Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

0
By Editor on September 13, 2023 Featured

(007SN)

“ချင်းဖက်ဒရယ်ဖြစ်လာရင် ချင်းတစ်ပြည်လုံးကို လွှမ်းခြုံတဲ့ ဘဏ္ဍာငွေရှာဖွေဖို့ လိုအပ်တယ်..”

အနာဂတ် ရေရှည်အစီအစဉ်အတွက်ပါ ရည်မှန်းပြီး တူမီးထီ စတင်ခဲ့သူတွေထဲမှာ အသက် ၃၁ နှစ်အရွယ် ချင်းလူငယ် ဆလိုင်းဒိုခါရ်ဟာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးကို ချင်းပြည်နယ်က ရိုးရာ တူမီးသေနတ်နဲ့ ဦးဆုံးတော် လှန်ခဲ့ကြတာကို ပြန်သတိရရင်း တူမီးထီ စတင်အကောင်ထည်ပေါ်ခဲ့ပုံကို သူအမြဲ ဂုဏ်ယူပြောလေ့ရှိပါတယ်။

တော်လှန်ရေးကာလအတွက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရန်ပုံငွေလိုအပ်ချက်ကြောင့် တူမီးထီကို စတင်ဖို့ နိုင်ငံခြားရောက်ချင်းလူမျိုးတွေနဲ့ ပြည်တွင်းရှိတာဝန်ရှိသူတွေ စီစဉ်ကြတဲ့အထဲ ဆလိုင်းဒိုခါရ်လည်း ပါဝင်ခဲ့တာပါ။ လက်ရှိမှာတော့ သူဟာ တူမီးထီစတင်ကတည်းက အတွင်းရေးမှူးအဖြစ်တာဝန်ယူနေပြီး ဒါဟာ သူ့ဘဝရဲ့ မှတ်တိုင်တစ်ခု လို့လည်း ဆိုနိုင်ပါတယ်။

သူပါဝင်တဲ့ အဖွဲ့အစည်းအတွက် စနစ်တကျ ရေးဆွဲကာ IT နည်းပညာကျွမ်းကျင်တဲ့သူများနဲ့ ပူးပေါင်းပြီး အချိန် ၃လ ဝန်းကျင်ကြာတဲ့အထိ Website စနစ်တွေကို ဖန်တီးခဲ့ကြတာဟာ သူဘဝမှာ အချိန်အများကြီးပေးဆပ်မှုထဲက ပျော်ရွှင်မှုရလဒ် တစ်ခုလို့ ဆိုပါတယ်။

တူမီးထီကို ၂၀၂၂ ခုနှစ် ဧပြီလကစလို့ အွန်လိုင်းကတဆင့် စတင်ရောင်းချကာ ရရှိလာသော ရံပုံငွေများကို ချင်းတော်လှန်ရေး တပ်ဖွဲ့တွေ၊ ဒဏ်ရာရ ချင်းတော်လှန်ရေးရဲဘော်တွေ ဆေးကုသမှုပိုင်းမှာ တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးနေပြီး ယခုဆိုလျှင် တူမီးထီဟာ အပတ်စဉ် ၁၆ အထိရောက် ရှိလာပြီဖြစ်ပါတယ်။

တူမီးထီဟာ တော်လှန်ရေးကာလအတွင်း ရန်ပုံငွေရှာဖွေရန်အတွက်   ယာယီသတ်မှတ်ထားတဲ့ အမည်နာမတစ်ရပ် သာဖြစ်ပြီး နောင်ချင်းပြည်အစိုးရအသစ်ပေါ်‌ပေါက်လာပါက (Federal Lottery) အဖြစ် ချင်းဖက်ဒရယ်အစိုးရထံသို့ တရားဝင်အပ်နှံသွားမယ်လို့သိရပါတယ်။

