Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“တောင်ယာသွားချင်ရင်လဲ အကြောင်းကြားပြီးမှ သွားလို့ရတယ်၊ ညအိပ်ခွင့်မပေးဘူး၊ ကျွန်တော်တို့ ချင်းလူမျိုးတွေဆိုတာ တောင်ယာကို ၃/၄ မိုင်မှာ ခုတ်ကြတာ စပါးရိတ်ချိန်ဆိုတော့ သိပ်အခက်အခဲရှိတယ်”

“တောင်ယာသွားချင်ရင်လဲ အကြောင်းကြားပြီးမှ သွားလို့ရတယ်၊ ညအိပ်ခွင့်မပေးဘူး၊ ကျွန်တော်တို့ ချင်းလူမျိုးတွေဆိုတာ တောင်ယာကို ၃/၄ မိုင်မှာ ခုတ်ကြတာ စပါးရိတ်ချိန်ဆိုတော့ သိပ်အခက်အခဲရှိတယ်”

0
By Editor on October 25, 2024 Featured

(004SS)

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် AA က ယခုနှစ်ဆန်းပိုင်းက အလုံးစုံသိမ်းပိုက်ထိန်းချုပ်ပြီး စစ်ကောင်စီကင်းစင်သည့်နယ်မြေဖြစ်လာခဲ့သည်။

ပလက်ဝမြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်သော်လည်း အာရက္ခတပ်တော် AA က အုပ်ချုပ်ရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး ထိုကဲ့သို့ဖော်ဆောင်ရာတွင် ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု ကျယ်ကျယ်ပြန့်ပြန် သတင်းများထွက်ပေါ်လာခဲ့သည်။

ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီနှင့် Global Khumi Organization တို့၏ ဖော်ပြထားချက်အရ ပလက်ဝမြို့နယ်တွင် ဒေသခံချင်းလူမျိုးများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များအား အားပေးကူညီထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အာရက္ခတပ်တော် AA က ဖမ်းဆီးလေ့ရှိပြီး ယခုလက်ရှိမှာ ဒေသခံချင်းလူမျိုးအယောက် ၃၀ နီးပါးခန့် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဟုသိရသည်။

ထိုကဲ့သို့အခြေအကြောင့် ပလက်ဝမြို့နယ်ထဲက ဒေသခံချင်းလူမျိုးများသည် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်နှင့် ရန်ကုန်၊ ထိုင်း၊ မလေးရှားနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

မကြာသေးခင်ရက်ပိုင်းက ပလက်မြို့နယ် ကျေးရွာတစ်ရွာမှ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော ချင်းအမျိုးသားတစ်ဦးကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့သည်။ လုံခြုံရေးအခြေအနေကြောင့် နာမည်နှင့် ရွာအမည်များကို ဖော်ပြ၍မရပေ။

မေး။ ပလက်ဝကနေ ဘယ်အချိန်က ထွက်လာတာလဲ၊ မီဇိုရမ်ကို ဘယ်ရက်နေ့မှာ ရောက်လာတာလဲ။

ဖြေ။ ကျွန်တော်က ဇူလိုင်လ ၆ရက်နေ့က ရွာကနေ ဆမီးဘက်ကို ထွက်လာပါတယ်။ ဟိုမှာ ၃ လနီးပါးလောက်နေပါတယ်၊ ဟိုမှာ စားဝတ်နေရေးကလဲ သိပ်အခက်အခဲရှိတယ်။ ပြီးတော့ ကျွန်တော်တို့နေတဲ့နေရာကို AA လာမယ်၊ ဖမ်းမယ်ဆိုပြီး သတင်းတွေလဲ ကြားတော့ ကျွန်တော် မီဇိုရမ်ဘက်ကို ပြေးလာတာ၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ မီဇိုရမ်ဘက် ရောက်တယ်။

