Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“တောင်ပိုင်းမှာတော့ စစ်ဖြစ်ပွားမယ့်အခြေအနေက တော်တော်လေးများနေတယ်’’

“တောင်ပိုင်းမှာတော့ စစ်ဖြစ်ပွားမယ့်အခြေအနေက တော်တော်လေးများနေတယ်’’

0
By Editor on October 29, 2021 Headline

Chinland Defense Force – Matupi ရဲ့ ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှာ အာဏသိမ်းစစ်ကောင်စီက စစ်အင်အားတဖြည်းဖြည်းတိုးချဲ့လာနေပြီး ယခုပွင့်လင်းရာသီအတွင်း အရှိန်အဟုတ်နဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်ကြတဲ့အတွက် မတူပီမြို့ပေါ်နဲ့ အနီးနားပတ်ဝန်းကျင်ကျေးရွာက ထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေဟာ မိမိနေရပ်အိုးအိမ်တွေစွန့်ခွါပြီးတော့ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

မတူပီမြို့နယ်ဟာ စစ်ဗျူဟာအခြေချစခန်းတည်ရှိရာမြို့ဖြစ်သလို ခမရ ၃၀၄/ ၁၄၀ တပ်ရင်း၊ ၃၀၉ ထပ်တိုးတပ်ရင်းတွေ အခြေစိုက်ရာဖြစ်တဲ့အပြင် ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက ပြည်မဘက်ကနေ တပ်အင်အားအလုံးအရင်းနဲ့ တိုးချဲ့လာ နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး Chinland Defense Force – Matupi ရဲ့ ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ခုလက်ရှိ မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေကို အရင်ဆုံးပြောပြပေးပါဦး။

ဖြေ- မတူပီမြို့နယ်မှာ စစ်ဘေးရှောင်လူဦးရေတွေက တဖြည်းဖြည်းနဲ့ များလာတယ်။ မင်းတပ်နဲ့ မတူ ပီကြား မတူပီမြို့ရဲ့ အရှေ့ဘက်ပိုင်း ခြန်းပြန်းတို့၊ ဟားတူးတို့၊ မွန်တုန်တို့ကျေးရွာတွေတော်တော်များ များ ပြည်သူတွေကတော့ ရွာတွေမှာ မရှိသလောက်ဖြစ်ပြီ အဲ့ဖက်ကပြည်သူတွေကတော့ တောထဲ တွေမှာ စစ်ဘေးရှောင်တာရှိတယ်။ နီးစပ်ရာ ဆွေမျိုးတွေ ရှိတဲ့ရွာတွေမှာ အတူတကွပူးပေါင််း နေ ထိုင်တာရှိတယ်။ ဒါလက်ရှိ မတူပီမြို့ရဲ့ အရှေ့ဖက်ပိုင်းပေါ့။ အခုမတူပီမြို့ရဲ့ေ မြာက်ဘက်ပိုင်းတော့ ဖနိုင်တောင်ဖက်ကတော့ လောလောဆယ် ဖနိုင်နဲ့ ငလိုင်ဖက်မှာ ပြည်သူတွေမရှိသလောက် ဖြစ်တယ်။ ဒီဖက်ကပြည်သူတွေက နီးစပ်ရာရွာမှာ ပြောင်းရွေ့နေထိုင်တာရှိတယ်။ တချို့က လွတ်မြောက်နယ် မြေကို ထွက်ပြေးတိမ်းရှောင်တဲ့အနေအထားမှာရှိတယ်။ ထိုနည်းတူပဲ မြို့မှာရှိတဲ့ပြည်သူတော်တော် များများလည်း လက်ရှိမှာ စစ်ဘေးရှောင်တဲ့ နေအထားမှာ မဖြစ်လာသေးပေမယ့် ကြိုပြီးတိမ်းရှောင် နေတဲ့ ဖြစ်စဉ်မျိုးတွေ မြေပြင်မှာ ရှိနေတယ်။

မေး- ခုလိုစစ်ဘေးတိမ်းရှောင်ကြတာကြာပြီလား၊ ဘယ်ချိန်လောက်ကတည်းကလဲ။

ဖြေ- နေ့စဉ်နဲ့အမျှရှောင် နေတဲ့သူတွေ လည်းရှိတယ်။ တချို့ဧရိယာဆိုရင် တလရှိပြီ။ တလကျော် ကျော်ရှိ ပြီဒါမျိုးပေါ့။ နေရာဒေသကတော့ ကျွန်တော်တို့ စစ်ဖြစ်ပွားတဲ့နေရာနဲ့ အရေးပေါ်အခြေ အနေနဲ့ သာမာန်အခြေအနေနဲ့ မတူတော့လေ တချို့နေရာမှာ တလကျော်ရှိတယ်။ တချို့နေရာမှာ တပတ် ၂ ပတ်ပေါ့ ဒါကတော့ အတိအကျ တော့ပြောရခက်ပါတယ်။

မေး- မတူပီမြို့နယ်ထဲက ဒေသခံပြည်သူတွေဟာ ဘာကြောင့် အခုလိုမျိုး စစ်ဘေးတိမ်းရှောင်လာကြရတာလဲ။