ဒီလို ကျေနပ်စရာကောင်းတဲ့ ရလဒ်တစ်ခုကို သူအကောင်အထည်ဖော်နိုင်ဖို့ ရှေ့မှာ ရင်ဆိုင်ခဲ့ရတဲ့ တော်လှန်ရေးခရီးကတော့ မချောမွေ့ခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ ဝင်ပြိုင်ခဲ့တာက သူရဲ့ နိုင်ငံရေးမှတ်တိုင် တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ NGO အဖွဲ့အစည်းတွေမှာ ဖက်ဒရယ်ဆိုင်ရာ သင်တန်းတွေ၊ အမျိုးသမီးအခွင့် အရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ သင်တန်းတွေ ပေးခဲ့တာကို ကုလာထိုင်မှာ ထိုင်ရင်း အာမာန်ပါတဲ့ လေသံနဲ့ ပြန်ပြောင်း ပြောပါတယ်။

ဆလိုင်းဒိုခါရ်ကို အိန္ဒိယ ချင်းနယ်စပ်မြို့ ထန်တလန်ကနေ  ၄၀ မိုင်ကွာဝေးတဲ့ သီးဆဲန်ရွာမှာ မွေးဖွားခဲ့ပါတယ်။ အာဏာ မသိမ်းခင်အထိ နိုင်ငံရေးလှုပ်ရှားမှုနဲ့ နိုင်ငံရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၂၁ စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ  ဆလိုင်းဒိုခါရ်အတွက် ဘဝအလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အာဏာသိမ်းချိန်မှာ ချင်းပြည်နယ်ကနေ မန္တလေးရောက်နေတဲ့ သူဟာ ကိုယ့်ဇာတိမြေ မဟုတ်ပေမယ့်လည်း အာဏာရှင်စနစ်ကို တော်လှန်ပြီး လမ်းပေါ်ထွက်ဆန္ဒပြဖို့အတွက် စတင်ဦးဆောင်စီစဉ်ခဲ့တဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။

“ကျနော်အာဏာသိမ်းပြီးနောက်မှာတော့ ကျနော်အတွက် အာဏာရှင်ကိုတော်လှန်ဖို့အတွက် နောက်ဆုံးအခွင့်အရေးအဖြစ် ခံယူတဲ့အတွက် တက်နိုင်သလောက် မန္တလေးမှာရှိတဲ့ ချင်းလူငယ်တွေကို စည်းရုံတယ်..ပြီးတော့သပိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ပါတယ်။” လို့ သူလုပ်ဆောင်ခဲ့တဲ့ ခံယူချက်ကို ပြောပါတယ်။

သပိတ်အင်အားစုများကို စစ်ကောင်စီဘက်မှ ဖြိုခွင်းမှုတွေ စလုပ်လာခဲ့ပြီး၊ သပိတ်ခေါင်းဆောင်များကိုလည်း ဖမ်းဆီးတာ တွေ ပြုလုပ်နေတဲ့ကြားကနေ ချင်းလူငယ်များနဲ့တူ နေ့စဉ် ဆန္ဒပြရာမှာ ဉီးဆောင်ခဲ့တဲ့ ဆလိုင်းဒိုခါရ်အတွက် ၁၀ ရက်နောက် ပိုင်းမှာတော့ စစ်ကောင်စီဘက်က နောက်ယောက်ခံလိုက်တာတွေ စတင်ကြုံတွေ့ခဲ့ရပါတယ်။

“ကျနော်အိမ်ပြန်လာတိုင်း ထောက်လှမ်းရေးလို့ ယူစရတဲ့ လူတွေကအမြဲတမ်းကျနော်နောက်ကိုလိုက်နေတယ်။ ကျနော်မိ သားစုရော၊ သူငယ်ချင်းတွေကိုရောကြိုပြောထားတယ်၊ ကျနော်ကိုစောင့်ကြည့်နေကြပြီလို့ဘယ်တော့ အဖမ်းခံမလဲ ဆိုတာပြောလို့မရဘူးလို့ အားလုံးကိုကြိုပြောထားရတယ်” လို့ ဆလိုင်းဒိုခါရ်ကပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ We want democracy ဆိုတဲ့စာတန်းရှည်ကိုင်ဆောင်ပြီး လမ်းပေါ်ဆန္ဒပြဖို့ကြိုတင် ပြင်ဆင်နေစဉ်မှာဘဲ စစ်ကောင်စီက သပိတ်ကိုဖြိုခွင်းခဲ့ပြီး သူအပါအဝင် ဆန္ဒပြသူအယောက် ၅၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

