Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တောထဲသို့စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦး စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံး

တောထဲသို့စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦး စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံး

0
By Editor on April 21, 2024 Headline

စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တောထဲသို့အိုးအိမ်စွန့်ခွါထွက်ပြေးနေသော ကလေးမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးသည် စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ယနေ့မနက်ပိုင်းကသေဆုံးခဲ့သည်ဟု သိရသည်။

ကလေးမြို့မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့က ယောက်ချိုကွင်းကျေးရွာထဲဝင်ရောက် မီးရှို့မှုကြောင့်နေအိမ်အမြောက်အများမီးလောင်ခဲ့ရပြီး ဒေသခံပြည်သူများသည် တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ထိုကဲ့သို့ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေစဉ် ယောက်ချိုကွင်းကျေးရွာက အသက် ၆၇ နှစ်အရွယ် Pi Awi Khan Cing ခေါ် Pi Neu သည် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

Pi Neu ၏ ရုပ်အလောင်းကို တောထဲတွင် အကျဉ်းရုံးဖြင့်သဂြိုလ်ခဲ့ကြပြီး အခြေအနေတည်ငြိမ်းမှုရှိလာပြီးနောက်တွင် ခရစ်ယာန်ထုံးတမ်းစဉ်လာအရ ဈာပန အခမ်းအနားဖြင့် ပြန်လုပ်မည်ဟု သိရသည်။

ယခုလက်ရှိတွင် ကလေးမြို့မြောက်ပိုင်းတကျော ကလေး-လက်ပံချောင်းကားလမ်းမပေါ်နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ထိုးစစ်ဆင်နေပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေကာ ဒေသခံအမြောက်အများ တောတောင်တွေထဲစစ်ဘေးရှောင်နေကြရသည်။

ယနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်ကလည်း ပြည်တော်သာကျေးရွာသားတစ်ဦးသည် ရွာထဲသို့ ပစ္စည်းများသွားယူနေစဉ် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နှင့် ချင်းပြည်နယ်အစပ် မိုင်နွဲကျေးရွာကိုလည်း ယနေ့မနက်ပိုင်းက ဝင်ရောက်မီးရှို့ သွားပြီး ဖြစ်စဉ်အသေးစိတ်အခြေအနေကို မသိရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.