ကိုဖြစ်သူကိုယ်စား တစ်ရက်တာ သွားရောက်ကူညီလုပ်ကိုင်ပေးစဉ် ယခုကဲ့သို့ အာဏာသိမ်းစစ်တပ်၏ တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကွယ်လွန်သူ ကလေးငယ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို Cope Memorial Baptist Church (တီးတိန်) အသင်းတော်က ဦးဆောင်၍ မေလ ၃ ရက်၊ မွန်းလွဲ ၂ နာရီတွင် မြို့မရပ်ကွက်သင်္ချိုင်း၌ ဂူသွင်းသဂြိုဟ်ခဲ့ကြ သည်။

အာဏာသိမ်းစစ်တပ်သည် ယခုရက်ပိုင်းအတွင် ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုပိုမိုပြုလုပ်လာပြီး မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်ကလည်း ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ခေါပွီးချစ်ပ်ရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ရာမှာ ကလေးငယ် ၆ ဦးနှင့် လူကြီး ၁ ဦး စုစုပေါင်း ၇ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး အနီးနားရှိ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇိုဖေဒေသတွင် လမ်းပြင်ဆင်နေစဉ်အတွင်း ကားကြီးများ ဖြတ်သန်းခွင့် ၃ လကျော် ယာယီပိတ်ပင်

စစ်ရေးအခြေအနေကြောင့် လောင်းရှည်-ဆော ကားလမ်းပိတ်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်မှာ အရပ်သား ၄ ဦးသေဆုံး

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.