“ကျနော်တို့ ထောင်ကားပေါ်မှာ ပြည့်ကျပ်စွာထိုင်ရတာ သူတို့က တခြားသူတွေကိုလိုက်ဖမ်းတဲ့အခါကြတော့ ထောင်ကားပေါ်မှာ ၃ နာရီလောက်ကြာတယ်.. စကားပြောလို့မရဘူး ပြောရင်အရိုက်ခံရတယ်. ဒဏ်ရာရပြီးသွေးထွက်နေတဲ့သူကထွက်..အဲ့သလိုမျိုးနဲ့ကျနော် ထောင်ထဲရောက်သွားခဲ့တယ်” လို့သူကပြန်ပြောင်းပြောပြပါတယ်။

ယာယီအချုပ်ဆောင်မှာ ၁၄ ရက် နေထိုင်ခဲ့ရကာ မိသားစုများနဲ့ နှစ်ပတ်မြောက်တဲ့ နေ့မှ ပြန်လည် ဆက်သွယ်ခွင့် ရခဲ့တာပါ။ အချုပ်ထောင်ထဲ ရောက်သွားချိန်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်ခဲ့ရသလိုပဲ သူလည်း နဖူးတွေ့ ဒူးတွေ့  ကြုံခဲ့ရပါတယ်။

“ကျနော်တို့ကို အချုပ်ဆောင် ပေ ၂၀-၃၀ ပတ်လည်မှာ အယောက် ၅၀ ကျော်ကို အတူတူထားတယ်။ အိပ်ရင်အားလုံး ထိတယ်..ဘေးစောင်းလို့မရဘူး၊ သောက်ရေမပေးဘူး.. အိမ်သာဆေးတဲ့ရေကိုဘဲ သောက်ရေအဖြစ်သုံးခဲ့ကြရတယ်.. ၁၄ ရက် ယာယီအချုပ်ဆောင်မှာထားပြီး ထောင်မကြီးထဲရောက်သွားတယ်” လို့ အချုပ်ထောင်မှာ ထိန်းသိမ်းခံရတဲ့အခြေအနေ ကို ပြန်ပြောပြနေတာဖြစ်ပါတယ်။

ထောင်တွင်းမှာ လွတ်လပ်စွာပြောဆိုခွင့်ပိတ်ပင်ထားပြီး “စကထ” လို့ခေါ်ဆိုတဲ့ ထောင်တွင်းစည်းကမ်းထိန်သိမ်းသူတွေက စကားပြောသူများကို ရိုက်နက်ခွင့်အပြည့်အဝရှိနေတာပါ၊ ဖမ်းဆီးခံရချိန် ရိုက်နက်ခံခဲ့ရတာအပြင် ထောင်တွင်း နှစ်လ တိုက်ပိတ်နှိပ်စက်ခံခဲ့ရတာတွေကြောင့် ဦးခေါင်းဖူးရောင် ဒဏ်ရာရခဲ့ပြီး အချိန်အတော်ကြာတဲ့အထိ ကုခဲ့ရပါတယ်။ 

ဒါ့အပြင် ကြပ်တည်းတဲ့ အခန်းကျဉ်းထဲမှာ နေခဲ့ရတာကြောင့် တခြား ကျန်းမာရေး ပြဿနာတွေကိုပါ သူရင်ဆိုင်ခဲ့ရပါတယ်။

“ထောင်တွင်းမှာလည်း ပေ ၁၀၀-၅၀ ပတ်လည်ရှိတဲ့အထဲမှာ အယောက် ၂၀၀ ကျော်ကို ထားတယ်။ လူတွေရဲ့ အငွေ့နဲ့ပြည့်ကျပ်နေတဲ့အတွက် အခန်းတွင်းအပူချိန် ၅၀ ကျော်ရှိမယ်ထင်တယ်..ကျနော် အသားတွေ လောင်ကုန် တယ်.ယားနာတွေ ပေါက်ကုန်တယ်” လို့ သူဖြစ်ခဲ့တာကို ပြန်ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ၄လခွဲလောက် ထောင်ကျခဲ့ပြီး ပြန်လွှတ်လာချိန်မှာတော့ လွတ်မြောက် နယ်မြေ ဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်၊ အိုင်းဇောလ်မြို့ကို သူ ရောက်ရှိခဲ့ပါတယ်။