မေး။ ဘယ်လိုကြောင့် ထွက်ပြေးလာရတာလဲ ပြောပြပေးလို့ရမလား။

ဖြေ။ ကျွန်တော်ရွာမှာရှိတုန်းက ရွာလူကြီးဆိုတော့ အစည်းအဝေးလုပ်တဲ့အချိန်မှာ ရွာရဲ့ကောင်းရာကောင်းကြောင်း ပြောတယ်၊ တစ်ခါတစ်လေဆို ရွာသားတွေကို ဆုံးမလေ့ရှိတာပေါ့၊ စကားကိုထိန်းပါ၊ AA ဆီမှာလဲမပြောနဲ့၊ သူတို့ကိုလဲ သတိထားပါ၊ အေးအေးဆေးဆေးနေပါ အဲလောက်ပဲကျွန်တော် ဆုံးမတာရှိတယ်။ သူတို့က ဒီလိုအစည်းအဝေးတိုင်းမှာ ပြောရဲဆိုရဲရှိတဲ့လူကို သူတို့က လုံးဝမကြေနပ်ဘူး။ ဒါနဲ့ ဇူလိုင်လ ၄ ရက် ၅ ရက်လောက်ဆို ကျွန်တော့်နာမည်ပေါ်လာတယ်။ ဒါကြောင့် ဇူလိုင်လ ၆ ရက်နေ့မှာ ရွာကနေ သားနဲ့ ထွက်လာတာပါ။

မေး။ နာမည်ပေါ်လာတယ်ဆိုတာက AA ဖမ်းဖို့လုပ်လာကို ဆိုလိုတာလား?

ဖြေ။ ကျွန်တော့်နာမည် ပေါ်ပြီဆိုတာက သူတို့ဆီမှာ နာမည်ရောက်တယ်ဆိုရင်ကို သူတို့ဖမ်းဖို့ အစီအစဉ်ပဲ။ ကျွန်တော့် နာမည်ပေါ်တာ ကျွန်တော်ထင်တာက ကျောင်းဆရာ ၂ ယောက်အပါအဝင် ၄ ယောက်ကို ဖမ်းတုန်းက ကျွန်တော့ရှေ့ မှာဖမ်းတာ၊ ကျွန်တော်က ကျောင်းကော်မတီ အကျိုးဆောင်ပါ။ ဖမ်းတော့ ကျွန်တော် နယ်မြေမှူးဆီမှာ သွားပြီးတော့မှ ကျောင်းဖွင့်တဲ့ရာသီ‌လဲ ရောက်ပြီ ကျောင်းဆရာ နှစ်ယောက် ပါသွားတယ်ဆိုတော့ ကျွန်တော်တို့စိတ်ပူတယ်။ ဘာအပြစ်ရှိလဲ၊ ဘာကြောင့်ဖမ်းတာလဲ ကျွန်တော်တို့သိချင်တယ် ဆိုပြီး ကျွန်တော် မေးတာကို။ သူက အထက်က အမိန့်အရ မေးမြန်းဖို့ ခေါ်သွားတာပါဆိုပြီးဖြေတယ်။ ပြီးတော့ CDF ကို ထောက်ပံ့တယ်၊ ဆက်နွယ်တယ်ဆိုပြီး ဖမ်းဖို့ နာမည် ထွက်လာတာပေါ့လေ ဒါပေမဲ့ ကျွန်တော်တို့က အဲလို ဆက်နွယ်တာလဲ မရှိပါဘူး။ AA က ဖမ်းချင်တဲ့သူကို ဖမ်းတယ်။ ပြီးတော့ မသင်ကာတဲ့လူဆိုရင် သူတို့ လိုက်တယ်၊ ခြိမ်းခြောက်တယ်၊ တမင်တကာ ထွက်ပြေးအောင်ကို လုပ်တာလို့ပဲ မြင်တယ်။ သူတို့က ပလက်ဝမြို့နယ် မှာ ဒီလို လုပ်နေတာ နယ်မြေလွှမ်းမိုးချင်လို့ ဆိုတာ ပေါ်လွင်တယ်။

မေး။ ဆရာတို့ ဘယ်လိုထွက်လာကြတာလဲ? လမ်းခရီးမှာကော ဘယ်လိုအခက်အခဲတွေကြုံခဲ့ရလဲ?