ဖြေ- အဓိကကတော့ စကစက လောလောဆယ် ချင်းပြည်နယ်တောင်ပိုင်း အဓိကမတူပီကို ဦးတည်ပြီးမှ စစ်အင်အား တိုးချဲ့လာတယ်။ စကစက တဖက်မှာ ပြည်မကထွက်လာတဲ့ဟာရှိသလို နကိုယ်ရှိပြီးသား ခမရ ၃၀၄၊ ၁၄၀ ရှိမယ်။ နောက်ထပ် ထပ်တိုးတဲ့ ၃၀၉ နဲ့ ဗျုဟာရှိမယ်ဒီစစ်အင်အား တွေပေါင်းပြီးမှ ပွင့်လင်းရာသီရောက်ရင် ထိုးစစ်ဆင်နိုင်တဲ့ အနေအထားရှိ တယ်ဆိုတော့ ပြည်သူတွေက အဲ့ဒီအန္တရာယ်ကိုကြောက်လို့ ကြိုတင်တိမ်းရှောင်ကြတယ်လို့ကျွန် တော်တို့က ခန့်မှန်းမိပါတယ်။

မေး- ခုလက်ရှိ မတူပီမြို့နယ်အတွင်းမှာ စစ်ဘေးတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူဘယ်လောက်ရှိနေပြီလဲ။

ဖြေ- အခုလောလောဆယ်ပြည်ပ နိုင်ငံကိုထွက်ပြေးတိမ်းရှောင်တဲ့လူဦးရေလည်းများသလို ကျွန်တော် တို့ မြေပြင်မှာ နီးစပ်ရာမှာအတူတကွပူးပေါင်းနေထိုင်ပြီးမှ တိမ်းရှောင်တဲ့သူ တွေကျွန်တော်တို့ ခန့်မှန်း မိ သလောက်တော့ လူဦးရေ စုစုပေါင်း ၃ထောင်နဲ့ ၄ထောင်ကြားရှိလောက်ပြီ။

မေး- ခုလက်ရှိမှာ စစ်ဘေးရှောင်တွေက ဘယ်လိုအခက်အခဲတွေရင်ဆိုင်နေကြရလဲ။

ဖြေ- အခက်အခဲကတော့ လောလောဆယ်မိုးရာသီလည်း ကုန်တော့မယ်ဖြစ်တယ်။ စားဝတ်နေရေး၊ အစားအသောက်တွေ၊ ဆေးဝါးတွေ၊ ကျွန်တော်တို့ ရေရှည်ဆိုရင်တော့ အခက်အခဲဖြစ်လာမယ်လို့ ခန့်မှန်းထားတယ်။ လောလောဆယ်အေ ခြအနေ ကတော့ မိမိမှာရှိတဲ့အရာနဲ့ ချွေတာပြီး သုံးစွဲနေထိုင်တယ်လို့အကြမ်းဖျင်း သိရပါတယ်။ တကယ်တော့ ထွက်ပြေးနေရတဲ့ပြည်သူတွေအတွက်ကတော့ အရေးပေါ်အခြေအနေအရတော့ စားနပ်ရိက္ခာလိုမယ်။ ရာသီအကူး အပြောင်းတွေဖြစ်တဲ့အတွက် ဆေးဝါးတွေလိုမယ်။ အဝတ်အထည်တွေ ဒါမျိုးတွေကတော့ သူတို့အတွက် လောလောဆယ်အရေးပေါ်မယ့် အခြေအနေလို့မြင်မိပါတယ်။

မေး- မတူပီဘက်ရဲ့ လတ်တလော စစ်ရေးအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ- စကစက အင်အားတွေဖြည့်တဲ့နည်းတူ ဒီဖက်ကအောက်ပြည်ကတက်လာမယ့်ကားတွေကို သွားကြိုတဲ့ဟာတွေ လည်းရှိတယ်။ အခုတော့ သူူတို့က လမ်းကြောင်းအခြေအနေကလည်း လမ်းပွင့်တဲ့ အနေအထားရှိတယ်ဆိုတော့ မတူပီကို ရောက်လာရင်တော့ ကျွန်တော်တို့ တောင်ပိုင်းဧရိယာကို သူတို့က ထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ကျွန်တော်တို့မြင်တယ်။ တကယ်လို့ မတူပီကို သူတို့ မတူပီကိုရောက်ပြီဆိုလို့ရင်တော့ တောင်းပိုင်းမှာတော့ စစ်ဖြစ်ပွား မယ့်အခြေအနေကတော့ တော်တော်လေးများမယ်လို့ကျွန်တော်တို့ ခန့်မှန်းမိတယ်။

မေး – တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။

ဖြေ – လူငယ်၊ လူရွယ်တွေ မိမိဒေသကို ကျွန်တော်တို့စွန့်ခွာပြီး လွတ်မြောက်နယ်မြေတွေကို သွားမယ့်အစား မိမိဒေသကို မိမိကိုယ်တိုင် ကာကွယ်ဖို့ကို အတူတကွပူူးပေါင်းပါဝင်ဖို့ ကျွန်တော်ဖိတ်ခေါ်ချင်တယ်၊ သက်ကြီးရွယ်အိုတွေ၊ ကလေး သူငယ်တွေ၊ ကျန်းမာရေးချို့ယွင်းတဲ့သူတွေကတော့ မဖြစ်မနေတိမ်း ရှောင်ရမယ့်လူစား တွေပေါ့။ ကျွန်တော်တို့ လူငယ်လူရွယ်တွေကတော့မိမိဒေသကို မိမိကိုယ်ကိုကာ ကွယ်ဖို့လိုပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.