Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တော်လှန်ရေးကာလ ပညာရေးထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းမည်ဟု ချင်းပညာရေးဝန်ကြီးဌာန ထုတ်ပြန်
Ministry of Education - Government of Chinland

တော်လှန်ရေးကာလ ပညာရေးထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းမည်ဟု ချင်းပညာရေးဝန်ကြီးဌာန ထုတ်ပြန်

0
By Editor on March 28, 2024 Headline

(006SV)

ချင်းပြည်တွင် တော်လှန်ရေးကာလအတွင်း ပညာရေး ထိခိုက်နစ်နာဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ပြီး ချင်းပြည် ပညာရေးမူဝါဒ ကနေဦးမူကြမ်းကို ပထမအကြိမ် ပညာရေးအလုပ်ရုံးဆွေးနွေးပွဲက ရေးဆွဲအတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပထမဆုံးအကြိမ် ချင်းပြည် ပညာရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၁ ရက်မှ ၂၄ ရက်အထိ ချင်းလုံမြို့တွင် ချင်းပြည်သူများကိုယ်တိုင်က ဦးဆောင်ကျင်းပပြီးစီးခဲ့ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက မတ်လ ၂၇ ရက်က ထုတ်ပြန်သည်။

“ချင်းပြည်သမိုင်းတလျှောက်မှာ ကိုယ်ပိုင်ပြဌာန်းပြီး ကိုယ်တိုင်ရေးဆွဲတဲ့ ပညာရေးစနစ် မပေါ်ပေါက်ခဲ့ဖူးပဲ သူတပါး ရေးဆွဲ ပြဌာန်းပေးတဲ့ ပညာရေးစနစ်ကိုပဲ ကိုယ့်ချင်းပြည်နဲ့ လိုက်လျော ညီထွေမှု ရှိရှိ၊ မရှိရှိ လိုက်နာ အကောင်အထည် ဖော်ခဲ့ကြရ ပါတယ်။ ကျနော်တို့ ဆရာဆရာမတွေ၊ ကလေးတွေ၊ လူငယ်တွေကို အစွမ်းရှိရင် ရှိသလောက် တော်ခွင့်ပေးနိုင်မယ့် ပညာရေး ဘတ်ဂျတ်မျိုး နောင်တချိန်မှာ ဖန်တီးပံ့ပိုးနိုင်ဖို့ တော်လှန်ရေး အောင်နိုင်မှ ဖြစ်ပါမယ်။ အဆိပ်သင့်ပြီးသား ပညာရေးဝန်းကျင် မြေဆီလွှာကို စိုက်တိုင်း ဖြစ်ထွန်းနိုင်တဲ့ မြေဆီဩဇာဖြစ်အောင် လုပ်နိုင်ဖို့ ဒီတော်လှန်ရေး အောင်နိုင်မှ ဖြစ်ပါမယ်” ဟု ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး Salai Cross Thang က ပြောသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို ချင်းပြည်၊ မြို့နယ်နှင့် ဒေသအသီးသီးက ပညာရေးဌာန ကိုယ်စားလှယ်ပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ပြီး ချင်းပြည်ပညာရေးတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုမှု ရရှိခဲ့ကြောင်း ချင်းပြည် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပညာရေးမူဝါဒ ကနေဦးမူကြမ်း၊ ပညာရေးလုပ်ငန်း စီမံချက် နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ချင်းပြည် ပညာရေးစနစ်အတွက် ရေးဆွဲအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအလွန်ကာလအတွက်လည်း ချင်းပြည်ပညာရေးစနစ် အားကောင်းခိုင်မာလာစေရန် အစွမ်းကုန် အားထုတ်ကြိုးပမ်းသွားမည်ဟု သိရသည်။

ချင်းပြည်ပညာရေးဝန်ကြီးဌာနကို ပြည်တွင်း/ပြည်ပရှိ မိဘပြည်သူများအနေဖြင့် တတ်နိုင်သည့် နည်းလမ်းပေါင်းစုံသုံးပြီး ဝိုင်းဝန်းကူညီကြရန် ချင်းပြည်ပညာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။

ချင်းပြည်ပညာရေးဝန်ကြီးဌာနက ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် အကောင်အထည် ဖော်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ထို့အပြင် ပညာရေးအာမခံချက် ရှိစေရန်၊ ဖက်ဒရယ်ဒီမိုကရေစီပညာရေးနှင့် ကိုက်ညီသည့် ချင်းပြည် သင်ရိုးရေးဆွဲရန်၊ တော်လှန် ရေးတွင် ပါဝင်နေသည့် ကျောင်းသား/သူများ ဆက်လက်ပညာသင်ယူခွင့်ရရှိရန်နှင့် CDM ပညာရေးဝန်ထမ်းများ နစ်နာမှု မရှိစေဘဲ ဝန်ထမ်း ရပိုင်ခွင့် ရရှိစေရန် ရည်ရွယ်လုပ်ဆောင်မည်ဟု သိရသည်။

အလားတူ တော်လှန်ရေးကာလ ပညာရေးစေတနာ့ဝန်ထမ်းများကိုလည်း နစ်နာမှုမရှိစေရန်၊ အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် အဆင့်မြင်ပညာရေးအထိ သင်ယူခွင့်ရရှိစေရန် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.