ဖြေ။ လမ်းခရီးကတော့အခက်အခဲမျိုးစုံပေါ့နော်၊ ကျွန်တော်တို့ရွာကနေ ဆမီးကို ကယ်ရီငှားလာတာ ဆိုင်ကယ်တစ်စီးကို တစ်သိန်းခွဲပေးရတယ်။ ဆမီးနဲ့ ပလက်ဝကြားမှာ AA ဂိတ် ၆ခုလောက်ရှိတယ်။ ကျွန်တော်တို့ ဂိတ်ရောက်ရင် သူတို့ကို မှတ်ပုံတင်ပြရတယ်? ဘယ်ရက်ပြန်လာမလဲ? ဘယ်လောက်ကြာမလဲ? အဲလို အကုန်လုံး ကျွန်တော့ကို မေးတယ်။ ပြီးတော့ အဝတ်ထုတ်တွေကို ဖွင့်ကြည့်တယ်၊ ဘာမှ မပါရင်တော့ သူတို့ ပြန်လွှတ်ပေးပါတယ်။ သူတို့ မသင်ကာရင် မသင်ကာသလို စစ်ဆေးတာပေါ့။ သူတို့ စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေးတာမျိုးမရှိပါဘူး။ သူတို့ဂိတ်တစ်ခုပြီးတစ်ခု စစ်ဆေးခံရပါ တယ်။ ဂိတ်တွေမှာ တရားဝင် ငွေကြေးကောက်ခံတာမျိုးမရှိပါဘူး။ ဒါပေမဲ့ တစ်ချို့လူတွေဆို အိတ်နှိုက်တာတော့ရှိတယ်၊ ကိုယ်ကိုတိုင်တော့ မကြုံဖူးဘူးပေါ့။ အိတ်နှိုက်တယ်ဆိုတာ သူတို့ကမသင်ကာလို့ ငွေသိမ်းပေးတာလို့ ပြောတယ်၊ တစ်ချို့က ပြန်တောင်းလို့ရတယ်၊ တစ်ချို့က ဂိတ်မှာရှိတဲ့လူကို ပြန်ရှာလို့မရတော့ဘဲ ငွေပျောက်တာတွေ အရမ်းများတယ်။ တစ်ချို့ဆို ခရီးစရိတ်လောက်ပဲ ပြန်ပေးပြီး အကုန်သိမ်းတာမျိုလဲ ကြုံရတဲ့သူရှိတယ်။ သူတို့က လူကြည့်ပြီးမှ လုပ်တာပေါ့။

မေး။ ပလက်ဝမြို့နယ်ကလူတွေ ခရီးထွက်မယ်ဆိုရင် ဘာတွေလိုအပ်လဲ။

ဖြေ။ ကျွန်တော်တို့ ခရီးထွက်တဲ့လူက ရွာနာမည်ကို သိရမယ်၊ ရွာရဲ့ အုပ်ချုပ်ရေးမှူးနာမည်ကိုလဲ သိရမယ်။ သူတို့က ဒီလိုမေးတယ်၊ ခင်ဗျားတို့ ရွာက ကျောင်းဆရာနာမည်ဘယ်သူလဲ။ ဟိုမှာ ဘာအသင်းတော်ရှိလဲ အဲလိုအမျိုးမျိုးမေးတယ်။ ခရီးသွားမဲ့ သူတွေက အဲဒါကို ကြိုတင် သိထားပြီးမှ သူတို့မေးတာကို ဖြေရတယ်။ သူတို့မသိဘဲ အပြင်ထွက်လို့မရဘူး။ ခရီးထွက်ချင်ရင်တော့ သူတို့ဆီမှာ အကြောင်းကြားရမှာတဲ့။ ပြန်ရောက်ရင်လဲ သူတို့ဆီ အကြောင်းကြားရမယ်လို့ သူတို့ ပြောထားတာရှိတယ်။ ကျွန်တော်တို့ တောင်ယာသွားချင်ရင်လဲ သူတို့ဆီ အကြောင်းကြား ရတယ်။ မနက်ပိုင်းသွား၊ ညနေပြန်ရောက်ရမယ် အဲလိုတော့သူတို့ပြောထားတာရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ၃ မိုင် ၄ မိုင်မှာတောင်ယာ လုပ်တော့ ညအိပ်ချင်တာပေါ့၊ ညအိပ်လို့လဲ မရဘူး။ အခုက စပါးရိတ်ချိန်ဆိုတော့ သိပ်အခက်အခဲရှိ ပါတယ်။