လူငယ်ဘဝကတည်းက နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကိစ္စများကို တစ်ထောင့်တစ်နေရာကနေ အမြဲပါဝင်လုပ် ဆောင်နေသူ ဆလိုင်းဒိုခါဟာ အိုင်းဇောလ်မြို့မှာလည်း အာဏာရှင်စနစ်ကို အမြစ်ဖျက်နိုင်ဖို့အတွက် တော်လှန်ရေး အင်အားစုတွေကို တစ်ထောင့်တစ်နေရာကနေ ထောက်ပံပေးနေဆဲပါ။

လက်ရှိမှာတော့ ကြားကာလချင်းပြည်အကောင်ထည်ဖော်နိုင်ရေးညှိနှိုင်းရေးကော်မတီ ဦးဆောင်သူတဖြစ်လည်း CDF လက်နက်ကိုင်အဖွဲ့တချို့ရဲ့ အကြံပေးနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ဖြစ်လာတဲ့ မသန်စွမ်းတွေအပါအဝင် အိန္ဒိယရောက် မြန်မာအရေး ကူညီပေးနေတဲ့ India for Myanmar ရဲ့ Founder တစ်ဦးအနေနဲ့ တော်လှန်ရေးအတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သူ့ဘဝတစ်လျှောက်လုံးကို ချင်းပြည်အတွက် ပေးဆပ်ထားပြီး သူနဲ့ခင်မင်သူတစ်ဉီးဖြစ်တဲ့ Chin National Organization (CNO) ဒုအထွေထွေအတွင်းရေးမှုးနဲ့ Chinland Joint Defense Committee (CJDC) အထွေထွေအတွင်းရေးမှုးအဖြစ် တာဝန်ယူထမ်းဆောင်နေသူ ဆလိုင်းတီမီထွဋ်က အခုလို့ မှတ်ချက်ပြုပါတယ်။

 “သူက တော်လှန်ရေးစတင်ပြီးတဲ့နောက်မှာ ချင်ပြည်နယ်ကာကွယ်ရေးပေါင်းတဲ့ CJDC မှာ စတင်တွေ့ဆုံတာဖြစ်တယ်။ တော်လှန်ရေးနောက်ပိုင်းမှသာ လူချင်းတွေ့ပြီးခင်ကြတာ၊ ကျနော်တို့ နိုင်ငံရေးအရာသော်၎င်း၊ ချင်းရေးရာသော်၎င်း အပြန်အလှန်ဆွေးနွေးကြတယ်၊ အတူတူအလုပ်လုပ်ကြပါတယ်။ သူက နိုင်ငံရေးပိုင်းမှာရော၊ တော်လှန်ရေးပိုင်းမှာရော တက်ကြွတဲ့လူငယ်တစ်ယောက်ဖြစ်တယ်။” လို့ ဆလိုင်းတီမိထွဋ်က မှတ်ချက်ပြုပြောဆိုပါတယ်။

ဆလိုင်းဒိုခါရ်ကတော့ ချင်းပြည်နယ်ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဖက်ဒရယ်ရရှိသွားမယ်ဆိုရင် ဘဏ္ဍာရေးပိုင်းမှာလည်း တူမီးထီကနေ ဖက်ဒရယ်ထီအထိ ရောက်ရှိလာဖို့ မျှော်လင့်ယုံကြည်နေပါတယ်။ ဒီမျှော်လင့်ချက်တွေနဲ့အတူ တော်လှန်ရေး အတွက် ရှေ့ဆက်မယ့် သူ့ရဲ့ ခြေလှမ်းတွေက ခိုင်မာလို့နေပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.