မေး။ AA က ပလက်ဝမြို့နယ်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ဆရာတို့အများကြီးကြုံရတယ်ကြားတယ်။ အဲဒီအခြေအနေကို ပြောပြလို့ရမလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ဟုတ်ကဲ့၊ တနဂ်နွေနေ့ဆိုရင် သူတို့က သေနတ်ကိုကိုင်ပြီးမှ ရွာကိုလှည့်လည်တာ၊ သတင်းစုံစမ်းတယ်၊ ရွာမှာ ဟိုဟာ လုပ်လိုက်၊ ဟိုသွားလိုက် ဒီသွားလိုက်၊ အဲတာ ရွာတိုင်းလိုလိုပဲ၊ ကလေးတွေရော လူကြီးတွေရော တအားကြောက်ကြတယ်။ ကျွန်တော့်အတွေ့အကြုံနဲ့ပြောမယ်ဆိုရင်တော့ ကျွန်တော့အိမ်ကို AA ထောက်လှန်းရေးနှင့် စစ်မှူးတို့ သေနတ်နဲ့လာပြီးမှာ ဦးလေးက ဦးကျော်ကျော် (အမည်လွဲ) လားလို့မေးတယ်၊ ဟုတ်တယ် ကျွန်တော်တို့ ခရစ်ယာန်က လက်တစ်ဆုပ် ဆန်စုတာရှိပါတယ်၊ အဲဒီဆန်က မရှိဆင်းရဲသားတွေကို ပြန်လှူတာလို့ပြောတော့ သူတို့က အောဆိုပြီး ပြန်သွားတယ်။ သူတို့ CDF တွေကို ထောက်ပံ့တယ်လို့ သဘောထားတာ သူတို့ကိုပေးမှာဆိုးလို့ စစ်ဆေးတာ။ ပြီးတော့ ဖုန်းကရွာကနေပြောလို့ မရဘူး၊ လိုင်းမရှိဘူး။ ဟိုတောင်ကုန်းမှာတက်ပြီးတော့မှ ဖုန်းပြောရင်လဲ သူတို့က ဘယ်သွားမှာလဲ၊ ဘာသတင်းပို့မှာလဲ အဲလို စစ်ဆေးခံရတာပေါ့။ တောင်ယာသွားချင်ရင်လဲ အကြောင်းကြားပြီးမှ သွားလို့ရတယ်၊ ညအိပ်ခွင့်မပေးဘူး၊ ကျွန်တော်တို့ ချင်းလူမျိုးတွေဆိုတာ တောင်ယာကို ၃ မိုင်၊ ၄ မိုင်မှာ ခုတ်ကြတာ စပါးရိတ်ချိန်ဆိုတော့ သိပ်အခက်အခဲရှိတယ်။

သူတို့က တစ်ခါတစ်လေတော့ ဆိတ်တွေ ဝက်တွေ နွားတွေကို သူတို့ တောင်းတာရှိတယ်၊ အလကားတော့မဟုတ်ဘူးပေါ့၊ ငွေကြေးတော့ပေးတယ် ဒါပေမဲ့ နှစ်သိန်းတန်ကို တစ်သိန်းခွဲပဲပေးတာတို့၊ ကြက်ဆိုလဲ တစ်သောင်းတန်ကို ငါးထောင်ပဲပေးတာတို့ တန်ရာတန်ကြေး မပေးဘူးပေါ့။ ကျွန်တော်တို့ကလဲ တိုင်ရမဲ့သူလဲမရှိတော့ ငြိမ်ခံသွားတာပေါ့၊ သူတို့က ကျေနပ် လားလို့ ထပ်မေးသေးတယ်၊ မကျေနပ်ရင်လဲဘယ်ရမလဲဗျာ ကျွန်တော်တို့က ပေးရတာပေါ့။ ဟိုအရင်တုန်းကတော့ ကျွန်တော်တို့ရွာက နွားနှစ်ကောင် ခိုးသွားတယ်၊ ကျွန်တော်တို့ရွာရဲ့ အခြေအနေဆိုရင် ရွာသားတွေက စိတ်ဒါဏ်ရာရနေပြီ။ ဘယ်လိုမျိုးလဲဆိုတော့ သူတို့ကျွန်တော့ကိုပြောတယ်၊ ဦးလေးတဲ့ ရွာကို မလာနဲ့တဲ့၊ ဦးလေးရွာကို လာတာသိရင် သူတို့ရွာကို မီးရှိုပစ်လိမ့်မယ်တဲ့၊ ကိုယ့်သားသမီးတောင်မှ ကိုယ့်ကို ကြောက်နေပြီ။ ရွာသားတွေကို ရွာမီးရှိုပစ်လိုက်မယ်၊ ခင်ဗျားတို့ အရင်က ဖမ်းတဲ့လူအကြောင်း မသိဘူးလား၊ သူတို့သတင်းမကြားဘူးလား၊ ကျွန်တော်တို့တစ်ခါဖမ်းရင် ခင်ဗျားတို့ လွယ် မယ်ထင်လား၊ အဲလိုမျိုးကို ခြိမ်းခြောက်နေတယ်။ ပလက်ဝမြို့နယ်မှာ ကျွန်တော်တို့ AA အဖွဲ့မှအပ ဘယ်သူမှ လက်နက်မကိုင်ရဘူးတဲ့။ ကိုင်တဲ့လူရှိရင် ဒုက္ခရောက်မယ်တဲ့၊ အဲလိုသဘောရှိတယ်။

မေး။ ပလက်ဝမှာ AA က အရပ်သားဖမ်းဆီးမှုတွေလည်းရှိတယ်လို့ကြားရတယ် အဲဒီအခြေအနေကိုကော်ပြောပေးလို့ရမလား?

ဖြေ။ ကျွန်တော်ရွာမှာရှိတုန်း မေလမှာ ကျောင်းဖွင့်ဖို့လဲနီးပြီလေ ဆို‌တော့ ကျွန်တော်တို့ရွာ ကျောင်းဖွင့်မဲ့ကိစ္စ ဘယ်လိုရှိလဲ၊ ဖွင့်မလား မဖွင့်ဘူးလား ကိုယ်ထူကိုယ်ထဖွင့်ရမလားဆိုပြီးဆွေးနွေးတာရှိတယ်။ သူတို့က မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီမှာ ကျွန်တော်တို့နဲ့ တွေ့ဆုံမယ် ဆိုပြီး အကြောင်းပြန်တယ်၊ အဲတာနဲ့ ကျွန်တော်တို့က ကျောင်းဆရာ ၂ ယောက်၊ ရုံးဝန်ထမ်း ၁ ယောက်၊ ကျောင်းကော်မတီ ၈ ယောက်လောက် ရွာသားတစ်ယောက်အိမ်မှာစုတယ်၊ သူတို့က ၆ နာရီခွဲလဲ မရောက်ဘူး၊ ၇ နာရီခွဲလဲ မရောက်ဘူး၊ ၈ နာရီမထိုးခင်လောက်မှာ သူတို့ အယောက် ၂၀ လောက်ရှိတယ်ရောက်လာပါတယ်၊ ရောက်လာတဲ့အချိန်မှာ ကျောင်းဆရာ ၂ ယောက် အပါအဝင် ၄ ယောက်ကို ကျွန်တော်တို့ရှေ့မှာ တစ်ခါတည်း ဖမ်းသွားတယ်။ သူတို့ ပလက်ဝစခန်းမှာ ချုပ်ထားတယ်။ ချုပ်ပြီးတော့ ဩဂုတ်လ ၂၈ ရက်နေ့မှာ ရွာသား ၂ ယောက် ပြန်လွတ်လာပြီ၊ ကျောင်းဆရာ ၂ ယောက်တော့ အခုထိမလွတ်လာသေးပါဘူး။ ပြီးရင် ဒေါက်တာ‌အေးကျော်တို့ဆိုလဲ သူတို့ဖမ်းသွားတယ်။ ကျွန်တော်တို့ ပလက်ဝမြို့နယ်မှာ ဒီအတိုင်းဆိုရင်တော့ ဆက်နေလို့မရဘူး၊ ဘယ်လိုလုပ်ရမလဲ၊ ဘယ်ကိုသွားရမလဲ၊ ဘယ်လိုနေရမလဲ၊ အဲလိုသူတို့တအားစိုးရိမ်တာပေါ့။ တစ်ချို့အသက်အရွယ်ကြီးတဲ့လူဆိုရင်တော့ တစ်နေရာပြောင်းမယ်ဆို ရင်သူတို့မရဘူး။ အမျိုးမရှိတဲ့ မိသားစုတွေ၊ ဆင်းရဲသားတွေ၊ ဉပမာ ပြောရမယ်ဆိုရင် ငွေရေးကြေးရေးမတတ်နိုင်တဲ့ လူဆိုရင်တော့ တအားခံစားကြတယ်။

ကျွန်တော်တို့ရွာက ဘယ်လိုဖြစ်မလဲ၊ ဘယ်သူကကယ်မလဲ၊ အဲလို သူတို့ကကြောက်လွန်းတော့ တွေးတိုင်း သူတို့ငိုနေတယ်။ ပိုဆိုးတာက ကျွန်တော်တို့ ပလက်ဝမြို့နယ်က သတင်းမီဒီယာနဲ့ တအားဝေးတာကို၊ ဒီနေ့အဖြစ်အပျက်ကို မီဒီယာကို ပြောလို့မရဘူး။ ဖုန်းလိုင်းလဲ မရဘူး။ သူတို့ပြည်သူတွေကို အနိုင်ကျင့်တာက သတင်းမီဒီယာမရှိတဲ့ အချက်လဲပါတယ်။ သတင်းမီဒီယာတွေ တစ်ခါမှမရောက်ဘူး၊ ဖုန်းလိုင်းလဲ မရဘူးဆိုတော့ သူတို့လိုချင်သလို ပြည်သူကို အနိုင်ကျင့်တာပေါ့။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.